Saturday, October 12, 2013

ကြက်ပင်စိမ်းထမင်းကြော်





ပင်စိမ်းနံ့သင်းနေတဲ့ ထမင်းကြော်တစ်မျိုးပါ။ ယိုးဒယားဟင်းများရဲ့ ထုံးစံအတိုင်း ငရုပ်သီးအစပ်က မပါမဖြစ်ပါပြီး အဲဒီအရသာကပဲ ဟင်းပွဲကိုပိုပြီးထူးခြားစေတယ်ထင်ပါတယ်

ပါဝင်ပစ္စည်းများ

  • ကြက်သား အနည်းငယ် (သေးသေးလှီးကာ ဆားနှင့်နယ်ထားပါ)
  • ပင်စိမ်းလက် တစ်ဆုပ်စာ
  • ကြက်သွန်ဖြူ ၅ မွှာ
  • ငရုပ်သီးငါးတောင့်
  • ငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • ဆန် ၂ ခွက်ခွဲ ( rice cooker ထဲကခွက်) - ချက်ပြီး အအေးခံထားပါ

ကြော်နည်း

  • ကြက်သွန်ဖြူ၊ ငရုပ်သီးများကို ညက်အောင် ဦးစွာထောင်းပါ
  • ဆီစားပွဲဇွန်း ၄ ဇွန်းကိုပူအောင်တည်ကာ ကြက်သွန်ဖြူ၊ ငရုပ်သီး ဆီသတ်ပါ။
 

  • ကြက်သားကိုလည်း ထည့်ကြော်ပါ
  • ထို့နောက်ကြက်သား၊ငရုပ်သီးများကို ဘေးသို့တွန်းကာ ပင်စိမ်းထည့်ပြီး ကြွပ်အောင်ကြော်ပေးပါ.
  • နောက်ဆုံးမှ ထမင်းထည့်ကာ ငံပျာရည်၊ ပဲငံပျာရည်များရောမွှေပေးပါ
 

  • ကြက်သားမှုန့်စားပွဲဇွန်း ၁ ဇွန်းကိုရောမွှေကာ သမအောင်မွှေပေးပြီးရင် သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
  • နှစ်သက်ပါက ကြက်သွန်နီ အကြွပ်ကြော်များဖြူးကာလည်း သုံးဆောင်နိုင်ပါသည်။




3 comments:

စံပယ်ချို said...


ဒီနည်းလေးက စားကောင်းပြီး လွယ်ကူတဲ့နည်းလေးမို့ ကျေးဇူးပါ ပင်စိမ်းနဲ့တခါမှမကြော်ဖူးခဲ့လို့ နောက်ရက်တော့ ကြော်စားဖြစ်အောင်ကို ကြော်စားရမယ်...

Anonymous said...

Tomorrow, will try :) Look delicious...

Anonymous said...

thank