ခုတစ်လော အလုပ်တွေများပြီး နေသိပ်မကောင်းတာနဲ့ ဘလော့ကို ပစ်ထားသလိုဖြစ်နေတာကြာပါပြီ။ ပေးထားတဲ့ ကတိများလည်း (ဟင်းချက်နည်းများ) ပျက်ကွက်နေလို့ အရမ်းအားနာမိပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမှ မလုပ်နိုင်ဖြစ်နေလို့ အားနာနာနဲ့ ထပ်ပြီးရက်ရွှေ့ရပြန်ပါတယ်။ နောက်လကစပြီး ဟင်းချက်နည်းတွေ၊ မုန့်လုပ်နည်းတွေ ပုံမှန်ပြန်တင်ဖြစ်မယ်ထင်ပါတယ်။ ခုတော့လောလောဆယ် စာဖတ်သူများနဲ့ အဆက်မပြတ်သွားအောင် အဆင်သင့်ရှိတဲ့ muffin လုပ်နည်းလေးကိုပဲ ဝေမျှပေးပါ့မယ်။
ဒီနည်းက ကျွန်မ မုန့်ဖုတ်သင်တန်းတက်တုန်းက ရခဲ့တဲ့နည်းလေးပါ။ သင်တန်းကဆရာတွေ ပေးတဲ့ လုပ်နည်းဆိုတော့ အရသာကနဲ့ မုန့်သားကတော့ ပြောစရာမလိုအောင်ကောင်းပါတယ်။ နည်းပေးတုန်းကတော့ အခု ၄၈ခုစာနည်းပေးတာပါ။ သင်တန်းသားက ၄ ယောက်တစ်ဖွဲ့ကိုး။ ဒါပေမယ့်လည်း အိမ်မှာလုပ်စားတဲ့သူတွေ အဆင်ပြေအောင် recipe ကိုပြန်ပြီး တွက်ပေးလိုက်ပါတယ်။
ဒီrecipe က Muffin ၉ခုစာပါ။
ပါဝင်ပစ္စည်းများ
- ဂျုံ - 160g
- သကြား - 140g
- baking powder - 1 tsp
- ဆား - 1/4 tsp
- ကြက်ဥအကြီး ၁ လုံး
- နို့စိမ်း (သို့) ရိုးရိုးနို့ - 60g + 1tsp of vanilla extract
- ထောပတ် ၈၀ ဂရမ်
- ပန်းသီးအသေးတစ်လုံး (သေးသေးစိတ်ပြီး သစ်ဂျပိုးမှုန့်နဲ့ရောနယ်ထား)။ ပန်းသီးက သစ်ဂျပိုးနဲ့အလိုက်ဆုံးပါ။ အဲဒါမပါရင် ဒီမုန့်က အသက်မ၀င်တော့သလို့ ခံစားရတယ်။ ကျွန်မကတော့ သစ်ဂျပိုးမှုန့်ရဲ့ အနံ့ကို မုန့်ဖုတ်တာ အတွက်တော်တော်နှစ်သက်ပါတယ်။
လုပ်နည်း
- ပထမဆုံး ဂျုံနဲ့ ဘိတ်ကင်ပေါင်ဒါကို ရောမွှေစကာချထားပါ။
- သကြားနဲ့ ထောပတ်ကို ပွအောင်မွှေ
- ကြက်ဥကို ထည့်၊ သမအောင်မွှေ
- ခုနကဂျုံအရောကို ၂ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
- ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပါ။
- နောက်ဆုံးမှ ပန်းသီးစိတ်ထားတာကိုရောမွှေထည့်
- ပြီးရင် ခုနက ပုံစံခွက်လေးထဲထည့်ပြီး ၁၉၀ အာဗင်မှာ ၁၀ မိနစ်လောက်ဖုတ်၊ ပြီးရင် ၁၈၀ကိုလျော့ပြီး ၈ မိနစ်လောက်ဖုတ်လိုက်ရင်ရပါပြီ။
- မုန့်ကျက်မကျက်ကို ၀ါးတံလေးထိုးပြီး စမ်းသပ်ပါ။ မုန့်နှစ်ကပ်ပါမလာရင်ရပါပြီ
15 comments:
Oh, they look sooo goood!
Check out my blog: http://bakingcraze.blogspot.ie/
သစ်ဂျပိုး အမှုန့် ကို englisn လိုဘယ်လိုခေါ်ပါလဲ ခင်ဗျ
cinnamon powder လို့ခေါ်ပါတယ်
ကိုယ်တိုင်တော့ တခါမှ အဲ့လိုလုပ်မစားဖူးဘူး...
လုပ်တတ်တဲ့လူတွေတော့ အရမ်းသဘောကျတယ် :D
ပန်သီးနဲ့ဆိုတော့ အနံ့လေးလည်း မွှေးနေမှာပဲ။ လုပ်စားဦးမယ် မအိရေ။
ဒါနဲ့ အစ်မရဲ့ cheese cake နည်းနဲ့လုပ်တဲ့ကိတ်ကတော့ အောင်မြင်သွားပြီ။ ၂ခါတောင်လုပ်ပြီးပြီ။ အိမ်က ပရိသတ်ကတော့ အဲ့ဒါပဲတောင်းဆိုနေကြတယ်အစ်မရေ ... ကျေးဇူးအရမ်းတင်ပါတယ်။
ကိုယ်ကအဲဒီ သစ်ဂျပိုးကိုမုန့် တွေမှာ သိပ်မကြိုက်တတ်တော့ခက်တယ်။ ဟင်းထဲကျတော့ရတယ်။း)
အမေရိကန်မုန့် အများစုမှာ ဒါဘဲထဲ့ကြတော့မစားဘူးတာကိုစာမဖတ်ပဲဝယ်စားရင်တန်းတိုးတာဘဲ။
ကြုံတုန်းလေး Ads တွေအားလုံးလိုလို clickပစ်ခဲ့ပြီး အဲဒီ ဆိုဒ်တွေပါဖွင့်လိုက်တယ် သေချာအောင်လို့ ။
ဒီနေ့ အကောင့်ကိုဖွင့်ကြည့်လိုက်နော် ပိုများသွားသလားလို့ ...
အိုင်အို၇ာ
ဟင်..မန့် ထားတာလည်းမပေါ်ဘူးကွာ။
ရှိစေတော့။
Ads တွေမြင်သမျှအကုန် click ပြီး ဆိုဒ်တွေပါဖွင့်လိုက်တယ်။ အကောင့်မှာကြည့်လိုက်နော်။ ခါတိုင်းထက်ပိုများနေသလားလို့ ။း)
အိုင်အိုရာ
လာလည်သူများအားလုံးကိုကျေးဇူးအထူးပါ။ မုန့်ဖုတ်နည်းတွေအဆင်ပြေတာသိရလို့ အရမ်းဝမ်းသာရပါတယ်။
အိုင်အိုရာရေ။ Comment Moderation လုပ်ထားလို့ပါ။ အိုင်အိုရာ မန့်ထားတာလေးတွေအားလုံးရပါတယ်ရှင်
Evy ရေ
မုန်.တွေ အသစ်ထပ်လုပ်တာ မတွေ.တာ ကြာသွားပလားလို.။ အခု Muffin လေးတွေ တွေ.တော့ လာ စပ်စုသွားပါတယ်။ ဒီ စနေ တနင်္ဂနွေအားလို. ဘာမုန်.လုပ်စားရ ကောင်မလဲ တွေးနေတာ .. အခုတော့ ဘာစမ်းရမလဲ အကြံရပြီ ..ကျေးဇူးပါ။
ပန်းသီး သစ်ဂျပိုးမုန့် လုပ်နည်းလေးအတွက် ကျေးဇူးပါ Evy ရေ။ အခုအိမ်မှာ နားနားနေနေ နေရတုန်းလေး စမ်းလုပ်ကြည့်မယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သစ်ဂျပိုးနံ့လေးးတောင် မွှေးလာသလိုဘဲ
မုန့်ကလေးက ချစ်စရာ စားချင်စရာလေး
တစ်ခါမှ ဟုတ်တိပါတ်တိ bake မလုပ်ဖူးပေမယ့် အစ်မနည်းအတိုင်း အတိအကျ လိုက်လုပ်လိုက်တာ အောင်မြင်သွားတယ်.. thanks for the recipe!!! :)
ပန်းသီးနဲ့လုပ်တဲ့ကိတ်အရမ်းစားချင်တယ်။
စားချင်တယ်.........
cinnamon powder ဘယ်လောက်ထဲ့ရမလဲအမ
Post a Comment