Thursday, January 20, 2011

သီချင်းမိတ်ဆက်- မျှော်လင့်တုန်းပဲ


MusicPlaylistView Profile
Create a playlist at MixPod.com

                                                courtesy of google image
ဒါသီချင်းမိတ်ဆက်လေးပါ။ ကျွန်မညီမ အငယ်ဆုံးဟာ အနုပညာနဲ့ပတ်သက်ရင်အတော် ၀ါသနာပါတယ်လို့ပြောလို့ရပါတယ်။ ကျောင်းပွဲတွေမှာလဲ နှစ်တိုင်းနီးပါးကလေ့ရှိတယ်။ တစ်ခါတစ်လေ အပြင်က ပွဲကြီးတွေမှာလဲ ပါလေ့ရှိတယ်။ ပြီးခဲ့တဲ့နှစ်က နှင်းဆီရင်ခွင်မှာလည်း အကူအညီတောင်းလို့ သွားကလိုက်သေးတယ် ။အဲဒီလိုမျိုးဆိုရင် ကျွန်မကတော့ အမြဲပွဲကြည့်ပရိတ်သတ်ပါဘဲ။ သူလိုတာ နည်းနည်း (နောက်က အ၀တ်လိုက်ခေါက်တာတို့ဘာတို့ ) လိုက်လုပ်ပေးလေ့ရှိတယ်။ ဒါတောင်မှ တစ်ခါတစ်လေမှလုပ်နိုင်တာပါ။  သူက အကအပြင် သီချင်းတွေဘာတွေလဲ စိတ်ဝင်စားတယ် ။ သူက သူကိုယ်တိုင် သီချင်းရေး သံစဉ်တွေရှာလေ့ရှိတယ်။ (ကျွန်မကတော့ သီချင်းတောင် သိပ်ဖြောင့်အောင်မဆိုနိုင်ဘူး။ ) သူက အဆိုတော်ဖြစ်ချင်တာ။

အဲဒါနဲ့ သူရန်ကုန်ခဏပြန်တိုင်းမှာ အချိန်ရရင် ရသလို သီချင်း တွေကို တီးဝိုင်းနဲ့အသံ သွင်းလေ့ရှိပါတယ်။ ခုတင်ထားတာက နောက်ဆုံးတစ်ပုဒ်ပါ။ သီချင်းနာမည်က မျှော်လင့်တုန်းပဲတဲ့ ။ (မနေ့ကတည်းက တင်မလို့ကြိုးစားတာ မရတာနဲ့ ဒီနေ့မှ တင်ဖြစ်သွားတယ် ) နားထောင်ကြည့်ကြပေးပါဦး :-)

6 comments:

rose of sharon said...

အသံအေးအေးလေးနဲ့ နားထောင်လို့ကောင်းတယ် :)

Anonymous said...

Evy .........
ကောင်းတယ် သီချင်းဆို ဒီလို အေးအေးလေးတွေပိုကြိုက်တယ်


Baby taster

rose said...

အစ်မအိုင်ဗီရဲ့ ညီမ အသံလေးက ကောင်းလိုက်တာ အေးအေးလေးနဲ့ ။ အဆိုတော် လုပ်မှာလားပာင်။ အောင်မြင်ပါစေ။ သီချင်းလေး ကြိုက်တယ်။ ရို့စ်လည်း သီချင်းဆိုတာ ၀ါသနာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့တည်းက ရို့စ် ဘလော့ဂ်မှာ ရို့စ် ဆိုထားတဲ့ သီချင်းလေး တင်ထားသေးတယ်။

Evy said...

အားလုံးကျေးဇူးနော် :-)

leomark said...

အားပေးသွားပါတယ်ခင်ဗျာ။

Bakericious said...

Evy Wish you and your family a Happy Lunar New Year, Gong Xi Fa Cai!