ခုတစ်လော ဒီမှာ ပိတ်ရက်တွေများနေပါတယ်။ မေဒေးနေ့ ကစနေမို့လို့  တစ်ရက်အစားပြန်ပိတ်ပေးတာရယ် ၊သူတို့ရွေးကောက်ပွဲ မေ-၇ ရက်နေ့ စနေနေ့မှာကျလို့  တစ်ရက်အစားပြန်ပိတ်ပေးမှာရယ်၊ ပြီးတော့ ကဆုန်ညောင်ရေသွန်းပွဲ ပိတ်မှာရယ်  နဲ့ ၃ ပတ်ဆက်တိုက် ၄ရက်ပဲအလုပ်လုပ်ရမှာမို့ အထူးပျော်နေတာပါ။  ခုလောလောဆယ်တော့ ပထမ မေဒေး တစ်ပတ်ပြီးသွားပါပြီ။ ၃ ရက်သာပိတ်တာ  ခဏလေးလိုပါဘဲ။ လုပ်စရာတွေတော့ တော်တော်များများပြီးသွားတယ်လို့ ပြောလို့ရပါတယ်။ 
 
နောက်တစ်ခုက ခရီးသွားတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီး  ဓာတ်ပုံတွေဖလှယ်၊ အစားအသောက်တွေ ဖလှယ်ကြပါတယ်။ စားစရာတော်တော်များများ  လုပ်ဖြစ်ပါတယ် (ဓာတ်ပုံတော့ အကုန်မရိုက်လိုက်ရဘူး)။  လုပ်စားပြီးသားတွေများပါတယ် ။ ကြက်ကင်၊ တရုပ်ကောက်ညှင်းထုပ်၊ ချိစ်ကိတ် နဲ့  ရှမ်းအစားအစာခေါက်ဆွဲတစ်မျိုးပါ
။ အစားငမ်းနေတာနဲ့  ချိစ်ကိတ်တစ်မျိုးပဲ ရိုက်နိုင်လိုက်ပါတယ်။ ရှမ်းအစားအစာက  အဲဒီသူငယ်ချင်းလုပ်တာပါ (အဲဒီ အစ်မက ရှမ်းစာတွေလုပ်တာတော်ကြောင်း  ကျွန်မအရင်တုန်းကပြောဖူး မယ်ထင်ပါတယ် ၊ခေါက်ဆွဲ အရမ်းစားကောင်းတယ် အသီးအရွက်တွေနဲ့ ချဉ်စပ်လေး) ။  အဲဒါနဲ့ လိုက်အောင် အချိုပွဲ ကို ချိစ်ကိတ်လုပ်လိုက်တာပါ။ အရင်ကနည်း  အတိုင်းပါဘဲ။ ဒီတစ်ခါတော့ အပြောင်းအလဲ ဖြစ်အောင် ဘလူးဘယ်ရီ အစား  စတော်ဘယ်ရီပဲ ထည့်လိုက်တယ်။
နောက်ဆုံး လုပ်ချင်ဆုံးအရာတစ်ခုကို မလုပ်လိုက်ရဘူး။ အဲဒါကတော့ မနော်ဖော  
(Rose of Sharon) နဲ့ မတွေ့လိုက်ရတာပါ။ စလုံးရောက်လာတဲ့ခဏလေးမှာ အစ်မက  သတိတရဖုန်းဆက်ရှာပါတယ်။ Weekdays တွေဖြစ်နေတာရော ကျွန်မက မအားတာနဲ့ပါ  ဖုန်းနဲ့နှူတ်ဆက်ပြီးပဲ ကျေနပ်လိုက်ရတယ်။  ဒါပေမယ့် မနော်က  အရမ်းနားလည်မှုရှိပါတယ် ၊ ခင်စရာည်းသိပ်ကောင်းမှန်း စကားပြောရုံနဲတင်  သိသာပါတယ်။ နောက်တစ်ခေါက် ကျရင်တော့ ဖြစ်အောင်တွေ့ကြမယ်လို့တိုင်ပင်ထားပါတယ်။
 
ကဲခုတော့ ချိစ်ကိတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ လုပ်နည်းသိချင်ရင် 
ဒီကို သွားကြည့်လိုက်ပါနော်။ 
 
  ဒါနောက်ဆုံးပုံ
 ပထမဆုံး ဘီစကစ်တွေကို ချေပြီး base လုပ်၊ ပြီးရင် စတော်ဘယ်ရီသီးခင်း
 ဒီလိုအပြည့်ခင်း
 ပြီးမှ ချိစ်ကိတ်လုပ်မယ့် မုန့်နှစ်လောင်းထည့်
မုန့်ဖုတ်ဖို့အသင့်ဖြစ်ပြီ
မုန့်ကျက်ပြီ
စားလို့ရပါပြီ