Wednesday, May 4, 2011

Strawberry Cheese Cake

 
 
ခုတစ်လော ဒီမှာ ပိတ်ရက်တွေများနေပါတယ်။ မေဒေးနေ့ ကစနေမို့လို့ တစ်ရက်အစားပြန်ပိတ်ပေးတာရယ် ၊သူတို့ရွေးကောက်ပွဲ မေ-၇ ရက်နေ့ စနေနေ့မှာကျလို့ တစ်ရက်အစားပြန်ပိတ်ပေးမှာရယ်၊ ပြီးတော့ ကဆုန်ညောင်ရေသွန်းပွဲ ပိတ်မှာရယ် နဲ့ ၃ ပတ်ဆက်တိုက် ၄ရက်ပဲအလုပ်လုပ်ရမှာမို့ အထူးပျော်နေတာပါ။ ခုလောလောဆယ်တော့ ပထမ မေဒေး တစ်ပတ်ပြီးသွားပါပြီ။ ၃ ရက်သာပိတ်တာ ခဏလေးလိုပါဘဲ။ လုပ်စရာတွေတော့ တော်တော်များများပြီးသွားတယ်လို့ ပြောလို့ရပါတယ်။
 
နောက်တစ်ခုက ခရီးသွားတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီး ဓာတ်ပုံတွေဖလှယ်၊ အစားအသောက်တွေ ဖလှယ်ကြပါတယ်။ စားစရာတော်တော်များများ လုပ်ဖြစ်ပါတယ် (ဓာတ်ပုံတော့ အကုန်မရိုက်လိုက်ရဘူး)။ လုပ်စားပြီးသားတွေများပါတယ် ။ ကြက်ကင်၊ တရုပ်ကောက်ညှင်းထုပ်၊ ချိစ်ကိတ် နဲ့ ရှမ်းအစားအစာခေါက်ဆွဲတစ်မျိုးပါ။ အစားငမ်းနေတာနဲ့ ချိစ်ကိတ်တစ်မျိုးပဲ ရိုက်နိုင်လိုက်ပါတယ်။ ရှမ်းအစားအစာက အဲဒီသူငယ်ချင်းလုပ်တာပါ (အဲဒီ အစ်မက ရှမ်းစာတွေလုပ်တာတော်ကြောင်း ကျွန်မအရင်တုန်းကပြောဖူး မယ်ထင်ပါတယ် ၊ခေါက်ဆွဲ အရမ်းစားကောင်းတယ် အသီးအရွက်တွေနဲ့ ချဉ်စပ်လေး) ။ အဲဒါနဲ့ လိုက်အောင် အချိုပွဲ ကို ချိစ်ကိတ်လုပ်လိုက်တာပါ။ အရင်ကနည်း အတိုင်းပါဘဲ။ ဒီတစ်ခါတော့ အပြောင်းအလဲ ဖြစ်အောင် ဘလူးဘယ်ရီ အစား စတော်ဘယ်ရီပဲ ထည့်လိုက်တယ်။

နောက်ဆုံး လုပ်ချင်ဆုံးအရာတစ်ခုကို မလုပ်လိုက်ရဘူး။ အဲဒါကတော့ မနော်ဖော (Rose of Sharon) နဲ့ မတွေ့လိုက်ရတာပါ။ စလုံးရောက်လာတဲ့ခဏလေးမှာ အစ်မက သတိတရဖုန်းဆက်ရှာပါတယ်။ Weekdays တွေဖြစ်နေတာရော ကျွန်မက မအားတာနဲ့ပါ ဖုန်းနဲ့နှူတ်ဆက်ပြီးပဲ ကျေနပ်လိုက်ရတယ်။  ဒါပေမယ့် မနော်က အရမ်းနားလည်မှုရှိပါတယ် ၊ ခင်စရာည်းသိပ်ကောင်းမှန်း စကားပြောရုံနဲတင် သိသာပါတယ်။ နောက်တစ်ခေါက် ကျရင်တော့ ဖြစ်အောင်တွေ့ကြမယ်လို့တိုင်ပင်ထားပါတယ်။

ကဲခုတော့ ချိစ်ကိတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ လုပ်နည်းသိချင်ရင် ဒီကို သွားကြည့်လိုက်ပါနော်။

  ဒါနောက်ဆုံးပုံ

 ပထမဆုံး ဘီစကစ်တွေကို ချေပြီး base လုပ်၊ ပြီးရင် စတော်ဘယ်ရီသီးခင်း

 ဒီလိုအပြည့်ခင်း
 ပြီးမှ ချိစ်ကိတ်လုပ်မယ့် မုန့်နှစ်လောင်းထည့်

မုန့်ဖုတ်ဖို့အသင့်ဖြစ်ပြီ
မုန့်ကျက်ပြီ

စားလို့ရပါပြီ

9 comments:

Anonymous said...

သွားရည်ယိုသွားတယ်
ချိစ်ကိတ်တော့ကြိုက်တယ်

စူးနွယ်လေး

Baby taster said...

မုန့်နဲ့ ကိုယ်နဲ့မတည့်ဘူးသိလာ
ဘယ်တော့မှ ဖြစ်ဖြစ်မြောက်မြောက်ကို မရှိဘူး
ဒီကပဲ တဖဲ့နိုက်သွားတယ်ကွယ် :)

rose said...

sis Evy, chesse cake look very deilcious. Really want to eat one slice. Your baking inspire me to bake :)

Iora said...

ချိစ်ကိတ်ကြိုက်လို့ ခဏခဏလက်တဲ့စမ်းဖြစ်ပါတယ်။ ဒီဘလော့ကိုသဘောကျလို့ ကိုယ့်ဘလော့မလုပ်ဖြစ်ခင်ကတည်းကပုံမှန်လာဖတ်ပါတယ်။ မေးစရာလေးတွေတောင်တေးထားသေးတယ်။
လင့်လေးချိတ်ပါရစေနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အပါးပါး

အနားနားမှာသာရှိလို့ကတော့ နည်းနည်းကျွေးပါဆိုပြီး လာစားတယ် တကယ်.. ဟဲဟဲ
မြန်မာချင်းချင်းဆို မခေါ်လဲ စားလို့ရတယ်မဟုတ်လားဟင်
ကိတ်တွေကို စိတ်ဝင်စားပေမဲ့ တစ်ခါမှ ကိုယ်တိုင် မလုပ်ဖူးသေးဘူး
တစ်ရက်တော့ စမ်းကြည့်ပါဦးမယ်
အဲခါကျ တို့လက်ရာ လာမြည်းနော်း)

တီချမ်း said...

လာလည်တာ ကျေးဇူးပါ
နောက်မှ မုန့် လုပ်တာတွေ လာကြည့်မယ်
ခုတော့ လစ်ပြီ

မုန့် လုပ်ရတာလဲ ကြိုက်တယ်

Evy said...

စူးနွယ် => ကိုယ်က ကိတ်မှန်သမျှကြိုက်နေတာခက်တယ်။ အဲဒါ ၀ဆေး :D

မမဘေဘီ => ကြိုက်သလောက်သာစား၊

ရို့စ် => စမ်းကြည့်၊ ကြိုက်မှာပါ

Iora => လာလည်လို့ကျေးဇူးနော်။ သိသမျှဖြေပေးပါ့မယ်။ ဒါပေမယ့် ကိုယ်ကလည်း အရမ်းအကျွမ်းကျင်ကြီးတော့ မဟုတ်ပါဘူး


ချောရေ စားလို့ရတာပေါ့။ ကိုယ်တိုင်လုပ်ဖြစ်တဲ့အခါလည်း လာစားဦးမှာ

တီချမ်း လာလည်တာကျေးဇူးနော်။ တီချမ်းရဲ့ဟင်းတွေကို သရေယိုတာကြာပြီ

Unknown said...

အမရေ

အမမုန့်ဖုတ်ထားတာတွေကို အမြဲဝင်ဖတ်တယ် စိတ်လည်းဝင်စားတယ် ကြည့်ရတာ စားချင်စရာတွေ. အမကို တခုလောက်မေးချင်လို့ မုန့်ဖုတ်တာ စိတ်ဝင်စားတော့ ဘယ်မှာသင်တန်းတက်ရမှန်းမသိဘူး။ အမသိရင်ပြောပြပါလား

မေလေး

Evy said...

ညီမရေ လာလည်တာကျေးဇူးတင်ပါတယ်။ အစ်မတက်တဲ့ သင်တန်းကို ဒီwebsite ထဲမှာကြည့်လိုက်ပါနော် => www.bitc.com.sg သူတို့ဆီမှာသင်တန်းအမျိုးမျိုးရှိပါတယ်။