Sunday, May 1, 2016

Strawberry Buns


စတော်ဘယ်ရီအရသာနဲ့ ပေါင်မုန့်အချို အရသာ ၂ မျိုးပေါင်းထားပြီး လိုက်ဖက်လွန်းတာကြောင့် ကော်ဖီချိန်အတွက် သင့်တော်ပါတယယ်။
ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၁၀ ခုစာ)

အစု (၁)
• ပေါင်မုန့်ဂျုံ ၂၃၀ ဂရမ်
• Yeast ၅ ဂရမ်
• ရေ ၁၇၀ မီလီလီတာ
 

အစု (၂)
• ကြက်ဥ ၂၀ ဂရမ် (ခေါက်ပြီးသား)
• သကြား ၆၀ ဂရမ်
• ဆား ပါရုံမျှ
• ရေအေး ၂၅ ဂရမ်
• Yeast ၂.၅ ဂရမ်


အစု (၃)
• ထောပတ် ၃၀ ဂရမ် (အခန်းအပူချိန်)
• ပေါင်မုန့်ဂျုံ ၁၀၀ ဂရမ်
စတော်ဘယ်ရီ Topping
• ခပ်ပါးပါးလှီးထားသော စတော်ဘယ်ရီသီး အနည်းငယ်
• Bread crumb အနည်းငယ်
• Icing sugar ကိုရေနဲနဲနဲ့ ခပ်ပျစ်ပျစ်ကလေး ရအောင်ဖျော်ထားပါ။


ပြုလုပ်နည်း
ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ
နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
နောက်ထောပတ် ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ
နောက် ၁၀ ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ပုံပါအတိုင်းအ၀ိုင်းများ ပုံသွင်းပြီးပွလာအောင် မိနစ် ၄၀ထားပေးပါ။

မုန့်ဖုတ်ကာနီးမှ အလယ်ကို ချိုင့်ခွက်လေးများဖြစ်အောင် လက်ဖြင့်ဖိချကာ စတော်ဘယ်ရီသီးများတင်ပါ။
နောက် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး bread crumb ဖြူးကာ ၁၇၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။


လုံးဝအေးသွားမှ icing sugar အရည် ဆမ်းပေးပါ။
ဆိုင်ကရောင်းတာထက်ပိုပြီး လတ်ဆတ်တဲ့ အိမ်လုပ်ပေါင်မုန့်လေး အသင့်ဖြစ်ပါပြီ

** Bread design adapted from Tablefor2ormore. 

မုန့်လုပ်နည်းအဆင့်ဆင့်အတွက်

https://www.facebook.com/evyktichen/posts/962171263832176

No comments: