Wednesday, July 21, 2010

Oatmeal Mix Fruits Cookies

လုပ်ရတာလည်းလွယ် အ၀လည်းသက်သာစေမယ့် Cookies လေးပါ။ Oatmeal လဲပါတော့ ခါတိုင်းမုန့်တွေထက်စာရင်တော့ (ကျန်းမာရေးရှုထောင့်ကကြည့်ရင်) နဲနဲပိုကောင်းမယ်လို့ထင်ပါတယ်။ ဆီကိုလည်း တတ်နိုင်သမျှနည်းနိုင်အောင် ကြိုးစားပြီးလျော့ထားပါတယ်။

Ingredients
Group (1)
2 small Eggs (beaten)
70ml vegetable oil
1 tsp vanilla extract
1/4 cup of sugar
2 table spoon of honey

Group (2)
1 and 1/4 cup of all purpose flour
1/2 cup of Oatmeal
1 teaspoon of baking powder
1 cup of dry mix fruits

လုပ်နည်း
လွယ်လွယ်လေး။ Group (1) ကိုအားလုံးသမအောင် ရောမွှေ။ Group (2) ကို ထည့် ပြီးသမအောင်ထပ်မွှေ။ မုန့်ကို ထမင်းစားဇွန်း တစ်ဇွန်းစာစီ ခပ်ပြီး မုန့်ဗန်းပေါ်တင်။ ပြီးရင် ၁၈၀ ဒီဂရီ စီ Oven မှာ ၁၅-၂၀ ထည့်ဖုတ်။ အအေးခံပြီးရင်စားလို့ရပါပြီ။

** Ingredients မှာOatmeal ကျန်ခဲ့လို့ ထပ်ဖြည့်ထားပါတယ်


Sunday, July 18, 2010

ပျားရည်ကြက်ခြေထောက်ပေါင်း (Braised Chicken Feet with Honey)

ပျားရည် ကြက်ခြေထောက်ပေါင်းပါ။ လုပ်ရတာလည်း လွယ်လွယ်လေးပါ။

ပထမဆုံး ကြက်ခြေထောက် ၁၂ခုလောက် ကို ရေဆေးပြီး ဆား၊အချိုမှုန့် နဲ့နယ်ထားလိုက်ပါဦး။ ဂျင်းနဲ့ကြက်သွန်ဖြူကို ဆီသတ်၊ ပြီးရင် ကြက်ခြေထောက်တွေကို ထည့်ပြီး အရေခွံတင်းလာအောင် ခဏကြော်ပေးပါ။ ပြီးမှရေ၊ ပဲငံပျာရည်အကြည်၊ အနောက်၊ဆားနဲနဲထည့်ပြီး ပေါင်းအိုးထဲမှာ မိနစ်၄၀လောက်ပေါင်းပေးပါ။ မီးပေါ်မှ ချကာနီးမှာ ပျားရည်တစ်ဇွန်းကိုထည့်မွှေပြီး ရေနဲနဲခမ်းအောင်ထပ်တည်ရင် ရပါပြီ။

စားလို့လည်းကောင်းပါတယ် အဆီလည်းအရမ်းတက်မှာသေချာပါတယ်။ တစ်ခါတစ်လေ ကတော့ဘာမှ မဖြစ်လောက်ဘူးထင်ပါရဲ့။ ဒါလည်း ယောင်းမလက်ရာပါဘဲနော်။

Thursday, July 15, 2010

Lo Mai Kai (or) ကြက်သားကောက်ညှင်းထုပ်



ဒါဒုတိယ တစ်ခါလုပ်တဲ့ ကြက်သားကောက်ညှင်းထုပ်ပါ။အရမ်းကြိုက်ပေမယ့် ခဏခဏတော့လုပ်မစားဖြစ်ပါ။ ပြီးခဲ့တဲ့ တစ်ခေါက်လုပ်စားပြီးကတည်း မလုပ်လိုက်တာ ခုထိပါဘဲ။ လုပ်နည်းအပြည့်အစုံကိုအောက်မှာရေးပေးထားတယ်နော်။ စိတ်ဝင်စားရင် စမ်းကြည့်ပါလား။


-ကောက်ညှင်းဆန် ၂ ဘူး (rice cooker ထဲကပါတဲ့ဘူးနဲ့နော်) နဲ့ black mushrooms ကို ညထဲကရေစိမ်ထားပါ။ မနက်မှရေစစ်ပြီး ကောက်ညှင်းကို rice cooker ထဲကအံလေးပေါ်မှာ မိနစ် ၃၀ ခန့် ပေါင်းပေးပါ။ကောက်ညှင်းပေါင်းနေတုန်းမှာအဆ
ာပလာကိုပြင်ဆင်ပါမယ်။
-ကြက်အူချောင်း ၂ချောင်းကို မထူမပါးလှီးထား။ black mushrooms ကို လှီးထား။ ကြက်သားကို ခရုဆီ၊ဆား၊ငရုပ်ကောင်း၊သကြား၊ပဲငံပြာရည်အကြည်၊ cooking wine၊ကော်မှုန့်နဲ့နယ်ထား။
-ကြက်သွန်နီ အကြီး၂ဥကိုသေးသေးစိတ်ပြီးဆီသတ်ပါ။ပြီးရင် ကြက်သား၊မှို၊ကြက်အူချောင်းထည့် ပြီး ကြက်သားကျက်တဲ့အထိကြော်ပါ။

mixing sauce(ပေါင်းထားတဲ့ကောက်ညှင်းဆန် နဲ့ နယ်ရန်)
- ခရုဆီ စားပွဲဇွန်း ၂ ဇွန်း
-ပဲငံပြာရည် အကြည် စားပွဲဇွန်း ၂ ဇွန်း
-ပဲငံပြာရည် အနောက် စားပွဲဇွန်း ၁ ဇွန်း
-cooking wine စားပွဲဇွန်း ၂ ဇွန်း
-သကြား စားပွဲဇွန်း ၂ ဇွန်း
-ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း
-ရေ အနည်းငယ်
-နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း

mixing sauce ထဲမှာပါတဲ့ပစ္စည်းတွေကို အကုန်ရောမွှေပြီး ပေါင်းထားတဲ့ကောက်ညှင်းထဲကိုထည့်နယ်ပေးပါ။ ပြီးရင် aluminium ပုံစံခွက်လေးထဲကို ခုနကမှို၊ကြက်သားကြော်ကို အရင်ထည့်၊ ပြီးမှ နယ်ထားတဲ့ ကောက်ညှင်းကို အပေါ်ကထပ်ထည့်ပြီး မိနစ်၂၀လောက်ထပ်ပေါင်းပေးပါ။ အဲဒါဆိုရင်စားလို့ရပါပြီ။