Tuesday, August 21, 2012

ပင်လယ်စာကြံဇံကော်ရည်


အားလုံးပဲမင်္ဂလာပါနော်။ ခရီးထွက်ရာကနေ ပြန်ရောက်ပြီမို့ ဟင်းချက်နည်းလေးတွေကို ပုံမှန်ပြန်တင်ပေးပါမယ်။ ဒီတစ်ခါခရီးက ၂ ပတ်ပေမယ့်လို့ လုပ်စရာရှိတဲ့ ကိစ္စလေးတွေကို တော်တော်လေးလုပ်လိုက်ရပါတယ်။ အချိန်အခက်အခဲကြောင့် တစ်ချို့တွေ့ချင်တဲ့ ညီအစ်မများနဲ့ မတွေ့လိုက်တာလေးတော့ စိတ်မကောင်းဖြစ်မိတယ်။ အရင်ကလူကိုယ်တိုင်ရင်းနှီးခဲ့ဖူးတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ကို တွေ့ဖို့သေသေချာချာအချိန်ပေးပြီး ချိန်းခဲ့ပြီးမှ တမင်တကာလုပ်တယ်လို့ ထင်ရလောက်အောင် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေမျိုးနဲ့ကို သူဖန်တီးခဲ့တာကြောင့် သွားတွေ့ဖို့ကြိုးစားမိခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတယ်။ တကယ်ဆို အဲဒီသူငယ်ချင်းနဲ့ မချိန်းဖြစ်ခဲ့ရင် အနည်းဆုံးတော့ကိုယ်တွေ့ချင်တဲ့သူ၂ ယောက်လောက်တော့ တွေ့ဖို့အချိန်ရမယ်လို့တွေးရင်း နောင်တကြီးစွာဖြစ်မိတယ်။ အဲဒီအကြောင်းလေးကိုတော့ သင်ခန်းစာအဖြစ် နောက်မှပဲထပ်ရေးတော့မယ်။ ခုလောလောဆယ်တော့ ဟင်းချက်နည်းသစ်လေးတွေမျှော်နေတဲ့သူတွေအတွက် ပင်လယ်စာကြံဇံကော်ရည်လေးနဲ့ မိတ်ဆက်ပေးပါရစေ (ဒီဟင်းလေးကလည်း စက်တင်ဘာလထုတ် FOOD Magazine မှာပါပါမယ်။ ခေါက်ဆွဲကြော်နည်း အသစ် ၃မျိုးထဲက တစ်မျိုးပေါ့။ ၀ယ်ယူအားပေးကြပါဦးနော်)

***********************************************************************

လုပ်နည်းလေးက အင်တာနက်ကနေရှာပြီး ပြန်လည်ပြုပြင်ထားတာပါ။ အရသာအရမ်းရှိပြီး စားလို့ကောင်းတဲ့ ပင်လယ်စာကြံဇံကော်ရည်လုပ်နည်းလေးကို ပြန်ပြီး ဝေမျှပေးလိုက်ပါတယ်။ 

ပါဝင်ပစ္စည်းများ(တစ်ယောက်စာ)

  • ဆန်ကြာဇံ ၁၀၀ ဂရမ် (ရေစိမ်ထားပါ)
  • ကြက်သားပြုပ်ပြီးသား အနည်းငယ်
  • မုန့်ညှင်းအနည်းငယ်
  • ဂေါ်ဖီ အနည်းငယ်
  • မုန်လာဥနီအနည်းငယ်
  • ပြည်ကြီးငါး အသေးတစ်ကောင် (သန့်စင်ပြီး လှီးထားပါ)
  • ပုဇွန် ၄ ကောင်
  • သကြား လက်ဖက်ရည် ဇွန်း ထက်ဝက်
  • ဆား လက်ဖက်ရည် ဇွန်း ထက်ဝက်
  • ငရုပ်ကောင်း အနည်းငယ်
  • ကြက်သား stock ၂၅၀ မီလီလီတာ
  • ကြက်ဥ ခေါက်ထားပြီးသား တစ်လုံး
  • ကြက်သွန်ဖြူ ၁မွှာ
  • ကြက်သွန်နီ ဥအသေးလေး ၁ ဥ 
  • ပြောင်းဖူးမှုန့် စားပွဲဇွန်းမောက်မောက် ၁ ဇွန်းကို ရေ ၂ ဇွန်းနဲ့ရောမွှေထားပေးပါ (ပြောင်းဖူးမှုန့်မရှိခဲ့ရင် ကော်မှုန့်အစားထိုးနိုင်ပါတယ်။ ဒါပေမယ့် ကော်မှုန့်က ပိုပျစ်တဲ့အတွက် အပျစ်အကျဲကိုတော့ ပြန်ချိန်ဆပေးရပါလိမ့်မယ်)




  • ချက်ပြုတ်နည်း

  1. ပထမဆုံး ရေစိမ်ထားတဲ့ ကြာဇံကို ဆီပူပူပေါ်မှာ (ဆီစားပွဲဇွန်း ၁ ဇွန်း) ကြက်ဥလေးတောက်ပြီး ကြော်ပေးပါ။ ၂ မိနစ်လောက်ကြော်ရင်ရပါပြီ။ ပြီးရင်ဖယ်ထားလိုက်ပါ
  2. နောက်ဆီစားပွဲဇွန်း ၁ ဇွန်ကို အပူပေးပြီး နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူနီကို ထည့်ကြော်ပေးပါ။
  3. အနံ့မွှေးတက်လာရင် ဂေါ်ဖီနဲ့ မုန်လာဥနီကိုထည့်ပေးပြီး ၁ မိနစ်လောက်ကြော်ပေးပါ။
  4. နောက် ကြက်ပြုတ်ရည်ကို ထည်ပေးပါ။ ကြက်ပြုတ်ရည်ဆူလာရင် ကြက်သား၊ ပုဇွန်၊ ပြည်ကြီးငါး၊ မုန်ညှင်း အားလုံးကိုထည့်မွှေပေးပါ ခဏတည်ပေးပြီးရင် ဆား၊သကြား နဲ့ ငရုပ်ကောင်းကို ဖြူးပေးပါ။
  5. ကြက်ဥကိုလည်းထည့်ပေးပြီး အသာအယာမွှေပေးပါ။ နောက်ဆုံးမှ အသင့်ပြင်ထားတဲ့ ကော်ရည်ကိုထည့်ပေးပါ။ ဆူလာရင်ရပါပြီ။
ပွဲပြင်ဖို့အတွက် ခုနကကြော်တားတဲ့ ကြာဇံကိုထည့်ပေးပြီး ချက်ထားတဲ့ဟင်းရည်ကိုဆမ်းပြီး ချက်ခြင်းသုံးဆောင်ပါ။

13 comments:

cho cho chit said...

မမ ရေ .. လုပ်စားကြည့်အုံးမယ် အပြင်မှာဘဲစားဘူးတယ်...ကျေးဇူးပါ မမ ရေ ..

mstint said...

ခရီးထွက်လို့ ပျောက်ချက်သားကောင်းနေတာကိုး။ ပင်လယ်စာကြာဇံကော်ရည်ချက်နည်းအတွက် ကျေးဇူးပါ။ သူငယ်ချင်းကြောင့်ကိုယ့်ကိုယ်ကို စိတ်ညစ်ခံပြီး နှိပ်စက်မနေပါနဲ့ Evy ရေ။ အရာရာဟာ သူ့သဘောသူဆောင်နေတယ်လို့သာ မှတ်လိုက်ပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

BabyAngle said...

ပင်လယ်စာ ကြာဇံကြော် ကို သားရေကျသွားပါတယ်အမ..

Anonymous said...

အားပေးသွားပါတယ် သီတာ

Aunty Oo said...

ကြာဇံကိုဘာလုပ်လုပ်ကြိုက်တယ်။Evyချက်ထားတာလေးကမြင်တာနဲ.တင်စားချင်စရာ။ပိတ်ရက်မှလုပ်စားကြည့်အုံးမယ်။ချက်နည်းအသစ်လေးတွက်ကျေးဇူးဘဲနော်။

Tuumar said...

သမီးရေ
ဟင်းရည်သောက်လေးဆိုအရမ်းကြိုက်တယ် ချက်ထားတာကလဲချစ်စရာလေးတွေမို့ အရမ်းသဘောကျနေတယ်

အန်တီမာ

Anonymous said...

Welcome back, Evy
It looks delicious :)
Thanks for ur recipe :D
PPS :)

Thamee Su said...

ကြိုက်တယ် အိရေ စားသွားပြီ

Unknown said...

tried it this evening, really good, thank you Evy

Unknown said...

i am making and eating it for three days now, so good!

Evy said...

Very glad to hear that. In fact, this dish is one of my fav dishes too..

Moh said...

အဆင့်တစ်မှာရေးထားတဲ့ ကြာဆံကို ကြက်ဥလေးတောက်ကြော်တယ်ဆိုတာ အဲ့ဒီအဆင့်မှာ ကြာဆံနဲ့ကြက်ဥရောကြော်လိုက်တာလားဟင်။ ကျေးဇူးပါနော်

Evy said...

ဟုတ်ပါတယ် ညီမရေ။ ကြက်ဥကို အကုန်မထည့်လိုက်ပဲ။ နည်းနည်းစီ ထည့်ပေးတာကို ပြောတာပါ။ မဟုတ်ရင် ကြာဇံတွေနဲ့ လုံးခဲသွားတတ်လို့လေ