Thursday, October 27, 2011

ချောကလက် ချိစ် ကိတ်

ဒီမုန့်ကို မှတ်မိကြဦးမလား မသိဘူး။ လွန်ခဲ့သော ၁ နှစ်က စမ်းထားပြီး ထပ်မလုပ်ရသေးတဲ့မုန့်ပါ။ စားလို့ကောင်းမှန်းသိလို့ ကိုယ်စားဖို့အတွက်ကိုယ် မလုပ်ရဲဘူး။ တစ်ထိုင်ထဲနဲ့ ၁ ၀က်လောက်အသာလေးကုန်မှာသိနေတယ်။ ထုံးစံအတိုင်း အသိတစ်ယောက်အတွက် လက်ဆောင်ဖုတ်သွားတဲ့မုန့်ပါ။ လက်ဆောင်ဆိုပေမယ့်လည်း ထမင်းစားပြီး သူကအဲဒီမုန့်နဲ့ပဲ  အချိုပွဲ ပြန်ဧည့်ခံလို့ ကိုယ့်လက်ရာကိုယ် မြည်းခဲ့ရသေးတယ် ။ ၀ိတ်ချဖို့ကြိုးစားနေလို့ မစားဘူးလို့ အားတင်းထားပေမယ့်လည်း နောက်ဆုံးတော့ ကိုယ့်စိတ်ကိုယ် အရှုံးပေးလိုက်ရတာပါဘဲ။  အဲဒီ အသိကလည်း ဒီမုန့်ကိုအရမ်းသဘောကျပြီး လုပ်နည်းတွေဘာတွေမေးလို့။ လာမယ့် ခရစ်စမတ်ကို လာဖြစ်အောင်လာပါဆိုပြီး ထပ်ဖိတ်တယ်။ ဩော် မုန့်မျက်နှာ။ :D :D
ဒီလထဲမှာ မွေးနေ့ပွဲတွေကလည်း များတယ်။ ပြီးခဲ့တဲ့ ၂ရက်နေ့က အငယ်မလေး မွေးနေ့။ ၂၁က အလတ်မမွေးနေ့။ သူ့မွေးနေ့ကို မုန့်မဖုတ်လိုက်မိတော့ စိတ်ကောက်ခံရပါလေရောလား။ ငါနင်မုန့်မျှော်နေမှန်း မသိလို့ပါဟယ်။ ညီအစ်မ ၃ ယောက်ထဲသွားစားတော့ များများစားမယ့်လူမရှိလို့ မုန့်မလုပ်လာတာ နောက်တစ်ပတ်မှ သီးသန့်မုန့်ထပ်ဖုတ်ပေးမယ်နော်ဆိုတော့...ခုမှ မျက်နှာချိုလာမသွေးနဲ့ ရဘူးတဲ့ :-( .သူ့အတွက်မုန့်အကြွေးကို နောက်လမှပဲပေးလိုက်တော့မယ်။
ခုလောလောဆယ်တော့ အသိအိမ်အတွက်လုပ်တဲ့ မုန့်တွေကိုပဲတင်လိုက်ပါတယ်။ အိမ်မှာရိုက်တုန်းတော့ ကိတ်မုန့် ၁လုံးလုံးပဲရိုက်လို့ရတယ်လေ။ အထဲက မုန့်သားအနေအထားကို မမြင်ရဘူး။ အဲဒါနဲ့ ဟိုအိမ်ရောက်ရင် ငါ့ရှေ့မှာ မုန့်ခွဲကောင်းခွဲမှာဆိုပြီး ကင်မရာလေးကို အသာလေးထည့်ယူသွားလိုက်တယ်။ ဟိုရောက်တော့ သူက ကိုယ့်မုန့်နဲ့ ပြန်ဧည့်ခံတော့ ရည်ရွယ်ချက်အထမြောက်သွားတာပေါ့နော်။ မုန့်ခွဲကာနီးကင်မရာမထုတ်ခင် အိမ်ကလူကြီးကိုမေးရသေးတယ်။ ရိုက်လို့ရမလားလို့။ တော်ကြာသူများနဲ့ အိမ်မှာ အလုပ်ရှုပ်တယ်ဖြစ်မှာစိုးလို့။ ခွင့်ပြုချက်ရပြီး ကင်မရာထုတ်လာတော့ အသိက Group photo ရိုက်မယ်များထင်သွားလားမသိ။ ကိုယ်ကတော့ ထုံးစံအတိုင်း ကင်မရာတကားကားနဲ့ စားပွဲဝိုင်းမှာဟိုလိုရိုက်ဒီလိုရိုက်နဲ့ နောက်ဆုံးလိုချင်တဲ့ ပုံရမှငြိမ်ငြိမ်သက်သက်ထိုင်ပြီး စားနိုင်တော့တယ်။

မုန့်လုပ်နည်း ပြန်ကူးပေးလိုက်ပါတယ်
  • Cream Cheese 150g
  • Sugar 25g
  • 1 Egg

အဲဒါတွေအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ

Choco Batter အတွက်
  • Butter 100g
  • Sugar 80g
  • Flour 80g
  • 2 Eggs
  • 2 Tbsp of Cocoa Powder
  • 2 tsp of baking powder
  • 2 Tbsp of milk

  1. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  3. ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။
  5. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ချောကလက် တစ်လွှာ၊ Cheese တစ်လွှာထည့်ပြီး ၁၇၀ ဒီဂရီမှာ ၄၀-၄၅ မိနစ် ဖုတ်ပေးပါ။


စကာပေါ်မှာ အအေးခံထားတာ


ချောကလက်အလွှာလောင်းပြီး ခဏစောင့် ပြီးမှ အလှဆင်

သူများအိမ်မှာ မျက်စေ့နောက်လောက်အောင်ရိုက်ထားသောမုန့်

အလယ်မှာအဲလိုလေးတွေဖြစ်နေတာ

16 comments:

Mrs. Bagel said...

yummy yummy :D bake one for me too!

Shinlay said...

စားချင်လာပြီ......

Anonymous said...

Evy ရေ... မုန့်ဖုတ်အိုးအချင်း အကျယ် ဘယ်နှစ်စင်တီမီတာလဲဟင်... ရေးပေးပါလား..အိမ်မှာရှိတဲ့အိုးနဲ့ရလားသိချင်လို့...

ကော်ပြန့်စိမ်းကို ဘလော့ဂ်တွေမှာတင်နေကြတာနဲ့ ပထမဆုံးလိုက်လုပ်ကြည့်လိုက်ပါတယ် အရွက်ကအနံ့တမျိုးရှိတာနဲ့ Evy ပြောသလို ဆက်မလုပ်ဖြစ်ပဲ အိမ်မှာသောင်တင်နေတယ် :D

စူးနွယ်လေး

ချော(အစိမ်းရောင်လွင်ပြင်) said...

တော်လိုက်တာ တော်လိုက်တာ
တကယ်ကို ကိတ်မုန့်စပါယ်ရှယ်လစ်ပါဘဲ
ဆိုင်ဖွင့်ရင်တောင် ရနေပြီ
ချောကလက်ကိတ်က ကြည့်တာနဲ့ ထိပ်တန်းလက်ရာပါဘဲ
တို့လဲဝိတ်လျော့နေတာ
ဒီလိုလက်ရာမျိုးသာဆိုရင်တော့ ဝချင်လဲ ဝပါစေတော့ တစ်လံုးလုံးတောင် ကုန်အောင်စားမိမယ် ထင်တာဘဲး)

Evy said...

စူးနွယ်ရေ မုန့်ဗန်းက ၁၇ စင်တီမီတာ ရှိတဲ့ဗန်းပါ။

Anonymous said...

ကျေးဇူး...စမ်းကြည့်ချင်လို့ :D

စူးနွယ်လေး

Anonymous said...

Ma Evy ဒီလိုပဲ စိတ်ဝင်စားလို့ စမ်းကြည့်လိုက်တာ အောင်မြင်တယ် .. စားကောင်းတယ် .. ဒါပေမယ့် ချိစ်က ခရင်ချိစ်မရဘူး .. အဲ့ဒါနဲ့ proceed cheese သုံးလိုက်ပါတယ် ရလားတော့မသိ နဲနဲငန်သလိုခံစားရတယ် ချိစ်အမျိုးအစားမတူလို့လားမသိဘူးနော်..
yoe lay

Evy said...

Yoe Lay ရေ cream cheese ကလုံးဝမငန်ပါဘူး အဆိမ့်အရသာပဲရှိပါတယ်။ သူကခရင်မ်ထက်နဲနဲလေးပဲမာတယ်။

Anonymous said...

Ma Evy ရေ.. အဲ့ဒါကြောင့်မို့နဲ့တူပါတယ် .. ဒီက စူပါမားကတ်တွေမှာ ရှာကြည့်တာ ခရင်မ်ချိစ်လုံးဝရှာမရဘူးလေ.. အဲ့ဒါနဲ့ရှိတဲ့ချိစ်သုံးလိုက်တာ .. proceed cheese ပဲရလို့လေ.. ဒါကြောင့်ငန်သွားတယ်ထင်ပါတယ် .. ကျေးဇူးပါနော်.. သမီးလေးက သင်္ကြန်မှာမွေးတာလေ.. သူ့အတွက် ဘတ်ဒေးကိတ်ဝယ်မရလို့စိတ်မကောင်းဖြစ်နေတာ နောက်နှစ်မွေးနေ့ကျရင် ဒီကိတ်လေးနဲ့ ဘတ်ဒေးလုပ်ပေးဦးမယ် :)
yoe lay

Evy said...

ကလေးကြိုက်မယ့်မုန့်မျိုးလေး။ အချိန်တွေအများကြီးရှိသေးတော့ စိတ်ကြိုက်စမ်းလုပ်လို့ရတာပေါ့။ :-)

Anonymous said...

ဒါနဲ့ ခရင်ချိစ်အစားတခြားဘာသုံးလို့ရလဲမသိဘူးနော်... proceed cheese ကြီးကတော့ အခဲဆိုတော့ microwave နဲ့ဖျော်လဲမပျော်.. လက်နဲ့ချေတာလဲမကြေဆိုတော့ blender ထဲထည့်ဖျော်ရတဲ့ထိကိုဖြစ်သွားပါတယ်.. ပီးတော့ တစ်ခုသိချင်တာက ကိတ်မုန့်ဖုတ်ရင် oven ထဲကို အဖုံးဖုံးထည့်ရလားမသိဘူးနော်.. အခုဖုတ်ထားတာ အပေါ်ယံကြောက နဲနဲတင်းပီး ကျွတ်နေလို့ပါ.. ပီးခဲ့တဲ့အပတ်က သရက်သီးကိတ်လဲစမ်းပီးပါပီ အရမ်းစားကောင်းတယ် .. စိန်တလုံးနဲ့ လုပ်လိုက်တယ်.. သူလဲအပေါ်ယံကြောတင်းတယ်
yoe lay

Evy said...

မ Yoe Lay ရေ။ ဖတ်ဖူးတာတော့ plain yogurt ကိုအ၀တ်ပါးစတစ်ခုမှာ ရေစစ်ထားပြီးသုံးရင် ရပါတယ်တဲ့ ။ ညလုံးပေါက်ရေစစ်ခိုင်းတာပါ။ မစမ်းတော့ မစမ်းဖူးဘူး။ မုန့်ဖုတ်တာ အပေါ်ယံမာတာက မီးများလို့ပါ။ အာဗင်တစ်ခုနဲ့ တစ်ခုက အပူချိန်နဲနဲကွာတော့ အဲလိုပဲဖြစ်တတ်ပါတယ်။ အဲဒါဆိုရင်တော့ မYoelay ပြောသလို မုန့်ဗန်းကို အလူမီနံစက္ကူနဲ့အုပ်ပြီး ရင်ရပါတယ်။ မုန့်ဖုတ်ပြီး ၁၀ မိနစ်လောက်နေရင် အုပ်လိုက်ရင်ရပါပြီ။ ဒါမှမဟုတ်လဲ အပေါ်မီးကို ၁၀ ဒီဂရီလောက်လျော့သည်ဖြစ်စေ၊ မုန့်ဗန်းကို အနိမ့်ဆုံးအဆင့်မှာဖြစ်စေ ထားပြီးဖုတ်ရင် အဆင်ပြေမယ်လို့ထင်ပါတယ်။

BabyAngle said...

အမရေ.. ချောကလက်အလွှာလောင်းဖို့အတွက် ချောကလက်ရည်က ဘာနဲ့လုပ်တာလည်းအမ...

Evy said...

ညီမရေ အဲဒီမှာ Choco Batter အတွက်
Butter 100g
Sugar 80g
Flour 80g
2 Eggs
2 Tbsp of Cocoa Powder
2 tsp of baking powder
2 Tbsp of milk
ဆိုပြီး အစ်မရေးပေးထားပါတယ်။

BabyAngle said...

မျက်စိရှန်းသွားလို့အမ.. ကျေးဇူးပါနော်...

Unknown said...

not success! !! where I wrong I don't know. my cakes gone crack .not become sponges? what can I do