မုန့်တွေမတွေ့တာကြာလို့ မုန့်မျှော်နေသူများအတွက် cream puff မုန့်လုပ်ပြီး တင်လိုက်ပါတယ်။ ဒါကို Profiteroleလို့လည်း ခေါ်ကြပါတယ်။ ပြောရမယ်ဆိုရင် အသံတောင်သေချာမထွက်တတ်ဘူး။ Cream Puff (သို့) Eclair နဲ့ဆင်တဲ့ မုန့်လို့ပဲ သိထားတာ။ Internet မှာရှာကြည့်လိုက်တာ အဲဒီလို ထွက်လာလို့ အဲဒီနာမည်ကူးရေးပေးလိုက်တာ။ လုပ်နည်းက Rachel Allen ရဲ့ မုန့်လုပ်နည်း အစီအစဉ်က ကူးထားတာပါ။ အဲဒီလိုမုန့်မျိုးကို မရှင်လေးဆီမှာလဲ တစ်ခါက တွေ့လိုက်ဖူးပါတယ်။ အရမ်းလွယ်ပြီး စားလို့ကောင်းလို့ လုပ်သမျှပထမတစ်ဗန်း ချက်ခြင်းကုန်ပါလေရောလား။ အလယ်ကထည့်တဲ့ Custard က မအီပဲ တော်တော်စားလို့ကောင်းပါတယ်။ နောက်ခဏခဏလုပ်ဖြစ်မှာမြင်ယောင်နေပါတယ်။ပါဝင်ပစ္စည်းများ
- ကြက်ဥ ၂ လုံး
- ဂျုံ ၇၅ ဂရမ်
- သကြား စားပွဲဇွန်း ၁ဇွန်း
- ရေ ၁၂၅ ဂရမ်
- ထောပတ် ၄၅ ဂရမ်
- ပထမဆုံး ဂျုံကို စကာချပြီး သကြားနဲ့ရောမွှေထားပါ။
- ရေနဲ့ ထောပတ်ကို ရောပြီး ဆူအောင်တည်ပါ။ ဆူပြီဆိုတာနဲ့ ခုနက ဂျုံ၊သကြားအရောကို လောင်းထည့်ပြီး သမအောင်မွှေပါ။ ပြီးရင် ၅ မိနစ်ခန့် အအေးခံပါ
- အေးသွားပြီဆိုရင် ကြက်ဥကို ၁ လုံးစီရောမွှေပေးပါ။ တစ်လုံးသမအောင်မွှေပြီးမှ နောက်တစ်လုံးထည့်ပါ။
- ပြီးရင် ဗန်းပေါ်မှာ pipe နဲ့ ပုံစံအသေးလေးတွေသွင်းပြီး ၁၉၀ ဒီဂရီမှာ ၁၀မိနစ်ဖုတ်ပါ။ နောက် အပူချိန်ကို ၁၇၀ဒီဂရီလျော့ချပြီး ၁၃ မိနစ်ဖုတ်ပေးပါ။ Oven ထဲက ထုတ် အပေါက်ကလေးတွေ ဖောက်ပြီး ၂ မိနစ်လောက် ၁၇၀ ဒီဂရီမှာ ထပ်ဖုတ်ပေးပါ။ ဒါဆိုရပါပြီ။
အအေးခံနေတုန်း Custard ကိုလုပ်ပါမယ်
custard power - ၁ဇွန်း
သကြား ၁ ဇွန်းခွဲ
နို့ ၂၅၀ မီလီလီတာ
သကြားနဲ့ custard power ကိုရောလိုက်ပါ။ ပြီးရင် နို့ ၁ဇွန်းထည့်မွှေပေးပါ။ ကျန်တဲ့ နို့တွေကို မီးပေါ်မှာဆူကာနည်းအထိတည်ပေးပါ။ နောက် ခုနက သကြား၊ custard power၊ နို့ရောထားတဲ့ အထဲထည့်မွှေပေးပါ။ ပြီးရင် မီးပေါ်ပြန်တင်ပြီး ဆူအောင်ကြိုပေးပါ။ အဆက်မပြတ်မွှေပေးရပါမယ်။ ပျစ်လာပြီဆို မီးပေါ်က ချပြီး အအေးခံပါ။ မြန်မြန်ရချင်လို့ ရေခဲသေတ္တာထဲ ထည့်လိုက်ပါတယ်။ custard အေးသွားရင် မုန့်လေးတွေထဲ ထည့်လို့ရပါပြီ။ ဒါဆိုရင် စားဖို့အသင့်ဖြစ်ပါပြီ :-)

3 comments:
မမြင်ခင်က မမျှော်ဘူး. မြင်ပြီးမှ မျော်ရတာ အဟင့်
kom
စားလို့ ကောင်းတဲ့မုန့် ပါ။ ကြိုက်ပါတယ်။
အီကလဲယားကို သိပ်ကြိုက်သူမို့ ဒီမုန့်ကိုလည်းကြိုက်မှာ သေချာတယ်.. စားဖို့ထက် ချစ်စရာလေးတော်
ဟိဟိ မုန့်တွေ မလုပ်တတ်သူမို့ ငမ်းသွားတယ်နော်
နီးရင် လာလည်ပြီး တောင်းစားပါတယ်.. အားမနာတမ်းလေး)
Post a Comment