ပြင်ဆင်ရတာလွယ်ကူပြီး
အရသာရှိတဲ့ ဟင်းပွဲတစ်မျိုးကတော့ အမဲသားလုံးကြော်ပါ။ နုတ်နုတ်စဉ်းထားသော အမဲသားကို
နံနံပင် ၊ကြက်သွန်၊ဖြူ၊ နီ။ ချင်းများထည့်ထားတာကြောင့် အနံ့လည်း မွှေးကြိုင်လှပါတယ်။
ပျားရည်ပါဝင်တဲ့ ဆော့စ်ရဲ့ အရသာကြောင့်လည်း အမဲသားကြော်ကို အရသာတစ်မျိုးထူးစေပါတယ်။
မိတ်ဆုံစားပွဲများအတွက် အထူးသင့်တော်သော ဟင်းတစ်ပွဲဆိုရင်လည်း မမှားပါဘူး။
အမဲသားလုံးအတွက် ပါဝင်ပစ္စည်းများ
·
အမဲသားနုတ်နုတ်စဉ်းပြီးသား
- ၂၀၀ ဂရမ်
·
ကြက်သွန်နီဥ
အလတ် ၁ ဥ (နုတ်နုတ်စဉ်းပါ)
·
ကြက်သွန်ဖြူ
၃ မွှာ - (နုတ်နုတ်စဉ်းပါ)
·
နံနံပင်
၁ ပင် - (နုတ်နုတ်စဉ်းပါ)
·
ချင်း
လက်တစ်ဆစ်ခန့် (နုတ်နုတ်စဉ်းပါ)
·
ငရုပ်သီး ၂ တောင့် (နုတ်နုတ်စဉ်းပါ)
·
ငံပျာရည်
လက်ဖက်ရည် ၁ ဇွန်း
·
ပျားရည်
- လက်ဖက်ရည်၁ ဇွန်း
·
ကြက်သားမှုန့်-
လက်ဖက်ရည် ၁ ဇွန်း
ဆော့စ်အတွက် ပါဝင်ပစ္စည်းများ
·
ပဲငံပျာရည်
စားပွဲဇွန်း ၁ ဇွန်း
·
ရေ
စားပွဲဇွန်း ၂ ဇွန်း
·
ငါးငံပျာရည်
လက်ဖက်ရည်ဇွန်း တစ်ဝက်
·
ပျားရည်
လက်ဖက်ရည် ၁ ဇွန်း
·
ဆီ
စားပွဲဇွန်း တစ်ဝက်
ပြုလုပ်နည်း
·
ပါဝင်ပစ္စည်းများအားလုံးကို
သမအောင်ရောနယ်ပြီး စားပွဲဇွန်း ၁ ဇွန်းစာခန့်ယူကာ အလုံးများလုံးထားပါ
·
ထို့နောက်ဆီပူပူတွင်
အညိုရောင်သမ်းလာအောင်ကြော်ကာ ဆယ်ထားပါ
·
ဆော့စ်အတွက်
ပါဝင်ပစ္စည်းများကို ရောမွှေကာ ဆူလာအောင် အပူပေးပါ။
·
ထို့နောက်
အသားလုံးကြော်များပေါ်တွင် ဆမ်းကာ သုံးဆောင်ပါ။
2 comments:
အမဲသားလုံးကြော်နဲ့ ဆမ်းရတဲ့ ဆော့စ်လေးအကြောင်း စိတ်ဝင်တစား လေ့လာမှတ်သားသွားတယ် Evy ရေ...
ညီမတို့ Food Magazine အတွက်လာလုပ်တဲ့ Capital ကပွဲကိုမလာလိုက်ရဘူး...။ ဘာပဲဖြစ်ဖြစ် အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်း)
Post a Comment