Friday, May 29, 2015

Double Chocolate Cupcake




နေ့လယ်နေ့ခင်း ကော်ဖီချိန်အတွက်ဆိုရင်တော့ နူးညံ့ပြီး အရသာရှိလှတဲ့ နှစ်ထပ်ကွမ်းချောကလက်ကိတ်ကို ရွေးချယ်ချင်ပါတယ်။ လုပ်ရတာလွယ်ကူမြန်ဆန်ပြီး ချောကလက်မုန့်သားရယ် ချောကလက်ခရင်မ်ရယ်တွဲဖက်ညီလွန်းတာကြောင့် ချောကလက်ချစ်သူများ နှစ်သက်ကြမှာ အသေအချာအာမခံရဲပါတယ်။

ပါဝင်ပစ္စည်းများ
·         နို့မပါသော ကော်ဖီခါးတစ်ခွက် (  1 Cup)
·         ချောကလက် semi sweet - ၈၅ ဂရမ်
ကော်ဖီပူပူထဲကို ချောကလက်ထည့်ကာ ပျော်အောင်ထားကာ အအေးခံထားပါ။


  • ·         ကြက်ဥ ၂ လုံး
  • ·         Sunflower oil  0.5 cup
  • ·         Butter milk 1 cup
  • ·         ဗနီလာအနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ·         သကြား ၁ခွက်နဲ့ တစ်ဝက်
  • ·         Self raising flour – 1 ¾ Cup
  • ·         ကိုကိုးမှုန့် - 1 cup
  • ·         ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ·         ဆား အနည်းငယ်


ပြုလုပ်နည်း

  • ·         ဂျုံ၊ ကိုကိုးမှုန့်။ ဆိုဒါ များကို စကာစစ်ထားပါ
  • ·         ကြက်ဥကို ပွလာအောင် ခေါက်ပါ
  • ·         အရည်ပစ္စည်းများဖြစ်တဲ့ အအေးခံထားသော ကော်ဖီ၊ ချောကလက် အရော၊ ဆီ၊ နို့၊ ဗနီလာအနံ့ကို ရောမွှေထည့်ပါ။
  • ·         ထို့နောက် စကာစစ်ထာသေား ဂျုံအရောကို မွှေထည့်ပေးပါ။
  • ·         ရလာသော မုန့်နှစ်ကို ခွက်များထဲခွဲထည့်ကာ ၁၈၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် ၂၂ မိနစ်ခန့်ဖုတ်ပေးပါ။

 

ချောကလက်ခရင်မ်ပြုလုပ်နည်း

·         Whipping Cream 100 ဂရမ်
·         ထောပတ် ၂၀ ဂရမ်
·         ချောကလက် ၂၀၀ ဂရမ်

ပါဝင်ပစ္စည်းများအားလုံးကို ပျော်သွားအောင် မိုက်ခရိုဝေ့ဖ်နဲ့ အပူပေးပါ။ လုံးဝအေးသည်အထိ အအေးခံပြီးမှ မုန့်ပေါ်တွင်လိုသလို အလှဆင်ပါ။

No comments: