မာဘယ်ကိတ်ကို
ပုံမှန်ထက်အလွှာများများ ဖြစ်တဲ့ပုံစံမျိုးလုပ်ကြရအောင်
၈လက်မx
၃.၅ လက်မ ကိတ်မုန့်တစ်လုံးစာ)
- သကြား ၁၄၀ ဂရမ်
- ထောပတ် ၁၀၀ ဂရမ် - အခန်းအပူချိန်ရောက်အောင် ထုတ်ထားပါ။
- နွားနို့် ၅၀ မီလီလီတာ
- ကြက်ဥ ၂လုံး
- ကိုကိုးမှုန့် စားပွဲဇွန်း ၂ ဇွန်း
- ဆီ စားပွဲဇွန်း ၁ဇွန်းခွဲ
မုန့်မဖုတ်ခင် ဂျုံနဲ့ ဘိတ်ကင် ပေါင်ဒါကို ရောမွှေဇကာချထားပါ။
ကိုကိုးမှုန့်နဲ့
ဆီကိုရောမွှေထားလိုက်ပါ။
ပြုလုပ်နည်း
ပြုလုပ်နည်း
- ပထမဆုံး သကြားနဲ့ ထောပတ်ကို ပွလာအောင် စက်နဲ့ သို့မဟုတ် မွှေတံလေးနဲ့ မွှေပေးပါ
- အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
- ခုနကဂျုံအရောကို ၃ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
- ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့တစ်ဝက်ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပြီး ကျန်တဲ့နွားကိုထည့်မွှေပြီး နောက်ဆုံးပိတ်ဂျုံကို ထည့်မွှေပေးပါ။
- ဂျုံမွှေလို့ပြီးလို့ မှုန့်နှစ်ရလာပြီဆိုရင် အဲဒီမုန့်နှစ် တစ်ဝက်ကို ကိုကိုးမှုန့်နဲ့ဆီရောထားတဲ့ ထဲကိုထည့်မွှေပေးပါ။ ဒါဆိုရင် ချောကလက်မုန့်နှစ်ရပြီး ပုံဖော်ဖို့ အသင့်ဖြစ်ပါပြီ
- ရလာသော မုန့်နှစ်များကို pipping bag တစ်ခုစီတွင်ထည့်ပါ။
- ၈လက်မအရှည် ၃.၅ လက်မအကျယ်ရှိတဲ့ ဗန်းလေးကို ထောပတ်သုတ်ပြီး ဆီစိမ်စက္ကူခင်းပေးထားပါ။
- မုန့်နှစ် အဖြူနဲ့ အညိုများကို ပုံပါအတိုင်း အဖြူတစ်လှည့် အညိုတစ်လှည့် ညှစ်ချပေးပါ။
- နောက်တစ်လွှာကိုလည်း ထိုအတိုင်းပြုလုပ်ပေးပါ။
- မုန့်နှစ်များ မကျန်တော့သည်အထိ ဆက်လုပ်ပါ။
- ပြီးမှ ၁၇၀ဒီဂရီ အပူပေးထားတဲ့ အာဗင်မှာ ၃၅ မိနစ်ခန့်ဖုတ်ပါ။
- မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ။
No comments:
Post a Comment