Wednesday, June 22, 2011

Oatmeal Chocolate Cookies



 ဒီတစ်ခါတော့ ကွတ်ကီးအလှည့်ရောက်ပါပြီ။ ကွတ်ကီး မလုပ်ဖြစ်တာ တော်တော့်ကိုကြာနေပြီ။ ၆လနီးပါးလောက်တောင် ရှိမလားပဲ။ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ လုပ်စားစရာတွေများတာကတစ်ကြောင်း၊ မအားတာကလည်းတစ်ကြောင်းနဲ့ သူ့အလှည့်ကို မရောက်တော့တာ။ မနေ့ကတော့ ကွတ်ကီးလုပ်ဖို့ စိတ်ပါလာတာနဲ့ ကမန်းကတမ်းထလုပ်ထားလိုက်တာ ။ မုန့်လုပ်တာကလည်း အဲလိုစိတ်ပါတုန်းလုပ်မှ ။ တစ်ခါတစ်လေများဆို မုန့်လုပ်ဖို့ပြင်နေပြီးမှ မလုပ်ချင်ဖြစ်တာမျိုးတွေလည်း မနည်းတော့ဘူး။ အဲဒါနဲ့ဘဲ ည၁၀ကျော်ကြီး မုန့်လုပ်ဖြစ်သွားတာပါပဲ။


အရင်တုန်းကတော့ ကွတ်ကီး အကြွပ်ဘဲလုပ်ဖြစ်တယ်၊ အခုတော့ အပျော့ကိုစမ်းထားတယ်။ အိမ်မှာ Oat meal ကလည်း တစ်ပုံးကြီးရှိနေတာနဲ့ အဲဒါတွေ မပျက်ခင်အသုံးချလိုက်ရတယ်။ အဲဒီတော့ Oat meal chocolate cookie ပေါ့လေ။ ညမိုးချုပ်တော့ သိပ်နောက်မကျချင်တာနဲ့ ၂ ဗန်းပဲ ခွဲလုပ်လိုက်တာ ကွတ်ကီးတွေက oversize တွေကိုဖြစ်လို့။ အိမ်က ပရိတ်သတ်ကတော့ အဲဒီအကြီးကြီးတွေထဲမှ အကြီးဆုံးကိုရွေးစားပြီး သဘောတွေကျနေတော့တာပဲ။
 
 
လုပ်နည်း
 
  • Sunflower Oil - 110 g
  • Castor Sugar - 110g
  • 1 Egg
  • 1 tsp of vanilla extract


 
ဒါတွေအားလုံးကို သမအောင်ရောမွှေထားပါ။
 
  • 1/2 tsp of baking soda
  • 1/2 tsp of salt
  • Oatmeal - 130g
  • All purpose flour - 90g
  • Cocoa powder - 1 Tbsp
 
ဂျုံနဲ့ ကိုကိုးမှုန့်ကို စကာချ ပြီး ကျန်တဲ့ dry ingredients တွေအားလုံးနဲ့ရောမွှေထားပါ။ ပြီးရင် အဲဒါတွေအားလုံးကို ခုနက ဆီ၊ သကြား၊ ကြက်ဥရောထားတဲ့အထဲ ထည့်ပြီးသမအောင်မွှေလိုက်ပါ။ နောက်ဆုံးမှ ချောကလက် chip လေးတွေကိုရောမွှေပေးပါ။ ပမာဏကတော့ ကိုယ်ကြိုက်သလောက်ထည့်ပေါ့နော်။ များများကြိုက်ရင် များများ။ အချိုမကြိုက်ရင်တော့ မထည့်လဲ ဖြစ်ပါတယ်။
 
မုန့်နှစ်တွေကို ဇွန်းတစ်ဇွန်းမောက်မောက်လောက်နဲယူပြီး ဗန်းပေါ်မှာချ။ တစ်ခုနဲ့တစ်ခု အနဲဆုံး ၁ လက်မခွဲလောက်တော့ ကွာအောင်ချပေးပြီး နဲနဲပြန့်ပြန့်လေးဖြစ်အောင် ဖြန့်ပေးပါတယ်။ အဲဒါတွေကို ၁၇၀ဒီဂရီ အာဗင်မှာ ၁၇မိနစ်လောက်ဖုတ်ရင်ရပါပြီ။ နဲနဲမာမာလေးစားချင်ရင်တော့ ၂၅ မိနစ်လောက်ဖုတ်နိုင်ပါတယ်။ ဒီတစ်ခါ အပျော့ဆိုတော့ ၁၇ မိနစ်မှာတင်ရပ်လိုက်တယ်။  ကွတ်ကီး ၁၀ခု (အကြီးစားကြီးတွေ) လောက်တော့ရပါတယ်။

အဲမှာသာကြည့် အဲဒီကွတ်ကီးတွေဘယ်လောက်ကြီးနေလဲဆိုတာ ။ အဲဒီပန်းကန်က ၈လက်မအချင်းလောက်ရှိမယ်။ မုန့်တွေက မရှိဘူးဆိုရင် တစ်ခုတစ်ခုကို ၄" လောက်တော့ရှိမယ် :D

မုန့်ထဲမှာ ချောကလက်လေးတွေပျော်နေတာ တွေ့လား။ အပြင်ကကွတ်ကီးသဘာဝအတိုင်း နဲနဲမာပြီး အထဲမှာ ပျော့ပျော့လေးနဲ့ စားလို့တော့် တော်တော်ကောင်းပါတယ်။

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ခုတည်းစားရင် ဗိုက်ဝမဲ့ ကွတ်ကီးပေါ့
ကောင်းတယ် များများစားစရာမလိုတော့ဘူးး)

ချော(အစိမ်းရောင်လွင်ပြင်) said...

စားကောင်းမဲ့ပုံလေးပါ တကယ်စားချင်တယ်

Baby taster said...

Evyလေး ချောကလက်လေးတွေ ပျော်နေတာ တွေ့တယ်နော် :Pသိလာ
တော်လိုက်တာနော် အမဆို ဘာလုပ်လုပ်
အဆင်ကိုမပြေတာ သိလား

စူးနွယ်လေး said...

သည်လိုကွတ်ကီးမျိုးဆို သူကြိုက်တယ်။ တခါမှတော့ ကိုယ်တိုင်မလုပ်ဖြစ်သေးပါဘူး။

Iora said...

လာတုန်းက ဒီကိုလာတာ။ ဒါပေမဲ့ ဘတ်တာကွတ်ကီလေးကို သိပ်ချစ်လို့ အဲဒါကို အရင်သွားကြည့်ပြီးမှ ဒါပြန်လာဖတ်တာ။
အချိန်ရရင်တော့ အကုန် လျှောက်စမ်းချင်တယ်။း)

Mrs. Bagel said...

wow .. အကြီးကြီးတွေပဲ။ အနည်းဆုံးတော့ လေးငါးကိုက် ကိုက်ရမယ်။