Thursday, February 17, 2011

အချိုပွဲ

 
 
ဒါတွေက တရုပ်စာ အချိုပွဲတွေလို့ပြောလို့ရပါတယ်။ အရင်တုန်းက ဒါမျိုးတွေမကြိုက်တတ်ဘူး။ မတွေ့ဖူးတာလဲပါတယ် ၊ ဗမာပြည်အလယ်ပိုင်းမှာ ဒါမျိုးဘယ်ရှိပါ့မလဲနော်။ ကျွန်မအမျိုးသားကတော့ တရုပ်စပ်ပြီး ရှမ်းပြည်နယ်က ဆိုတော့ဒီလို အချိုပွဲမျိုးတွေဟာ သူ့အတွက်တော့ အထူးအဆန်းမဟုတ်ပါဘူး။ ဒါတွေစားတတ်လာတာ သူ့ကြောင့်ဆိုရင်လည်မမှားပါဘူး။ ကျွန်မက ဒီမှာသာအနေကြာတာ အဲလိုဖြူနေတဲ့အစားအသောက်ဆို မတို့ရေးချမတို့ (အဲလိုညဉ် မကောင်းတာ၊ မစားဖူးတဲ့အစားဆိုရင် စမ်းစားဖို့ကို အင်မတန်မှဝန်လေးတာ။ တစ်ခါတစ်လေ အရောင်ကြည့်ရုံနဲ့မစားတာမျိုးတွေလည်း ခဏခဏ- ခုတော့အဲဒါတွေပျေက်သလောက်ဖြစ်နေပါပြီ ) ခုလည်း သူအတင်းကျွေးလို့စားရင်း နဲ့ကြိုက်သွားတာ အခုကိုယ်တိုင် ရှာဖွေလုပ်တဲ့အဆင့်အထိပါဘဲ။
 
ဒါကတော့ Tofu-fa လို့ဒီမှာခေါ်ကြတယ်။ ပဲနို့ခဲကို ထန်းလျက်အရည်နဲ့ တွဲစားတာ။ လိုချင်တဲ့ အနေအထားရောက်ဖို့ ၂ ခါ ၃ခါလုပ်လိုက်ရတယ်။ NTUC မှလည်း ရှိပါတယ်။ ဒါပေမယ့် ထုံးစံ အတိုင်း ကိုယ်တိုင်လုပ်ရမှ ကျေနပ်တာမို့ internet ထဲက လုပ်နည်းရှာပြီး စမ်းလုပ်လိုက်ပါတယ်။ လုပ်နည်းကအတော့်ကိုလွယ်ပြီး အရသာကလည်းမဆိုးဘူးလို့ပြောလို့ရတယ်။ ပဲနို့ကတော့ ဆိုင်ကဟာပဲဝယ်တာပါ။ ဆိုင်ကဆိုတော့ ထုံးစံအတိုင်း အထားခံအောင် ဟိုရောဒီရောပေါ့။ ပဲနို့အစစ်နဲ့လုပ်နိုင်ရင် ပိုကောင်းပါတယ်။ အလုပ်ရှုပ်မခံချင်တာနဲ့ပဲ ဆိုင်ကပဲနို့တစ်ဗူးဆွဲပြီး စမ်းကြည့်လိုက်ပါတယ်။
 
ပဲနို့ ၂ခွက် (၁ခွက်= ၂၅၀ မီလီလီတာ)
Gelatin - 3 teaspoon
 
Gelatin ကို ရေ ထမင်းစားဇွန်းနဲ့ ၃ ဇွန်းနဲ့ရောဖျော်ထား။ ပွလာအောင်စောင့်ပါ။ ပဲနို့ကို ဆူအောင်တည်၊ ဆူရင်မီးပိတ်ပြီး Gelatinဖျော်ထားတာကို သမအောင်ရောမွှေ။ ဆီသုတ်ထားတဲ့ခွက်တွေထဲထည့်ပြီး အအေးခံ (ရေခဲသေတ္တာ ထဲမှာ)ပါ။ စားခါနီး ထန်းလျက်ရည်ကို ကျဲကျဲလေးဖျော်ပြီး ပဲနို့ခဲပေါ်ကို လောင်းထည့်ပြီးစားပါ။

 
 
နောက်တစ်မျိုးက ဘာလီစေ့ကိုနို့၊ သကြားထည့်ပြီး ကျိုတာပါ။ ကျန်းမာရေးနဲ့ညီညွှတ်တယ် ပြောတာပါဘဲ။ ဒီအနေရောက်အောင် အတော်တော့ ကျိုလိုက်ရတယ်။ အနည်းဆုံး ၃ နာရီလောက်တော့ ရှိမယ် ထင်တာပဲ။

8 comments:

စူးနွယ်လေး said...

တိုဖူးနောင်းနဲ့တူတယ်နော်
ဟိုတုန်းကတော့မကြိုက်ဘူး
ခုတော့ ကြိုက်မယ်ထင်တယ်

Shinlay said...

ကျေးဇူးပါပဲ ။ Tofu day လုပ်မလားလို့ စဉ်းစား
နေတာ။ အချိုပွဲအခုတော့ အကြံရသွားပြီ။
လုပ်တော့မယ်။

Baby taster said...

ကြိုက်တယ်
တိုဖူးနောင်းလို့ မြန်မာမှာခေါ်တယ်ထင်တယ်
ဒီမှာ ဗီယက်နာမ် ဆိုင်တွေမှာရတယ်

Shinlay said...

ညီမရေ..ဒီနေ့ လုပ်ကြည့်ပါတယ်။
အဆင်ပြေပါတယ်။ Thomas ကတော့ မကြိုက်ဘူး။
ကျမပဲ ၂ယောက်စာ ကိုတထိုင်ထဲ စားလိုက်ပါတယ်။
ကျေးဇူးပါနော်။

Evy said...

ဦးသောမတ်စ်က မကြိုက်ဘူးလား။ ဟုတ်တယ် တချို့လည်းမကြိုက်ကြဘူး။

Anonymous said...

geltain ဆိုတာ ဘာကိုပြောတာလဲ. ... ကျေးဇူးပြုပြီး....

Evy said...

Gelatin ဆိုတာ ခဲစေသောဓာတ်ကူပစ္စည်းပါ။ Jelly ဖြစ်အောင်လုပ်ပေးတဲ့ အဆီခဲလေးတွေပါ။ ငါး၊နွား အဆီကတဆင့် လုပ်ကြပါတယ်။ စတိုးဆိုင်တွေမှာ မုန့်ဖုတ်ပစ္စည်းရောင်းတဲ့နေရာမှာ တွေ့ရလေ့ရှိပါတယ်။ http://en.wikipedia.org/wiki/Gelatin ။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သိချင်ရင် အဲဒီလင့်မှာဖတ်လိုက်ပါနော်

toolay said...

thank you for your post