ဒီတစ်ခါတော့ Cinnamon Roll လုပ်စားဖြစ်ပါတယ်. ဒီမုန့်လေးတွေကိုလုပ်စားချင်နေတာကြာပါပြီ. တနေ့ blog လျောက်လည်ရင်းနဲ့ ဒီမုန့်လုပ်နည်းကိုတွေ့တော့ အတော်ပျော်သွားပြီးစမ်းလုပ်ကြည့်လိုက်ပါတယ်.အရင်တုန်းကဒီမှာလည်း အဲလိုမုန့်မျိုးပဲ သီးသန့်ရောင်းတဲ့ဆိုင်ရှိပါတယ်။ သူကတော့ Cinnamon အပြင် Chocolate, Cheese, အသီးမျိုးစုံ ဆိုပြီး အမျိုးမျိုးရပါတယ်။ ခုတော့ အဲဒီဆိုင်လည်းမရှိတော့ပါဘူး။ တခါတလေ တော့ super market တွေမှာတွေ့ပေမယ့် သူ့ဆိုင်မှာရောင်းသလိုမျိုးတော့ အရသာမကောင်းပါဘူး။ ခုလုပ်စားကြည့်တော့ အရသာမဆိုးတာနဲ့ blog ပေါ်ကိုတင်လိုက်ပါတယ်။ အဲဒီဆိုင်ရဲ့လက်ရာကိုမမှီပေမယ်လို့ မဆိုးလှပါဘူး။
ပေါင်မုန့်အတွက် ပါဝင်တဲ့ပစ္စည်းတွေကတော့
1) 1/2 cup of milk
2)110 gram of butter
3) 1/2 cup of water
4)1 teaspoon of salt
5) 1 Egg and 2 Egg yolks
6)1/4 cup of sugar
7) 5 cup of flour
8) 2 1/2 teaspoon of instant yeast
ပထမဆုံး ထောပတ် နဲ့ နို့နဲ့ ကိုခွက် တစ်ခွက်ထဲ မှာထည့်ပြီး microwave မှာ အပူပေးပါ။ ၁ မိနစ်လောက်ဆို ရပါပြီ။ ပြီးရင် mixer ထဲကို ထည့်ပါ၊ အပေါ်က အစဉ်လိုက်ရေးထားတဲ့ ပစ္စည်းတွေကိုပါထည့်မွှေပါ။ ၅ မိနစ်လောက် မွှေပြီးရင်တော့ မုန့်နယ်လို့ရတဲ့ အနေကိုရောက်ပါပြီ။
မုန့်တွေကို ခပ်နာနာနယ်ပြီးရင် ၁၅ မိနစ်လောက်ခဏထားထားပါ။ မုန့်ထဲမှာထည့်မယ့် သကြား၊Cinnamon မှုန့်ကိုပြင်ရအောင်။ Brown sugar (1 cup) ကို သစ်ဂျပိုးမှုန့် ( Cinnamon -စားပွဲဇွန်းသုံးဇွန်း) နဲ့ရောမွှေပေးပါ။ ဒါဆို ရပါပြီ။
Cinnamon roll စလုပ်ပါမယ်။ ဂျုံကိုအပြားကြီးကြီး (လေးထောင့်) ရအောင် ဒလှိမ့်တုံးနဲ့လှိမ့်ပေးပါ။ ဒါမှမဟုတ်လက်နဲ့ တဖြည်းဖြည်းဖိရင်လည်းရပါတယ်။ ပြီးရင် သကြား+သစ်ဂျပိုးမှုန့်ကို ဂျုံပြားအပြည့်ဖြုးပေးပါ။ တဖြည်းဖြည်းစ လိပ်ပါ။ ရလာတဲ့ ဂျုံလိပ်ကို ၂ လက်မ အထူလိုက်လေးတွေလှီးပေးပါ။ ပြီးရင် မုန့်ဖုတ်မယ့်ဗန်းထဲထည့်ပြီးပွလာအောင် ၁ နာရီခွဲလောက်စောင့်ပါ။
၁၈၀ ဒီဂရီ နဲ့ မိနစ် ၂၀လောက်ဖုတ်ရင်ရပါပြီ။
No comments:
Post a Comment