မွေးနေ့ဆုတောင်းပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးပဲ တင်ပါတယ်နော်။ ခုတော့ ဘလော့မွေးနေ့ အတွက်ရည်ရွယ်ပြီး လုပ်တဲ့မုန့်ပုံလေးတွေနဲ့ လုပ်နည်းလေးတွေတင်ပါ့မယ်။ ဒီတစ်ခါမှာလည်း မွှေစက်သုံးစရာမလိုတဲ့ ကိတ်မုန့်နည်းမို့ ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ အဲ တစ်ခုတော့ရှိတယ်။ အပေါ်မှာသုံးထားတဲ့ ခရင်မ်ကတော့ မွှေစက်နဲ့မွှေမှရမယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ အသင့်လုပ်ပြီးသား whipped cream ဘူးတွေကိုဝယ်သုံးရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။
ဒီတစ်ခါတော့ နဲနဲလှလှလေးလုပ်ချင်တာနဲ့ ခရင်ပုံဖော်တာကို နှင်းဆီပွင့်ပုံဖေါ်တာနဲ့ စမ်းကြည့်လိုက်တာ မဆိုးဘူး။ ပြီးမှ ခရင်မ်နှင်းဆီပန်းတွေကို ပန်းရောင်ဆေးလေးတွေဖြန်းလိုက်တော့ လှသွားလို့ ကိုယ့်ဘာသာကိုယ် တော်တော်သဘောကျသွားပါတယ် (မှတ်ချက် - ဓာတ်ပုံရော မုန့်ပါ ကိုယ်တိုင်လုပ် ကိုယ်တိုင်ရိုက်နော် )
လုပ်နည်းလေးကြည့်ကြရအောင်
ပါဝင်ပစ္စည်းများ
- ဂျုံ - 1 Cup
- သကြား - 0.75 Cup
- မုန်လာဥနီ ကြိတ်ပြီးသား - 0.8 Cup
- ဆီ - 0.35 Cup
- နွားနို့ - 0.25 Cup
- ကြက်ဥ - ၁ လုံးခွဲ
- သစ်ဂျပိုးမှုန့် လက်ဖက်ရည် ဇွန်းတစ်ဝက်
- ဗနီလာအနံ့အနည်းငယ်
- ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည် ဇွန်းတစ်ဝက်
- ဆားအနည်းငယ်
- ပထဆုံး ဂျုံ၊ ဘိတ်ကင်ပေါင်ဒါကိုစကာချထားပါ
- ဒုတိယအဆင့်အနေနဲ့ သကြား ၊ဆား၊ကြက်ဥ၊ဆီ၊ နို့နဲ့ ဗနီလာကိုရောမွှေထားပေးပါ
- ပြီးရင် ခြစ်ထားတဲ့ မုန်လာဥိကုထည့်ပေးပြီး နောက်ဆုံးမှ ဂျုံထည့်ပေးပါ
- အားလုံးသမသွားသွားပြီဆိုရင် ၆လက်မဗန်းထဲထည့်ပြီး ၁၇၀ ဒီဂရီ အာဗင်မှာ ၃၅ မိနစ်ခန့်ဖုတ်ပါ။
- မုန့်ရပြီဆိုရင် လုံးဝအအေးခံပြီး မှခရင်ဖုံးပြီး သုံးဆောင်ပါ။
- ဒါဆိုရင်တော့ လွယ်ကူမြန်ဆန်တဲ့ မုန့်လာဥနီမုန့် အသင့်ဖြစ်ပါပြီ
လုပ်နည်းလေး လွယ်တယ်မဟုတ်လား။ စမ်းကြည့်ကြနော်။ ကြိုက်မှာပါ
14 comments:
မုန့်လုပ်နည်းလေးကတော့လွယ်ပါတယ်အမရယ်.. ဒါပေမဲ့ နှင်းဆီပန်းပုံလှလှလေးဖြစ်ဖို့ မလွယ်ပါဘူးအမ :P စမ်းလုပ်ကြည့်လို့ အောင်မြင်ရင် ပြောမယ်နော်အမ..
လုပ်နည်းလေးက လွယ်တယ်နော် မမ .. ဒါပေမဲ့.. အပေါ်က ခရင်လုပ်ဖို့ တော့မလွယ်ဘူးနော်... မမ လုပ်တဲံ ကိတ်တွေကြည့်ပြီး အားကျတယ်..
အပြင်သွားခါနိးစဲစဲကို မခွဲနိုင်မခွာရက် အွန်လိုင်းတက်တော့ Evy ရဲ့ မုန်လာဥနီးကိတ်နဲ့တိုးသွားတယ် နည်းလေးမှတ်သွားပြီ ကျေးဇူးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သမီးလုပ်ထားတဲ့မုံလာဥကိတ်လေး စားချင်တယ်သမီးရေ
လုပ်နည်းလေးမှတ်ထားပြီး မီးမီးလေးအားမှလုပ်ခိုင်းကြည့်အုံးမယ်
တီမာကတော့ လုပ်တတ်ဘူးရယ် :)
စားဘဲစားတတ်တယ် :)
နည်းလေးရလို့ကျေးဇူးဘဲနော်
အစ်မရေ၊ ရန်ကုန်ရောက်တုန်း facebook မဝင်ဖြစ်တာနဲ့ မွေးနေ့ လွတ်သွားတယ်။ Happy Belated Birthday ပါ အစ်မ။ ညီမရဲ့ အဒေါ်ကတော့ အစ်မရဲ့ စာတွေ ဖတ်ပြီး မုန့်တွေ ဖုတ်နေလေရဲ့။ :D
နှင်းဆီပွင့်ပုံဖော်နည်းကို နောက်တစ်ပို့စ်မှာရေးပေးမယ်လို့ စဉ်းစားထားတယ် ချိုနဲ့ ဘေဘီရေ။
အမြဲအားပေးလို့ ကျေးဇူးပါတီတင့်နဲ့တီမာ
ဆုတောင်းအတွက်ကျေးဇူးတင်ပါတယ် မြတ်ကြည်ရေ။ မြတ်ကြည်ရဲ့အဒေါ်မုန့်တွေ အဆင်ပြေမယ်လို့ထင်ပါတယ်
တော်လိုက်တာ
လှလည်းလှကောင်းလည်းကောင်းလေးကို
တကယ်စားကြည့်ချင်တယ် Evy ရယ်။
အိုင်အိုရာ
လုပ်နည်းကတော့လွယ်တယ်။ ဒါပေမဲ့ မလုပ်တတ်တာခက်တယ်။
Clever girl.....
"Happy Birthday"', Evy
Cake eat thwar par tal :D
PPS :)
အိရေ တော်လိုက်တာ
I can not thank you adequately for the posts on your web site. I know you'd put a lot of time and effort into them and hope you know how much I appreciate it. I hope I'll do exactly the same for someone else at some point.
Thank you so much for your sweet compliments. It really make me keep going...
Post a Comment