ဒီတစ်ခါတော့ဆွမ်းမွှေးနို့ပေါင်မုန့်လုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်။ ပေါင်မုန့်လုပ်နည်း တောင်းဆိုထားသူတွေ ကျေနပ်မယ်လို့ထင်ပါတယ်နော်။
ပေါင်မုန့်မလုပ်တာ နှစ်နဲ့ချီနေပြီဆိုတော့ နည်းနည်းလေးဂရုစိုက်ပြီး ပြန်လုပ်ရပါတယ်။ အချိန်ကုန်တာက စတဲ့အချိန်ကနေ ပြီးသွားတဲ့အထိ စုစုပေါင်း ၄ နာရီ ကြာပါတယ်။
နာရီဝက်လောက် လက်မောင်းတောင့်အောင် မုန့်နယ်ရပေမယ်လို့ ပေါင်မုန့်တစ်လုံး အောင်အောင်မြင်မြင်ပြီးသွားတာတော့ တန်ပါတယ်နော်။
ပြီးတော့ ကိုယ်တိုင်လုပ်တဲ့ ပေါင်မုန့်က ဆိုင်ကပေါင်မုန့်ထက်လတ်ဆတ်ပြီး အရသာပိုရှိပါတယ်။ ဘာယိုမှထပ်ထည့်စရာမလိုပဲ သူ့အတိုင်းချည်း စားရင်တောင်ကောင်းပါတယ်။
နောက်တစ်ခါလုပ်ရင်တော့ whole meal နဲ့လုပ်ဖြစ်မယ် ထင်တယ်။ အိမ်မှာက ဂျုံကြမ်းပေါင်မုန့်စားတာ အကျင့်ပါနေတော့ အဲဒါမှပိုပြီး အရသာလေးပင်တယ် ထင်လို့ပါ။
ဒီပေါင်မုန့်ကတော့ ပထမဆုံးပြန်စမ်းသပ်တဲ့ ပေါင်မုန့်မို့လို့ ရိုးရိုးဂျုံနဲ့ပဲလုပ်လိုက်ပါတယ်။ ဒါပေမယ့်လည်း အင်မတန်မှ အလှဆင်ချင်တဲ့ ကျွန်မဟာ ရိုးရိုးပလိန်းကြီး ဖြစ်နေမှာစိုးလို့ ဆွမ်းမွှေးအဆီလေးကို ရအောင်ထည့်လိုက်ပါသေးတယ်။ အဲဒီဆွမ်းမွှေးအနှစ်ကြောင့်ပဲ အနံ့မွှေးမွှေးလေးပိုဖြစ်သွားတာပါ။ တကယ်လို့များ ဆွမ်းမွှေးအနှစ်အလွယ်တကူ မရှိရင်လည်း ရိုးရိုးနို့ပေါင်မုန့်လုပ်ရင်လဲ ဖြစ်တယ်နော်။
လုပ်နည်းကတော့ ကျွန်မရဲ့ အရင်တည်းက မီငြမ်းနေကျဖြစ်တဲ့ Happy Home Baking ကလုပ်နည်းပါ။ ကိုယ့်ဘာသာကိုယ် နည်းနည်းလေးထပ်ပြင်လိုက်တာပဲ ကွာတာပါ။
ပါဝင်ပစ္စည်းများ
- ပေါင်မုန့်ဂျုံ ၂၅၀ ဂရမ်
- ကြက်ဥ ၃၅ ဂရမ်
- သကြား၄၀ ဂရမ်
- နို့ (သို့) နို့စိမ်း ၁၄၅ ဂရမ်
- ယိစ် ၅ ဂရမ်
- ဆား ၅ ဂရမ်
- ထောပတ် ၄၀ ဂရမ် (အခန်းအပူချိန်)
- ဆွမ်းမွှေးအနှစ် ၃ စက်ခန့်
လုပ်နည်းအဆင့်ဆင့်လေးကို ပုံနဲပြထားပေးပါတယ်
- ပထမဆုံး ဂျုံ၊ ယိစ်၊ သကြား၊ဆားအားလုံးကို ဇလုံတစ်ခုထဲ ထည့်မွှေပေးပါ။
- ပြီးရင် အလယ်မှာတွင်းလေးလိုလုပ်ပြီး ကြက်ဥထည့်ပေးပါ။ သမအောင်မွှေလိုက်ပါ။
- နောက် နို့ထည့်မွှေပြီး နယ်ပေးပါ။ အဲဒါတော်တော် စေးကပ်ကပ်ဖြစ်ပါတယ်။
- သမသွားပြီဆိုရင် (၅ မိနစ်လောက်ကြာရင်) ထောပတ် ကိုထည့်ပြီး နယ်ပေးပါ။
- နဲနဲလေး ချောသွားပြီဆိုရင် ဇလုံထဲကထုတ်ပြီး စားပွဲ (သို့)
သန့်ရှင်းအောင်လုပ်ထားတဲ့ မျက်နှာပြင်ပေါ်မှာ လက်ဖနောင့်ကို သုံးပြီးနယ်ပါ။ (
Knead လုပ်တယ်လို့ သုံးပါတယ်)
၂၅မိနစ်လာက် မုန့်သားချောပြီး မကပ်တဲ့အထိ နယ်ပေးရပါတယ်။ - အဲဒီနောက်မှာ မုန့်သားရမရကို window pane test လုပ်ပါ။ မုန့်သားအနည်းငယ်ကို လက်၂ ဖက်နဲ့ဆွဲဆန့်လိုက်ရင် မပေါက်မပြဲပဲ ပါးပါးလွှာလွှာပါလာရပါမယ်။ အဲဒါဆို အသင့်ဖြစ်ပါပြီ။
- ရလာတဲ့မုန့်သားကို အလုံးလေးလုပ်ပြီး ရေလေးနဲနဲတောက်ပြီး ဇလုံထဲမှာထည့် ပလတ်စတစ်နဲ့ အုပ်ထားပါ။ ၁ နာရီလောက်မုန့်သားပွအောင်ထားရပါတယ်။
- ၁ နာရီ ကြာတဲ့အခါ မုန့်သားကိုပြန်ထုတ်ပြီး နယ်ပေးပါ။ နောက် တစ်ဝက်ကို ခွဲပြီး ဆွမ်းမွှေးဆီထည့်နယ်ပေးပါ။ ရလာတဲ့မုန့်တွေကို ၁၀ မိနစ်လောက် ခဏထားပေးပါ။
- အဲဒီနောက်မှာတော့ မုန့်၂ခုကို ဒလိမ့်တုန်းနဲ့ ပြားပေးပြီး တစ်ခုနဲ့တစ်ခု ထပ်ပြီး လိပ်ပေးပါ။
- ဆီဆွတ်ထားတဲ့ မုန့်ဖုတ်ဗန်း (အိမ်ကဟာကတော့ ၉လက်မ * ၅ လက်မဗန်း) ထဲကိုထည့်ပေးပြီး ဗန်းနဲ့အတိဖြစ်အောင် ဖိပြားပေးပါ။
- အဲဒါပြီးရင် နောက်ထပ် နာရီဝက် လောက်ပွလာအောင် ထပ်ထားရပါတယ်။ ၂ ဆ ခွဲလောက်ပွတက်လာပြီဆိုရင် မုန့်ဖုတ်ဖို့အသင့်ဖြစ်ပါပြီ။
- ၁၇၀ ဒီဂရီ (ပန်ကာပါရင် ၁၆၀ )မှာ ၃၅ မိနစ်လောက် ဖုတ်ပေးရင်ရပါပြီ။
- wire rack ပေါ်မှာ အအေးခံပြီး ရင်သုံးဆောင်လို့ရပါပြီ။
16 comments:
ဒီလောက်..တော်တဲ့ အမမျိုး လိုချင်လိုက်တာ..
အမြဲအားပေးလို့ ကျေးဇူးချိုရေ။
ညီမရေ ကျေးဇူးအရမ်းတင်ပါတယ်နော် လုပ်ကြည့် ဦးမယ်. အမမှာတော့ ဆွမ်းမွှေးအနှစ်မရှိလို့  အစိမ်းရောင် နဲ့  ဘဲစမ်းရမှာ.
မအိချော
မုန့်အရောင်လေးကလည်း ချစ်ဖို့ကောင်းလိုက်တာ..
မုန့်ဖုတ်တဲ့သူကလည်း ချစ်ဖို့ကောင်းတာကိုး..း)
လုပ်နည်းလေးကြည့်သွားတယ်နော် အားတဲ့ရက်မှာစမ်းပြီးလုပ်ကြည့်အုံးမယ်
ကျေးဇူးနော်
လာလည်သွားတယ်နော်
မုန်းလုပ်နည်းလေးလဲကြည့်သွားပါတယ်
စားချင်လိုက်တာကွယ်
ပေါင်မုန့် လုပ်နည်းတောင်းဆိုထားတာ ကျနော်ပါအစ်မရယ် ကျေးဇူးတင်လိုက်တာနော် အတော်လှတဲ့မုန့် လေးပါပဲ.. ဂျုံက ပေါင်မုန့် ဂျုံသက်သက်ဝယ်ရမှာလား ..အခြားဂျုံနဲ့ လုပ်မိရင်ကော ဖြစ်ပါမလားအစ်မ
ရိုးရိုးဂျုံနဲ့လုပ်လည်း ဖြစ်ပါတယ်။ နဲနဲတော့ ပိုကြာကြာနယ်ရမယ်ထင်တယ်
အိရေ လာလည်ပြီး ပေါင်မုန့်စားသွားတယ်နော်
So beautiful ! Very professional !
အသစ်မတင်လည်းလာလာကြည့်နေကြနော်။
အမြဲသဘောကျနေတာ။
အိုင်အိုရာ
အိမ်ရောက်ရင်ကိုယ်တိုင်လုပ်ကြည့်လိုက်ဦးမယ်.........
ပေါင်မုန့်ကြိုက်တယ်။နည်းနည်းကျွေးဦးနော်..........
လာလည်သွားတယ်နော်
မုန်းလုပ်နည်းလေးလဲကြည့်သွားပါတယ်
စားချင်လိုက်တာကွယ်
Please, post how to make chinese steam bunပေါက်စီ,When I made color brown,not white how make white like lotus.
Pls let me try first. Will post the recipe once successful :-)
Post a Comment