ဒီတစ်ခါတော့ တကယ်မုန့်ကျွေးပါပြီ။ ခဏခဏလုပ်စားဖြစ်တဲ့ ချိစ်ကိတ်ပါ။ ဘလော့ကို လာလည်ဖူးသူတွေအတွက်တော့ ရိုးနေမှာအမှန်ပါဘဲ။ ခုမှရောက်တဲ့ သူတွေအတွက်တော့ အသစ်ပေါ့နော်။ ဒါအမေတို့လာလို့ ကြုံတုန်းလုပ်ကျွေးထားသော (တီချမ်းစကားငှားပြောရရင် ကြွားထားသော) ကိတ်ပါ :D :D ။ လုပ်နည်းကတော့ ဒီလင့် မှာပါနော် ။ အဲဒီကိတ်ကို ကြီးဒေါ်ကြီး လာတုန်းကလည်း လုပ်ကျွေးလိုက်သေးတယ်။ ခုမှပဲ ၂ ခါစာပုံတွေပေါင်းတင်လိုက်ပါတယ်။
မုန့်အအေးခံတုန်း
အရသာကတော့ ကိတ်ထဲရောက်သွားရင် သိပ်မကွာတော့ပါဘူး။
8 comments:
Cheese cake ရို့စ်လည်း နှစ်သက်လို့ bake လုပ်ဖူးပေမယ့် လူကို ၀စေတော့ ခပ်၀၀ ရို့စ်လည်း သိပ်မစားရဲဘူး...။ အစ်မအိုင်ဗီ လုပ်ထားတဲ့ ကိတ်လေးက ချစ်စရာလေး၊ စားချင်စရာလေး။
ကိုယ်လည်း ချိစ်ကိတ်ခဏခဏလုပ်စားဖြစ်တယ်။ လွယ်လို့ ။ ဒါပေမဲ့ အက်ဗီ့ လိုတော့ လှတပတ အသီးတွေမပါဘူး။ စားတော့မှ ထဲ့စားတယ်။ အက်ဗီ လုပ်တာမှန်သမျှ လှနေတာဘဲ။ သိပ်သဘောကျတယ်။
evy လုပ်တဲ့မုန်.တိုင်းအမြင်နဲ.တင်စားချင်စဖွယ်ဖြစ်နေပြီ၊
တကယ်စားရင်တော့ဆွေမျိုးမေ့သွားမယ်နဲ.တူတယ်။
ချိစ်ကိတ်သိတ်ကြိုက်တယ်။အသက်ကြောင့်သာလျော့
နေရတာ။
ကိတ်မုန့်ကို ဘယ်လိုကြိုက်မှန်းမသိဘူး
တအားကြိုက်
ဒါပေမဲ့ တစ်ခါမှ မဖုတ်စားဖူးဘူးရယ်
ဘလော့က မုန့်ဖုတ်သူတွေကို သိပ်အားကျတာဘဲ
တစ်ရက်ရက်တော့ ဖြစ်အောင်ကြိုးစားပါဦးမယ်း)
လေ့လာမှတ်သားသွားပါတယ်ဗျာ။
Cheese Cake သိပ်ကြိုက်ပါတယ်...
ဝမှာတွေ ဘာတွေ မတွေးမိပဲ အမြဲစားဖြစ်တယ်... အခု Evy ဆီမှာ လုပ်နည်းလာကြည့်ရင်း Link ပါ တခါတည်း ယူသွားပါတယ်... ကျေးဇူးး))
The whole family love to have both cheese cake and brownie.I often make brownie.You didn't serve me that cake:(....May be next time:P
Gyidaw
ချိစ်ကိတ်က အရမ်းကြိုက်လို့ လုပ်ဖို့ ကြိုးစားလိုက်ဦးမယ်..aluminum foil နဲ့ အောက်ခြေကိုလုံအောင်ပတ်ခိုင်းတာက baking pan ရဲ့ အတွင်းကိုပတ်ရမှာလား အပြင်ကို ပတ်ရမှာလား မသိဘူး..baking နဲ့ စိမ်းတော့ သိပ်နားမလည်ဘူးဖြစ်နေလို့ပါ..
Post a Comment