Saturday, October 12, 2013

ကြက်ပင်စိမ်းထမင်းကြော်





ပင်စိမ်းနံ့သင်းနေတဲ့ ထမင်းကြော်တစ်မျိုးပါ။ ယိုးဒယားဟင်းများရဲ့ ထုံးစံအတိုင်း ငရုပ်သီးအစပ်က မပါမဖြစ်ပါပြီး အဲဒီအရသာကပဲ ဟင်းပွဲကိုပိုပြီးထူးခြားစေတယ်ထင်ပါတယ်

ပါဝင်ပစ္စည်းများ

  • ကြက်သား အနည်းငယ် (သေးသေးလှီးကာ ဆားနှင့်နယ်ထားပါ)
  • ပင်စိမ်းလက် တစ်ဆုပ်စာ
  • ကြက်သွန်ဖြူ ၅ မွှာ
  • ငရုပ်သီးငါးတောင့်
  • ငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • ဆန် ၂ ခွက်ခွဲ ( rice cooker ထဲကခွက်) - ချက်ပြီး အအေးခံထားပါ

ကြော်နည်း

  • ကြက်သွန်ဖြူ၊ ငရုပ်သီးများကို ညက်အောင် ဦးစွာထောင်းပါ
  • ဆီစားပွဲဇွန်း ၄ ဇွန်းကိုပူအောင်တည်ကာ ကြက်သွန်ဖြူ၊ ငရုပ်သီး ဆီသတ်ပါ။
 

  • ကြက်သားကိုလည်း ထည့်ကြော်ပါ
  • ထို့နောက်ကြက်သား၊ငရုပ်သီးများကို ဘေးသို့တွန်းကာ ပင်စိမ်းထည့်ပြီး ကြွပ်အောင်ကြော်ပေးပါ.
  • နောက်ဆုံးမှ ထမင်းထည့်ကာ ငံပျာရည်၊ ပဲငံပျာရည်များရောမွှေပေးပါ
 

  • ကြက်သားမှုန့်စားပွဲဇွန်း ၁ ဇွန်းကိုရောမွှေကာ သမအောင်မွှေပေးပြီးရင် သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
  • နှစ်သက်ပါက ကြက်သွန်နီ အကြွပ်ကြော်များဖြူးကာလည်း သုံးဆောင်နိုင်ပါသည်။




Sunday, October 6, 2013

ကိတ်မျိုးစုံ ချိစ်ကိတ်စုစည်းမှုများ

ဒီပို့စ်ကတော့ စင်္ကာပူက မောင်နှမများအတွက် အဓိက ရည်ရွယ်ပါတယ်။ EVY's Kitchen ကနေပြီး ကိတ်သီးသန့် စာမျက်နှာတစ်ခုကို ဖန်တီးကာ စင်္ကာပူမှ မုန့်မှာချင်သူများအတွက် ကိတ်များကို ဖန်တီးပေးနေတဲ့ အကြောင်းသတင်းကောင်းလေးပါးချင်တာပါ။ လောလောဆယ် လူကြိုက်များနေတဲ့ ချိစ်ကိတ်ပုံလေးများကို စုစည်းပေးလိုက်ပါတယ်။ Facebook စာမျက်နှာကိုလည်း ဒီလင့်မှ တဆင့်သွားကြည့်နိုင်ပါပြီနော်။ စိတ်ဝင်စားသူများ FB မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ချိစ်ကိတ် ပန်းပွင့်
စတော်ဘယ်ရီချိစ်ကိတ်
ချိစ်ကိတ် မွေးနေ့ကိတ်
ချိစ်ကိတ်ကို ခရင်မ်ချိစ်ဖြင့် အလှဆင်ထားခြင်း
ချိစ်ကိတ်ကို နှင်းဆီပွင့်များဖြင့် အလှဆင်ထားခြင်း
ရိုးရိုး blueberry cheese cake

Thursday, October 3, 2013

ကိုရီးယား ငရုပ်နှစ်ထမင်းကြော်





အရသာရှိသော ထမင်းကြော်နည်းတစ်မျိုးပါ။ ကိုရီးယားငရုပ်နှစ်ကိုအသုံးပြုထားပါတယ်။ နှစ်သက်ရာ ကြက်၊၀က် (သို့) အမဲသားတစ်မျိုးမျိုးကိုထည့်စားနိုင်ပါတယ်။ ကိုရီးယားငရုပ်နှစ်များရဲ့ ထူးခြားချက်ကတော့ အရသာအရမ်းစပ်ခြင်းမရှိတာပါပဲ။ ဒါ့အပြင် ငရုပ်နှစ်ထဲမှာပါ အငံအရသာပါပြီးသားဖြစ်တာကြောင့် အငံထည့်မယ်ဆိုရင်လည်း သထိထားပြီးထည့်စေချင်ပါတယ်


ပါဝင်ပစ္စည်းများ

  • ထမင်းချက်ပြီးသား - တရုပ်ပန်းကန်လုံး ၁ ခွက်
  • ကိုရီးယားငရုပ်နှစ် - စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ကြက်သား - အနည်းငယ် (သေးသေးလှီးထား)
  • မုန်လာဥနီ - အနည်းငယ် (သေးသေးအချောင်းငယ်များလှီးထားပါ)
  • ကြက်သွန်မိတ် - ၁ပင် (သေးသေးလှီးထားပါ)


ကြော်နည်း
  • ကြက်သားများကို ဆားအနည်းငယ်နှင့် ၁၀ မိနစ်ခန့်နှပ်ထားပါ
  • ဆီစားပွဲဇွန်း ၁ ဇွန်းခွဲခန့်ကို အပူပေးပြီး မုန်လာဥနီနှင့် ကြက်သွန်မိတ် အရင်းပိုင်း (အဖြူရောင်အပိုင်း) များကို ထည့်ကြော်ပါ
  • ၁မိနစ်ခန့်ကြာလျှင် ကြက်သားများပါထည့်ပြီး ၃ မိနစ်ခန့်ကြော်ပေးပါ။
  • ထို့နောက် ကိုရီးယားငရုပ်နှစ်အားထည့်မွှေပါ
  • နောက်ဆုံးမှ ထမင်းထည့်ပေးပြီး ပဲငံပျာရည် လက်ဖက်ရည် ၂ ဇွန်း (အိမ်မှာသုံးသော ပဲငံပျာရည်က ဆားပေါ့သောအမျိုးအစားပါ။ မိမိသုံးသော ပဲငံပျာရည်အလေးအပေါ့ ကိုလိုက်ပြီး ညှိထည့်ပေးပါ) ထည့်ပေးပါ။
  • ကျန်ရှိသော ကြက်သွန်မိတ် အစိမ်းရောင်အပိုင်းအားထည့်မွှေကာ ၂မိနစ်ခန့်ထပ်ကြော်ပေးပါ။
  • ပူတုန်းသုံးဆောင်ပါ။