Thursday, February 24, 2011

Sweet Lassi - ဒိန်ချဉ်




လုပ်ရတာ အရမ်းလွယ်တဲ့ ဒိန်ချဉ်ပါ။ ဒါကိုများ ဆိုင်တွေမှာ 3- 4 $ နဲ့ရောင်းကြသေးတာ။  လုပ်နည်းက  plain yogurt နဲ့ နွားနို့ဆတူရော၊ သကြားကို လိုသလိုထည့်ပြီး blender ထဲထည့်မွှေလိုက်ရင် ရပြီ။ အိမ်မှာဖျော်တုန်းက အချိုးအဆကိုရေးပေးလိုက်မယ်နော်။

Plain Yogurt - 250ml
Low Fat Milk - 250ml
Sugar - 4 Table Spoons

အဲဒါတွေအားလုံးကိုရောမွှေလိုက်ရင် ဆိုင်က ရောင်းတဲ့ ဒိန်ချဉ်အတိုင်းကို ရပါတယ်။



နောက်တစ်မျိုး အချိုပွဲက သစ်တော်သီးနဲ့ ဒိန်ချဉ် အချိုကိုရောထားတာပါ။ ဒီဒိန်ချဉ်ကတော့ ဆိုင်ကဗူးနဲ့ အသင့်ဝယ်ထားတာ ဘာမှ ပြင်စရာမလိုပဲ တစ်ခါထဲ ထည့်စားလိုက်ရုံပဲ။ တစ်လောက စာအုပ်ထဲမှာ ဖတ်ဖူးလိုက်တာ နေ့တိုင်းဒိန်ချဉ် စားပွဲဇွန်းတစ်ဇွန်း စားပေးရင် ၀ိတ်ကျတယ်ဆိုလားပဲ။ စိတ်ဝင်စားရင် စမ်းကြည့်ကြပါ။



5 comments:

Anonymous said...

ဒိန်ချဉ်ကြိုက်တယ်။ နွားနို့ထည့်ရတာ မသိဘူး။ လုပ်ကြည့်ဦးမှ

စူးနွယ်လေး

စန္ဒကူး said...

အဲလိုမျိုးစမ်းဖူးတယ်..ဆိုင်ကရောင်းတဲဟာလို သိပ်မချဉ်တော့ဘူး..အရသာလေးလဲပေါ့သွားတယ်..
နောက်တော့ ကိုယ်တိုင်ဒိန်ချဉ်လုပ်ဖို့ကြံစည်တော့တာဘဲ..ဒါပေမယ့်မအောင်မြင်သေးပါဘူး

Evy said...

စူးနွယ်ရေ စမ်းကြည့်ပါ သောက်လို့ကောင်းတယ်

ကူးကူး ပိုချဉ်ချင်ရင် Plain Yogurt ကို နဲနဲပိုထည့်လိုက်လေ။ အခုအချိုးအဆကတော့ သိပ်လည်း မချိုဘူး ၊ ခပ်ချဉ်ချဉ်လေးပဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝိတ်ကျတယ်ဆိုတာနဲ့တင် ဒိန်ချဉ်ကို စိတ်ဝင်စားတား)
ဒိန်ချဉ်မှာ အခြားကောင်းကျိုးတွေ ရှိသေးတယ် အထူးသဖြင့် အမျိုးသမီးတွေနဲ့ သင့်တော်တယ်လို့ ကြားဖူးတယ်
အင်း ဘယ်လိုဖြစ်ဖြစ် အစားအသောက်ဆိုမှတော့ ကြိုက်ပြီးသားပါဘဲလေ
အစားက လူနဲ့တည့်တာကိုး နော်း)

Shinlay said...

သူ့ အတွက်လုပ်ပေးအုံးမယ်။
ကျမကတော့ နွားနို့ နဲ့ မတည့်လို့  ....
အလုပ်ပိတ်ရက်မှာစမ်းလုပ်ကြည့်မယ်။