Monday, December 27, 2010

အမဲသားလုံးနဲ့လုပ်ထားတဲ့ ဘာဂါ /Beef Ball Burger

ကဲ တစ်ခါ ပေါ်လာပြန်ပြီနော်။ အချိန်ရတုန်းလေး ကမန်းကတန်း ပို့စ်လေး တစ်ခုတင်လိုက်တာပါ။ နောင်လည်း ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပါဦးမယ် ၊ ဖေဖေါ်ဝါရီလ အထိပေါ့။ ကိတ်မုန့်ကတော့ လုံးဝမလုပ်ဖြစ်သေး ပေမယ့် မြန်မြန်လုပ်လို့ရတဲ့ ဟင်းတို့ မုန့်တို့တော့လုပ်ဖြစ်ပါတယ်။ လုပ်သမျှကိုလည်း ကြုံရင်ကြုံသလို ဓာတ်ပုံရိုက်ထားဖြစ်တယ်။ သေချာ ဘလော့ပြန်ရေးနိုင်တဲ့ အချိန်မှ လုပ်ထားသမျှတွေကို ရှယ်ပါ့မယ်။ ခုလောလောဆယ်တော့ အမဲသားလုံးပေါင်မုန့်နဲ့ပဲ ကျေနပ်ကြပါဦးနော်။

ဒါအမဲသားလုံးဟင်းချက်ပြီး လက်ကျန်၃ ၄လုံးကို ဘ၀ပြောင်းထားတဲ့ ညနေစာပါ။ Subway က အမဲသားလုံး ဘာဂါကို တုပြီးလိုက်လုပ်ထားတာ။ စားလို့တော့ တော်တော်ကောင်းပါတယ်။

လုပ်နည်း

  • အမဲသား ၂၅၀-၃၀၀ ဂရမ်
  • ကြက်သွန်နီ ၁ ဥ - သေးသေးလှီးထား
  • ဂျင်းမှုန့် စားပွဲဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ပေါင်မုန့်ခြောက် - စားပွဲဇွန်း၂ ဇွန်း
  • ဆား၊ ကြက်သားမှုန့် - သင့်သလို

အဲဒါတွေအားလုံးကို ရောနယ်ပြီး အလုံးသေးသေးလေးတွေလုံးထားလိုက်ပါ

အနှစ်အတွက်

  • ဆီ - စားပွဲဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၂ လုံး - သေးသေးလှီးထား
  • ဂျင်း၊ကြက်သွန်ဖြူ အနည်းငယ်- ညက်ညက်ထောင်းထား
  • ခရမ်းချဉ်သီး အနှစ် ၄ ဇွန်း
  • cheese အမှုန့် - စားပွဲဇွန်း ၁ ဇွန်း

ပထမဆုံး ဆီသတ် ပြီး ကြက်သွန်ဖြူ ၊ နီ၊ ဂျင်းကို ထည့်ပါ။ ကြက်သွန်တွေ နွမ်းသွားရင် အမဲသားလုံးတွေကိုထည့်၊ ၃ မိနစ်လောက်နေရင် ခရမ်းချဉ်သီး အနှစ်ကိုထည့်ပါ။ တအားပြစ်ရင် ရေနဲနဲထပ်ထည့်ပြီး မီးပေါ်မှာ ၅ မိနစ်လောက်ထားပေးပါ။ ချခါနီးရင် cheese အမှုန့်ထည့်မွှေပြီး ၁ မိနစ်နေရင် မီးပေါ်ကချလိုက်ပါ။


ဒါအမဲသားလုံးတွေချက်အပြီး

ပေါင်မုန့်ထဲထည့်ဖို့ ခရမ်းချဉ်သီး၊ ဆလပ်ရွက်ကို ရေဆေးပြီး လှီးထားပါ။ ပေါင်မုန့်အရှည်လေးတွေကို ခလယ်ကနေခြမ်းပြီး garlic spread သုတ်ပြီး oven မှာ ၅ မိနစ်လောက်ကင်ပေးပါ။ ပြီးရင် ဆလပ်ရွက်၊ ခရမ်းချဉ်သီး ခင်းပြီးမှ အမဲသားလုံးနဲ့ အနှစ်တွေကို တင်ပါ။ Mayonnaise ၊ Chili Sauce ဆမ်းပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ

Mayonnaise ၊ Chili Sauce ကအမဲသားလုံးနောက်မှာကွယ်နေတယ်

Feedback ကတော့ Subway ထက်ပိုကောင်းတယ်ဆိုပဲ :D ။ စိတ်ဝင်စားရင် စမ်းကြည့်နိုင်ပါတယ်။

6 comments:

rose said...

အမဲသားလုံး ဘာဂါ လုပ်နည်းလေး မှတ်သွားတယ် အစ်မ အိုင်ဗီရေ... ပြင်ထားပုံလေးက သပ်သပ်ရပ်ရပ်နဲ့ စားချင်စရာလေး.....။ အစ်မ လုပ်စရာ ရှိတာတွေ လုပ်ပြီး ကိတ်မုန့်ဖုတ်နည်းတွေ တင်နိုင်မယ့် အချိန်ကို စောင့်နေတယ်နော်။

Sunny said...

လုပ်စားကြည့်ပါဦးမယ်.. ဘာဂါ တစ်ခါမှ ကိုယ်တိုင်မလုပ်ဖူးဘူး.. :)

Baby taster said...

လုပ်စားကြည့်ရမယ်
စားကောင်းမဲ့ ပုံလေးနော်
Evy စားတော့ ကောင်းလားဟင်

Evy said...

ဟာကောင်းတာပေါ့ မမမြတ်ရယ် ဘာပြောကောင်းမလဲ :D ။

Shinlay said...

လာမြည်းသွားပါတယ်။

ငွေစန္ဒာ said...

ကောင်းပုံလေးနော်...
ကြက်သားနဲ့စမ်းကြည့်မယ်ကွယ်။
Evy လင့်လေးယူသွားပါတယ်နော်။