Thursday, October 3, 2013

ကိုရီးယား ငရုပ်နှစ်ထမင်းကြော်





အရသာရှိသော ထမင်းကြော်နည်းတစ်မျိုးပါ။ ကိုရီးယားငရုပ်နှစ်ကိုအသုံးပြုထားပါတယ်။ နှစ်သက်ရာ ကြက်၊၀က် (သို့) အမဲသားတစ်မျိုးမျိုးကိုထည့်စားနိုင်ပါတယ်။ ကိုရီးယားငရုပ်နှစ်များရဲ့ ထူးခြားချက်ကတော့ အရသာအရမ်းစပ်ခြင်းမရှိတာပါပဲ။ ဒါ့အပြင် ငရုပ်နှစ်ထဲမှာပါ အငံအရသာပါပြီးသားဖြစ်တာကြောင့် အငံထည့်မယ်ဆိုရင်လည်း သထိထားပြီးထည့်စေချင်ပါတယ်


ပါဝင်ပစ္စည်းများ

  • ထမင်းချက်ပြီးသား - တရုပ်ပန်းကန်လုံး ၁ ခွက်
  • ကိုရီးယားငရုပ်နှစ် - စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ကြက်သား - အနည်းငယ် (သေးသေးလှီးထား)
  • မုန်လာဥနီ - အနည်းငယ် (သေးသေးအချောင်းငယ်များလှီးထားပါ)
  • ကြက်သွန်မိတ် - ၁ပင် (သေးသေးလှီးထားပါ)


ကြော်နည်း
  • ကြက်သားများကို ဆားအနည်းငယ်နှင့် ၁၀ မိနစ်ခန့်နှပ်ထားပါ
  • ဆီစားပွဲဇွန်း ၁ ဇွန်းခွဲခန့်ကို အပူပေးပြီး မုန်လာဥနီနှင့် ကြက်သွန်မိတ် အရင်းပိုင်း (အဖြူရောင်အပိုင်း) များကို ထည့်ကြော်ပါ
  • ၁မိနစ်ခန့်ကြာလျှင် ကြက်သားများပါထည့်ပြီး ၃ မိနစ်ခန့်ကြော်ပေးပါ။
  • ထို့နောက် ကိုရီးယားငရုပ်နှစ်အားထည့်မွှေပါ
  • နောက်ဆုံးမှ ထမင်းထည့်ပေးပြီး ပဲငံပျာရည် လက်ဖက်ရည် ၂ ဇွန်း (အိမ်မှာသုံးသော ပဲငံပျာရည်က ဆားပေါ့သောအမျိုးအစားပါ။ မိမိသုံးသော ပဲငံပျာရည်အလေးအပေါ့ ကိုလိုက်ပြီး ညှိထည့်ပေးပါ) ထည့်ပေးပါ။
  • ကျန်ရှိသော ကြက်သွန်မိတ် အစိမ်းရောင်အပိုင်းအားထည့်မွှေကာ ၂မိနစ်ခန့်ထပ်ကြော်ပေးပါ။
  • ပူတုန်းသုံးဆောင်ပါ။

2 comments:

Aunty Tint said...

ကိုရီးယားငရုပ်နှစ်ထမင်းကြော်နည်းလေးဖတ်သွားပြီ Evy ရေ... ကင်မ်ချီနဲ့ကြော်စားဘူးတယ် :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

ကျေးဇူဖးပါ တီတီ