ဒါဒုတိယ တစ်ခါလုပ်တဲ့ ကြက်သားကောက်ညှင်းထုပ်ပါ။အရမ်းကြိုက်ပေမယ့် ခဏခဏတော့လုပ်မစားဖြစ်ပါ။ ပြီးခဲ့တဲ့ တစ်ခေါက်လုပ်စားပြီးကတည်း မလုပ်လိုက်တာ ခုထိပါဘဲ။ လုပ်နည်းအပြည့်အစုံကိုအောက်မှာရေးပေးထားတယ်နော်။ စိတ်ဝင်စားရင် စမ်းကြည့်ပါလား။
-ကောက်ညှင်းဆန် ၂ ဘူး (rice cooker ထဲကပါတဲ့ဘူးနဲ့နော်) နဲ့ black mushrooms ကို ညထဲကရေစိမ်ထားပါ။ မနက်မှရေစစ်ပြီး ကောက်ညှင်းကို rice cooker ထဲကအံလေးပေါ်မှာ မိနစ် ၃၀ ခန့် ပေါင်းပေးပါ။ကောက်ညှင်းပေါင်းနေတုန်းမှာအဆ
-ကြက်အူချောင်း ၂ချောင်းကို မထူမပါးလှီးထား။ black mushrooms ကို လှီးထား။ ကြက်သားကို ခရုဆီ၊ဆား၊ငရုပ်ကောင်း၊သကြား၊ပဲငံပြာရည်အြ
-ကြက်သွန်နီ အကြီး၂ဥကိုသေးသေးစိတ်ပြီးဆီသတ်ပါ။ပြီးရင် ကြက်သား၊မှို၊ကြက်အူချောင်းထည့် ပြီး ကြက်သားကျက်တဲ့အထိကြော်ပါ။
mixing sauce(ပေါင်းထားတဲ့ကောက်ညှင်းဆန် နဲ့ နယ်ရန်)
- ခရုဆီ စားပွဲဇွန်း ၂ ဇွန်း
-ပဲငံပြာရည် အကြည် စားပွဲဇွန်း ၂ ဇွန်း
-ပဲငံပြာရည် အနောက် စားပွဲဇွန်း ၁ ဇွန်း
-cooking wine စားပွဲဇွန်း ၂ ဇွန်း
-သကြား စားပွဲဇွန်း ၂ ဇွန်း
-ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း
-ရေ အနည်းငယ်
-နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း
mixing sauce ထဲမှာပါတဲ့ပစ္စည်းတွေကို အကုန်ရောမွှေပြီး ပေါင်းထားတဲ့ကောက်ညှင်းထဲကိုထည့်နယ်ပေးပါ။
7 comments:
ဖက်မပါပဲလုပ်လို့ ရတာကောင်းလိုက်တာ။
ခဏခဏလုပ်ဖြစ်တော့မယ်။ ကျေးဇူးတင်ပါတယ်။
looks yummy!
ဝက်သားနဲ့ဖက်မပါတာ ကျေးဇူးတင်တယ်..
mm
တို့လည်းကြိုက်တယ်။ လုပ်ရတာ လွယ်တာပေါ့နော်။ ဖက်နဲ့လည်းထုပ်စရာမလိုတော့ဘူး။
မမလုတို့အဖွားတို့ ကြီးမေတို့လုပ်တဲ့နည်းက လက်ဝင်တယ်။ တရုတ်ဘုရားရှိခိုးမှပဲ လုပ်ဖြစ်ပါတယ်။ အခုနည်းကိုတော့ မကြာခဏ လုပ်စားဖို့ လွယ်ကူလို့ တူလေး၊ တူမလေး တွေကို လုပ်ကျွေးလို့ရပြီ။ ကျေးဇူးပါနော်။
ချစ်ခင်စွာဖြင့်
လုလု
အညာက ကောက်ညှင်းပေါင်းကို သွား သတိရရဲ့ဗျာ။ အဟီး ကောက်ညှင်းရဲ့ အညိုရောင်လေးက လေ ငချိတ်ကို ပို သတိရတယ်ဗျ။ အညာမနက်ခင်းက ပဲပြုတ်ဆီဆမ်းလေ ၊ ထမင်းကြော်လေး ၊ ဘရာကြော်လေးတွေ ၊ ကောက်ညှင်းပေါင်းလေးတွေ ၊ မုန့်ဟင်းခါး နဲ့ လက်ဖက်ရည်ပွဲတွေကို လွမ်းတယ်ဗျာ။ အလွမ်းပြေ တပွဲ အုပ်သွားတယ်။း)
အားလုံးကျေးဇူးပါနော်
ဖက်မပါပဲလုပ်လို့ ရတာအရမ်းကောင်းပြီး ကျမစမ်းလုပ်ကြည့်တာအရသာကတော့ အဆင်ပြေပြီးကောက်ညှင်းက အရမ်းပျော့သွားပါတယ်။ နောက်တစ်ခါထပ်ပြီ ကြိုးစားလုပ်ကြည့်ပါအုံးမယ်ရှင့်။ မုန့်လုပ်နည်းအတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်။
Post a Comment