Friday, October 12, 2012

ငါးအချိုပေါင်း


ငယ်ငယ်က ငါးသိပ်မကြိုက်တဲ့ကျွန်မဟာ အသက်နဲနဲရလာတော့ ငါးကိုနှစ်သက်တတ်လာပါတယ်။ ဒါပေမယ့်လည်း ဆီပြန်ကိုလည်းသိပ်မစားချင်တာကြောင့် ဆီပြန်မဟုတ်တဲ့ ငါးဟင်းလေးတွေကို ရှာဖွေကြည့်မိတဲ့အခါ ဒီဟင်းလေးကို သွားတွေ့ပါတယ်။ ဒီလိုချက်နည်းကတော့ တရုပ်စတိုင်ဖြစ်တာကြောင့် ဟင်းချက်ဝိုင်ကို အဓိကသုံးပြီး ဆီမပါသလောက်မို့ ကျန်းမာရေးနဲ့ညီညွတ်တာတော့ အထူးပြောဖွယ်မရှိပါဘူး။ ဆီမပါလို့ အရသာမကောင်းဘူးလို့တော့ မထင်နဲ့နော်။ ထမင်းဖြူလေးနဲ့ဆိုရင် သိပ်လိုက်လို့ ဒီဟင်းနဲ့ဆို ထမင်းလိုက်ပွဲမဆောင်မဖြစ် ဆောင်ရမှာသေချာသလောက်ပါပဲ။ အရသာရှိပြီး အချိန်ခဏလေးအတွင်းမှာတင် ချက်နိုင်တဲ့ ငါးပေါင်းလုပ်နည်းလေး ကြည့်ကြရအောင်

ငါးတစ်ကောင်လုံးပေါင်းနည်းကို ကြည့်ချင်ရင် ဒီလင့် မှာကြည့်လို့ရပါတယ်။ 

ပါဝင်ပစ္စည်းများ
  • ပဲငံပျာရည် အကြည်- စားပွဲဇွန်း ၂  ဇွန်း
  • ဟင်းချက်ဝိုင်ဖြူ (တရုပ်တွေသုံးလေ့ရှိတဲ့ ဆန်နဲ့လုပ်ထားတဲ့ဝိုင်ပါ၊ city mart မှာဝယ်လို့ရပါတယ်) - စားပွဲဇွန်း ၂ ဇွန်း
  • နှမ်းဆီ အနည်းငယ်
  • သကြား ( rock sugar) ၂ခဲ (မရရင် ရိုးရိုးသကြား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပါ)
  • ငါးအသားလွှာ (ငါးရံ့) - ၂၀၀ ဂရမ်
  • ဂျင်းအနည်းငယ်
  • ငရုပ်သီး စိမ်း ၂ တောင့် (အစပ်မစားနိုင်ရင် လျော့ထည့်ပါ)

ငါးပေါင်းကြမယ
  1. သကြားခဲ ၂ ခဲကို ပုံပါအတိုင်း ပဲငံပျာရည်၊၀ိုင်နဲ့စိမ်ထားပါ။
  2. ငါးကို အညှီနံ့ပျောက်အောင် မန်ကျီးနှစ်နဲ့ ၂ ခါဆေးပြီး ဆား၊ ဟင်းခပ်မှုန့်နယ်ထားပြီး နာရီဝက်လောက် နှပ်ထားလိုက်ပါ
  3. ငါးကိုပေါင်းမယ့်ပန်းကန်ထဲပြောင်းထည့်ပြီး ပဲငံပျာရည်၊ သကြားဝိုင်အရောကို အပေါ်မှလောင်းထည့်ပေးပါ
  4. နှမ်းဆီလေးလဲ နဲနဲဆမ်းပေးပါ
  5. နောက်ဂျင်းလေးတွေကို သေးသေးလေးတွေလှီး၊ ငရုပ်သီးလေးတွေကိုလည်းလှီးပြီး ငါးပေါ်မှာဖြူးပေးပါ။
  6. ပွက်ပွက်ဆူနေတဲ့ ဒယ်အိုးထဲမှာ ခုနကငါးထည့်ထားတဲ့ ပန်းကန်ကို ၇ မိနစ်လောက်ပေါင်းပေးရင်ရပါပြီ
  7. ကြက်သွန်မိတ်လေးဖြူးလိုက်ရင်တော့ ထမင်းဖြူဖြူလေးနဲ့ တွဲစားဖို့ အရသာရှိလှသော ငါးပေါင်းလေး အဆင်သင့်ဖြစ်သွားပါပြီ။

17 comments:

Anonymous said...

ရေရေလည်လည်မိုက်တယ် သီတာ

cho cho chit said...

မမ ရေ ..ချက်စားကြည့်အုံးမယ်..

chocothazin said...

ငါးပေါင်းကြိုက်တယ်။
သဇင်လည်း အရင်ကဆို ငါးမစားဘူး အခုဒီရောက်မှ အဲ့ငါးပေါင်းကို စားဖြစ်တာ။

စံပယ်ချို said...

ငါးအချိုပေါင်း လုပ်နည်းလေးလေ့လာခဲ့ပါတယ်
ကြိုက်လဲကြိုက်တယ်
ကျေးဇူးပါရှင်

Q-te said...

စိတ်ဓာတ်ကျခြင်းမှ ကင်းဝေးအောင် တခါတခါလောက် ငါး အခွံမာသီး တွေ စားပေးရတယ်ဆိုလို့
ငါး ကြိုက်တဲ့ ကျူတီ နေ့တိုင်းနီးနီးစားတယ် တိုမ
ဘလော့က ငါးဟင်းကြိုက်တယ်နဲ့တူတယ်နော်
ငါးဟင်းပိုစ့်လေးကျတော့ .....လွယ်လွယ်ကူကူတက်သွားတယ်
ဧကန်န ခမည်းလိုနေထှာချိမှာ :PP

mstint said...

တီတင့်လည်း ငါးမကြိုက်ပေမယ့် ငါးကိုပေါင်းရင်တော့ စားတယ် (အရိုးနူးသွားလို့) ငါးအချိုပေါင်းလေး နည်းယူသွားတယ် Evy ရေ။ ကျေးဇူးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

BabyAngle said...

ကြိုက်တယ်အမရေ.. လုပ်စားမယ်...

Evy said...

အားလုံးကျေးဇူးပါ။ ဟုတ်တယ် ညလေး ကျူတီရေ။ ဒါတောင် နဲနဲတွန်းလိုက်ရသေးတယ် မတက်ချင်သလိုလိုလုပ်နေသေးတယ် :D

Tuumar said...

ငါးပေါင်းလေးက စားချင်စရာလေးနော်

Anonymous said...

ဒီဘလော.ဂ်လေးကိုသတိထားမိတာကြာပါပြီ။ တခါမှတော. ကော်မန်.မရေးဖူးခဲ.ဘူး။ အခုတော. အချိန်ရတုံး ဟိုးအရင်က ပို.စ်တွေကိုပါ စိမ်ပြေနေပြထိုင်ဖတ်၊ အစားအသောက်ပုံတွေကိုလဲ ညသန်းခေါင်မှာ သေချာစိုက်ကြည်.ပြီး စိတ်ဒုတ်ခတွေရောက်၊ လွယ်တဲ.နည်းလေးတွေဆို မှတ်သွားနဲ. တယောက်ထဲ အလုပ်တွေရှုပ်နေတာ။

ကျေးဇူးတင်ပါတယ် မEvy ။ဘိန်းမုန်.တုံးကလဲ အမနည်းအတိုင်းလိုက်လုပ်တာအဆင်ပြေတယ်။ တခြားဟင်းလေးတွေ၊မုန်.လေးတွေလဲ လွယ်တာလေးတွေဆို လိုက်လုပ်ဖြစ်ပါတယ်။
မEvy ရဲ. ချက်နည်းစတိုင်ကို သဘောကျတာက နည်းတွေက သိပ်ရှုပ်ရှုပ်ယှက်ယှက်တွေမဟုတ်တာရယ်၊ အခြင်အတွယ်တွေကလဲ လွယ်စေတာရယ်၊ အဲ.ဒါတွေကိုသဘောကျတာပါ။ တချို.တွေေ၇းထားတဲ.အခြင်အတွယ်တွေဆို နည်းနည်းခက်တယ်။ ဥပမာ မEvy လုပ်တဲ. ဟင်းထုတ်လုပ်နည်းထဲမှာဆိုရင် ရန်ကုန်က စတီးဇွန်းနဲ.ဘဲလို.ပြောလိုက်တော. ရန်ကုန်ကလူဆိုတော. ချက်ချင်းကိုသဘောပေါက်ရောဘဲ။ ကိုယ်.မှာလဲ ရန်ကုန်ကစတီးဇွန်းရှိနေတော. ဂွဒ်သွားတာပေါ.။
ဘယ်လိုဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။နောက်လဲအမြဲကိုလာကြည်.ဖြစ်မှာပါ။ အော် ပြီးတော. တင်ပြပုံ presentationကိုလဲကြိုက်တယ်။ အရောင်အသွေးကစိုပြီး ကြည်လင်ပြီးတော. ရှင်းနေတာဘဲ။

Evy said...

အားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလိုကွန်မန့်မျိုးလေးတွေဟာ နောက်ထပ်ဆက်လုပ်ရမယ့် ဟင်းပွဲလေးအတွက် ခွန်အားပါပဲ။ ကျေးဇူးပါနော်။ နောက်လည်းလာလည်ပါဦး။

မီးမီးငယ် said...

အဖေ့ဘုတ်အုပ်မှာလေးရေးပြီးပြီ။
ထပ်တွေ့ တော့လည်းပြန်ကြည့်တယ်:P
ကြိုက်တယ် မရေ...
ကျမတို့ အိမ်ကငါးစားရင် အပြောင်ဘဲ၊
မျက်လုံးဘဲကြိုက်တဲ့သူ၊ခေါင်းဘဲစားတဲ့သူ၊
အရေခွံဘဲဝါးတဲ့သူနဲ့ လေ..။
ပြီးရင်ပုဂံပြောင်ပြောင်လေးဘဲကျန်ခဲ့တာ..။
ဒီလိုမျိုးလည်းစားတယ်။
ပဲငံပြာရည်နဲ့ ၊ဂျင်းဘဲထဲ့တာ...။
အားပေးတယ်။ငါးဟင်းများများတင်နော့်..:))))

Thamee Su said...

ငါးပေါင်းကြိုက်တယ် မအိရေ ဗိုက်ဆာလိုက်တာ

ချော(အစိမ်းရောင်လွင်ပြင်) said...

လှလည်းလှတယ်
အရသာလည်း ကောင်းမှာဘဲ..
တကယ့်ကို ဟော်တယ်လက်ရာပါလားနော်.
တော်လိုက်တာ

Anonymous said...

would it be possible to translate your web-site into spanish because i have difficulties of speaking to english, and as there usually are not numerous pictures in your internet site i’d prefer to go through a fantastic of what you may be writting

Layeik said...

ဂလု :)

Anonymous said...

အစ်​မ​ရေ ဆန်​၀ိုင်​နဲ့ ဆန်​အရက်​တူလားဟင်