Sunday, May 2, 2010

May day, day out and Vietnamese Noodle

မနေ့က အိမ်မှာဘာမှမချက်ပါ။ မနက်စာစားပြီး အိမ်ကထွက်လိုက်တာ နေ့လည် ၂နာရီမှ အိမ်ပြန်ရောက်လာပါတယ်။ အမှန်မှာတော့ မနက်အပြင် ထွက်ဖို့ အစီအစဉ်မရှိဘဲ ကိစ္စ တစ်ခုကြောင့်ထွက်ဖြစ်သွားတာပါ။ အိမ်ပြန်ရောက်တော့လည်း ခဏနားပြီး ပြန်ထွက်ကြပါတယ် (ဒီစနေ မုန့်ဖုတ်သင်တန်းနားပါတယ် ၊မေဒေးမို့လို့) ။ ညနေအပြင်သွားဖို့ကို လွန်ခဲ့တဲ့ ၂ရက်ကတည်းကစီစဉ်ထားပြီးသားမို့ပါ။ အရေးကြီးကိစ္စ လို့တော့မထင်ကြပါနဲ့။ ထုံးစံ အတိုင်း အစားအသောက်ကိစ္စ ပါဘဲ။ စီစဉ်ထားပြီးရင် သွားကိုသွားရမှဆိုတဲ့ ပေကတ်ကတ် အကျင့်က ၂ယောက်လုံးမှာရှိတာမို့ ညနေ ၆နာရီလောက်မှာ ၂ယောက်သား Holland Village ကိုချီတက်ကြပါတယ်။

နီးနီးနားနား ပါပဲ။ ၁ နာရီ ကျော်ကျော်လောက်ကိုသွားလိုက်ရပါတယ်။ ရောက်တော့လည်း ဟိုဆိုင်ကြည့် ဒီဆိုင်ကြည့် နဲ့ နောက်ဆုံး ဗီယက်နမ် ဆိုင်စားဖို့ သဘောတူညီချက် ရသွားပါတော့တယ်။ Singapore မှာပထမဦးဆုံးအကြိမ် စားဖူးချင်းပါ။ အရင် ဖေဖော်ဝါရီလ ခရီးထွက်တုန်းကတော့ တစ်ခါ သူငယ်ချင်းခေါ်သွားလို့စားဖူးပါတယ်။ အဲဒီတုန်းကတည်းက ကြိုက်သွားလို့ Singapore ပြန်ရောက်ရင် ရှာစားမယ်ဆိုတဲ့ အကြံရှိနှင့်ပြီးသားပါ။ ဒီလိုနဲ့ နှစ်ယောက်သား ခေါက်ဆွဲရယ် Appetizer ရယ်မှာကြပါတယ်။ portion က တော်တော်များပါတယ်။ စားလို့မဆိုးပါဘူး ကောင်းတယ်။ ဗမာပြည်က ရေစိမ်ခေါက်ဆွဲ ဆန်ဆန်ပါဘဲ။ ဈေးလည်းသင့်ပါတယ်။ ဆိုင်နာမည်က Pho Hoa ပါ။ ရှာရှာဖွေဖွေစားချင်သူများ ရှာရလွယ်အောင် နာမည်ပါ တင်ပေးလိုက်ပါတယ် ။ နောက်ဆိုရင်တော့ အိမ်မှာစမ်းလုပ်ကြည့်မလားလို့ (ဖြစ်မဖြစ်တော့မသိ)။

ဒါကကိုယ့်ပန်းကန် ။ Chicken Pho

ဒါကတော့သူ့ပန်းကန် အမဲသားအစုံနဲ့ ပွဲအကြီး


ခေါက်ဆွဲနဲ့ ထည့်စားဖို့ အချဉ်၊ ငရုပ်သီးနဲ့ အသီးအရွက်တွေ


ဒါကတော့ Appetizer , Vietnamese Style Chicken Satay။ အရသာမဆိုးဘူး။


ဒါကကိုယ့်ပန်းကန် အဆာပလာတွေထည့်ပြီး မစားခင်ပုံ

No comments: