
ဟိုတလော ၃ရက်ဆက်တိုက်ပိတ်တာနဲ့ မုန်ညှင်းပေါင်းလေးလုပ်စားဖြစ်တယ်။ ဒါ မမိုးကောင်းသူရဲ့ ကျေးဇူးပေါ့။ သူ့ရဲ့လုပ်နည်းလေးနဲ့လုပ်တာ တော်တော့်ကို အဆင်ပြေပါတယ်။ ကျွန်မက မြန်မာပြည် အလည်ပိုင်းနီးပါးက လာတာမို့ မုန်ညှင်းပေါင်းတို့၊ ဟင်းထုပ်တို့ဆိုတာ အရင်က မြင်လည်း မမြင်ဖူး စားလည်းမစားဖူးပါဘူး။ ပဲပုတ်ကို ၂၀၀၈ ဒီဇင်ဘာကမှ စပြီးစားဖူးတယ်ဆိုရင် ယုံကြမလားတော့မသိဘူး။ ခေါပုတ်ဆိုတာကို ကြားဖူးပေမယ့် အရသာမသိသေးပါဘူး။ အမျိုးသားက ရှမ်းပြည်ဖက်က ဆိုတော့အဲဒါမျိုးတွေကို ကြိုက်မှကြိုက်။ ကြိုက်ပေမယ့်လည်း ကျွန်မက အဲဒါတွေနဲ့ အကျွမ်းတ၀င်မရှိလေတော့ သူ့ခမျာသိပ်စားဖို့ အခွင့်မရပါဘူး။ တစ်ခါတလေတော့လည်း ဘလော့တွေထဲက နည်းယူပြီး ချက်ကြည့်တယ်။ ဒါပေမယ့် သူ့စိတ်ကြိုက်တော့ ဖြစ်ဟန်မတူဘူး။ ဘာပဲဖြစ်ဖြစ် အလွမ်းပြေလောက်တော့ဖြစ်ပါတယ်။
ဒီမုန်ညှင်းပေါင်းကြတော့ သူသိပ်မကြိုက်ဘူး။ ဟင်းထုပ်ကို ပိုကြိုက်တယ်တဲ့။ ခက်တာက ဟင်းထုပ်က ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတာ။ လုပ်တိုင်းအမြဲလိုလို မာသွားလေ့ရှိလို့ လက်လျော့ချင်နေပြီ။ ဆီဘယ်လောက်များများ။ ရေဘယ်လောက်များများထည့်ထည့် မာတဲ့အချိန်အဆက နဲနဲလေးမှ မလျော့ဘူး။ မုန်ညှင်းပေါင်းကျတော့ထူးဆန်းတယ် အဲလိုမဖြစ်ဘူး။ သူလည်းဆန်မှုန့်အတော်ထည့်ရတာပါဘဲ။ ဒါပေမယ့် အဲဒီဆန်မှုန့်က ကျက်သွားရင်လဲမမာဘဲ နူးနူးညံ့ညံ့လေး။ ဘာဖြစ်လို့လဲတော့ မသိပါဘူး။
အဲဒါနဲ့ဘဲ တင်္နလာရုံးပိတ်ရက် အိမ်မှာတစ်ယောက်ထဲရှိတဲ့နေ့မှာ မုန်ညှင်းပေါင်းလုပ်ပြီး မနက်ည ထမင်းလွတ်စားလိုက်တယ်။ မုန်ညှင်းပေါင်းပူပူလေးကို ငရုပ်သီးဆီချက်စပ်စပ်လေးနဲ့စား။ ကော်ဖီလေးသောက်ပြီး စာအုပ်ဖတ်၊ TV ကြည့်ရတဲ့အရသာက ဘာနဲ့မှမတူဘူး။
လုပ်နည်းကို ပြန်ကူးပေးလိုက်ပါတယ်
- မုန်ညှင်း အသေးတစ်ထုတ်
- ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထား)
- ကြက်သွန်နီ ဥကြီး ၁ဥ (နုတ်နုတ်စဉ်းထား)
- ကြက်သွန်ဖြူ ၃မွှာ (နုတ်နုတ်စဉ်းထား)
- ငါးပိ လက်ဖက်ရည်ဇွန်းတစ်ဝက်သာသာလောက်
- ဆန်မှုန့် စားပွဲဇွန်း ၈ ဇွန်း
- ဆီစားပွဲဇွန်း ၂ဇွန်း
- ရေ ၆၀ မီလီလီတာ လောက်ရှိမယ်
- ဆား လက်ဖက်ရည် ဇွန်း ၁ဇွန်း
- ကြက်သားမှုန့်အနည်းငယ်
- ပုဇွန်ခြောက် (တကယ့်လုပ်နည်းမှာ အဲဒါမပါဘူး၊ ကိုယ့်ဘာသာကိုလျောက်ထည့်ထားတာ)
- ပဲပုတ်ထောင်းထားတာမရှိလို့မထည့်
လိုက်ရပါဘူး
အဲဒါတွေကို ဇလုံတစ်ခုထဲမှာထည့်ပြီး နယ်ပေးပါ။ ပြီးရင် အလူမီနီယံ ခွက်ထဲထည့်ပြီး နာရီဝက်ကြာအောင်ပေါင်းပေးပါ။ ပေါင်းနေတုန်းမှာ သူနဲ့တွဲစားဖို့ ငရုတ်သီးကိုပြင်လိုက်ပါတယ်။ ဆီကိုပူအောင်လုပ်ပြီး ငရုတ်သီးခွဲကြမ်းမှုန့်ထဲကိုလောင်းထည့်လိုက်ပြီး ဆားနဲနဲထည့်လိုက်တာပါဘဲ။ ဒါဆိုအဆင်သင့်ဖြစ်ပါပြီ
10 comments:
အစ်မနဲ့ ရို့စ် အတူတူပဲ.... ရှမ်းအစားအစာတွေ တခါမှ မစားဖူးဘူး။ မုန်ညှင်းပေါင်းလေးက စားကောင်းမယ့် ပုံပဲနော်။ လုပ်စားကြည့်ရမယ်။ ကိုယ်က ပာင်းသီးပာင်းရွက်ဆို ကြိုက်တာနဲ့ အတော်ပဲး)
အရမ်းကြိုက်ပေါ့
ခရမ်းချဉ်သီး ပန်းထွေဖျော်နဲ့ တွဲစားရလို့ကတော့
ကိုယ်တို့ဖက်မှာဆို မုံညှင်းဖူးတွေကိုပဲ
စည်းပြီး မုံညှင်းဖူးပေါင်း ရောင်းကြတယ်။ ခရမ်းချဉ်သီးထောင်းနဲ့ပေါ့။ ဟင်းထုပ်မဖြစ်တာက ဆန်မှုန့်ထက် အဆာပလာ နဲလို့နေမှာပါ။ ခေါပုတ်က
ကောက်ညှင်းဆန်မှုန့် ပေါင်းပြီးလုပ်လို့ရတယ်
တကယ့် ခေါပုတ်အတိုင်းပဲ။ ခြောက်အောင်လုပ်ပြီး သိမ်းထားလို့ရတယ် စားချင်တဲ့ အခါကြော်စားပေါ့။
Baby taster
မုန်ညင်းပေါင်းကတော့ အရမ်းကြိုက်.. ခရမ်းချဉ်သီးပန်ထွေဖျော်လေးနဲ့ မိုက်မှမိုက်.. :)
ဟိုတစ်ခါ ချန်းနီ တင်တာတွေ့ဖူးတယ်။ သူက ဟင်းထုတ်သဘောမျိုးပဲနော်။
ဟင်းထုတ်ကလေ အိမ်အောက်က အစ်မ လာလုပ်ပေးပြီးကထဲက ကိုယ့်ဟာကိုယ် မလုပ်ကြည့်ရသေးဘူး။ အဲဒီတုံးကလဲ သူလုပ်တဲ့ အတိုင်းရေးထားတာပဲ။ နောက်တစ်ခါ ထပ်လုပ်ကြည့်ဦးမယ်။ ဖြစ်ရင် ထပ်လာပြောပါ့မယ်။
ဟုတ် တီဆွိ၊ ဟင်းထုပ်လိုမျိုးပါဘဲ။ မဘေဘီကတော့ ဟင်းထုပ်မဖြစ်တာ အဆာပလာနဲလို့လို့ပြောတေယ်။ တီဆွိရေးထားသလိုမျိုး ကြက်သွန်မိတ်ကို မဟားတရားမထည့်မိလို့ဖြစ်ရမယ် :D နောက်ဆုံးအနေနဲ့စမ်းကြည့်လိုက်ပါဦးမယ်လေ။
မုန်ညှင်းပေါင်းကြိုက်၏။ မစားရသဖြင့်....ငိုချင်၏။
ဒီလို ဆောင်းရာသီဆို မုန့် ညှင်းပေါင်း ပူပူလေးစားရတာ အရမ်းကောင်းတယ်နော်... ကလေးဘက်မှာဆို မနက်ခင်းစာ အနေနဲ့ တောင် ဆိုင်တွေမှာ ရောင်းတာ မြင်ဘူးတယ်။
Evy ရေ
အသစ်တင်ထားတာ ဟုတ်ဖူးလာ
မမြင်ရဘူးနော် နေကောင်းရဲ့လား
Sis,
i already tried this two times :)
like it very much.
healthy food :)
thanks for sharing :D
sis!! can i cook it in oven??
Post a Comment