Sunday, June 5, 2011

ကြက်ကင်

  အိမ်မှာ ဧည့်သည်ရောက်ရင် အမြဲလုပ်ဖြစ်တာက ကြက်ကင်ပါ။ ၂ ယောက်ထဲကျတော့လည်း သိပ်လုပ်မစားဖြစ်သလောက်ပါဘဲ။ တချို့ ကင်နည်းတွေကရေကိုခြောက်အောင်သုတ်ပြီး ဆား၊ olive oil လောက်နဲ့နယ်ပြီး ကင်ကြတယ်။ အဲလိုကင်ရင် အရသာသိပ်မရှိဘူးထင်လို့ အိမ်မှာတော့ အစုံပလုံ (ထည့်ချင်ရာ) ထည့်ပြီးကင်ပါတယ် :D . ကိုယ့်ဘာသာကိုယ်ကင်တော့လည်း ကြိုက်သလိုစမ်းသပ်လို့ရတာပေါ့။ ငရုပ်သီးမှုန့်တောင်ပါသေးတယ်။ အရောင်တက်အောင် ရဲရဲလေးကင်ပါလို့ တောင်းဆိုချက်အရ ထည့်ရတာပါ။ မထည့်လည်း ဘာမှတော့ မဖြစ်ပါဘူး။ ၁ နာရီလောက်ကင်ပြီးရင်တော့ နူးမြေ့ပြီး အရသာရှိတဲ့ ကြက်ကင်ရပါပြီ။ ကြိုက်တတ်ရင်တော့ ကင်ခါနီးမှာ ခရမ်းချဉ်သီး၊ အာလူး လှီးထည့်ပြီးကင်ပါ။

စမ်းနိုင်အောင်လုပ်နည်းရေးပေးလိုက်ပါတယ်။


အိမ်မှာကင်တဲ့နည်း

  • ကြက်ကိုသန့်စင်ထားပြီးခက်ရင်းနဲ့ အပေါက်ကလေးတွေဖောက်ထားလိုက်ပါ
  • ကြက်သွန်နီတစ်လုံးကိုညက်အောင်ကြိတ်ပြီး ခရုဆီ၊ ပဲငံပျာရည် အကြည်၊ ငရုပ်သီးအရောင်တင်၊ ကြက်သားမှုန့်၊ ငရုပ်ကောင်း၊ ဆား နဲသမအောင်မွှေထားပါ။
  • ပြီးရင် ကြက်သားထဲစိမ့်ဝင်အောင် သေချာနယ်ပါ (အဲဒါကို ၁ ညရေခဲသေတ္တာထဲမှာထားတယ်၊ အရသာပိုဝင်အောင်)
  • ကင်ခါနီးမှာ olive oil နဲ့သုတ်၊ dry rosemary ဖြူးပြီး ၁၈၀ ဒီဂရီ မှာ ၁ နာရီကင်ပေးပါ။
  • ကင်ရင်းနဲ့ ၃၀ မိနစ်ကြာရင်  တစ်ဖက်ကိုလှန်ပေးပြီး ဆက်ကင်ပေးပါ။
  • ဒါဆိုရပါပြီ

5 comments:

Shinlay said...

နောက်တခါဧည့်သည်လာရင်လုပ်ကျွေးမယ်။

Baby taster said...

အို့အို စားချင်တယ် ကြက်စင်သားကင်စားကြတယ်
ဒီမှာတော့ ဒါနဲ့ ငရုတ်ဆီခွက်လေး စိတ်ဝင်စားတယ်နော် သိလာ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြက်အကောင်လိုက်ကြည့်ပြီး သွားရေအတောင့်လိုက်ကျမိတယ်
တကယ်ပြောတာ တစ်ယောက်တည်း စားရင်တောင် တစ်ကောင်လုံး ကုန်မလားဘဲ ဟီး

Snow said...

စားချင်စရာလေး အစ်မ။ ဒီနည်းနဲ့ စမ်းလုပ်ကြည့်ဦးမယ်။

khin oo may said...

စိတ်ဝင်စားစရာဘဲ အားကျတယ်။