ဆီပူအောင်တည်ပြီး ဂျင်း၊ကြက်သွန်ဖြူ ကြိတ်ထားတာကို ဆီသတ်ပါ။ ဟင်းခတ်အမွှေးအကြိုင်များ (နာနတ်ပွင့်၊ ဇီယာ၊ သစ်ဂျပိုးခေါက်၊ လေးညှင်း) ကိုပါထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်ဖြူ၊ ဂျင်း အညိုရောင်နဲနဲသန်းစပြုရင် ငရုပ်သီးမှုန့်၊ ဆနွင်း၊ အချိုမှုန့် ထည့်ပေးပါ။ ပြီးရင် အမဲသားနှပ်ထားတာကို ထည့်ပြီး ၃ မိနစ်လောက်ကြော်ပေးပါ။ ပြီးရင် ကြက်သွန်နီလှီးထားတာကိုရောမွှေပြီး အသားမြုပ်ရုံရေထည့်ပြီး ပေါင်းအိုးထဲပြောင်းပေးပါ။ နာရီဝက်ဆိုရင် ရပါပြီ။ ဟင်းအိုးချကာနီး ပဲငံပျာရည် အကြည်တစ်ဇွန်းလောက်ထည့်မွှေပေးပါတယ်။ ပြီးရင် ဟင်းခတ်မဆာလာ ထည့်ပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ။
အမဲသားနဲ့လိုက်အောင် သီးစုံကုလားဟင်းပါချက်လိုက်တယ်။ ပဲကို သပ်သပ်နူးအောင်တည်ထားပါတယ်။ အသီးအနှံတွေကို အရင်ဆီသတ်ပြီးမှ ပဲနဲ့ရော၊ ရေထည့်ပြီး နူးအောင်တည်ပါတယ်။ အာလူးနူးပြီဆိုမှ ဆား၊ မန်ကျည်းသီးအနှစ်နဲနဲထည့်ပါတယ်။ ဆူရင်ရပါပြီ
5 comments:
ဒီနေ့အိမ်မှာလည်း အမဲနှပ်တယ်
ကုလားဟင်းလေး စားချင်တယ်
စူးနွယ်လေး
Evyလေး သရေ လာကျတယ်း)
နေမကောင်းဘူးလေ ဒါကြောင့်
မလာဖြစ်ရင် နားလည်းပေးပါ
Baby taster
ပဲဟင်းနဲ့အမဲသားနှပ်လိုက်မှလိုက်...
သိပ်ကြိုက်..
အမဲသားကို ရေဆေး၊ အတုံးသေးသေးတုံးပြီး ဂျင်း၊ဆား၊သကြားနဲနဲ နဲ့ ဒိန်ချဉ် စားပွဲဇွန်း၁ ဇွန်းထည့်ပြီး ညကတည်းက နှပ်ထားပါတယ်။
'''''''''''''''''''''''''''''''''''''''''''''
ဆက်မဖတ်ချင်တော့ပါဘူ။
ဗိုက်စာလာပြီ။ Green split peas နှင့်ဆို
အဝါရောင်ပဲ ထက်ပိုကောင်းတယ် ပြောကြတယ်။
သရေကျတယ် .. စားချင်လိုက်တား)
♫
Post a Comment