Monday, May 14, 2012

Coca Cola Chicken/ ကိုကာကိုလာနဲ့ ချက်တဲ့ကြက်သားဟင်း


ဒီတစ်ခါမှာ စားလို့သိပ်ကောင်းတဲ့ ကိုကာကိုလာကြက်သားဟင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟုတ်ပါတယ် ကြက်သားကို ကိုကာကိုလာနဲ့ ချက်ထားတာပါ။ ကျွန်မလဲ ကြားခါစကတော့ အထူးအဆန်းဖြစ်မိပါတယ်။ ဘယ်လိုဟင်းမျိုးပါလိမ့်ပေါ့။ ဒါပေမယ့် စမ်းကြည့်ပြီးသွားတဲ့ အခါမှာတော့ နောက်ထပ် အခါခါချက်ရမယ့်ဟင်းစာရင်းထဲကို ပါသွားပါတော့တယ်။ အရသာက ခပ်ချိုချိုနဲ့မို့ ထမင်းနဲ့စားမှာထက် Appetizer လိုမျိုးစားဖို့ပိုသင့်တော်ပါလိမ့်မယ်။ ဒင်ဆမ်းမှာပါလေ့ရှိတဲ့ ကြက်ခြေထောက်ပေါင်းသဘောမျိုးပေါ့။ ကျွန်မရဲ့ guinea pig တစ်ဖြစ်လဲ အိမ်ဦးနတ်ကတော့ ဒီဟင်းလေးကို အရမ်းကိုသဘောကျပါတယ် :P ။ recipe ကို share ပေးတဲ့  HBS ကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း။ Thanks much HBS for sharing such a wonderful recipe. This is going to be a keeper for me.

ပါဝင်ပစ္စည်းများ
  • Chicken drumettes 5
  • Coke 250ml
  • ငရုပ်ပွရောင်စုံ
  • ဆား လက်ဖက်ရည်တစ်ဇွန်း
  • ငရုပ်ကောင်း လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပျာရည်အနောက် စားပွဲဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ အကြီး ၁လုံး - ပါးပါးလှီးထား
  • ကြက်သွန်ဖြူ ၃ မွှာ - ဓါးပြားရိုက်ထား
  • ဂျင်း လက်တစ်ဆစ်စာ- ပါးပါးလှီးထား


 
  1. ပထမဆုံးကြက်သား drumettes ၅ ခုကို ဆား၊ ငရုပ်ကောင်း၊ကြက်သားမှုန့်၊ ပဲငံပျာရည် အနောက် နှမ်းဆီတို့နဲ့ ရောနယ်ပြီး နာရီဝက်လောက် နှပ်ထားလိုက်ပါ
  2. ဆီ စားပွဲဇွန်း ၁ ဇွန်ကိုအပူပေးပြီး ကြက်သွန်ဖြူ၊နီ၊ဂျင်းကို ဆီသတ်ပေးပါ။
  3. ကြက်သွန်တွေ နွမ်းသွားပြီဆိုရင် ကြက်သားကိုထည့်ပြီးခဏလုံးပေးပါ။ ပြီးရင် ရေအနည်းငယ်ထည့်ပြီး ကိုကာကိုလာတွေကိုပါ ထည့်ပေးပါ။
  4. ဆူပြီဆိုရင် မီးလျော့အဖုံးအုပ်ပြီ်း၄၅ မိနစ်လောက်တယ်ရပါမယ်။ ချကာနီး ၅ မိနစ်အလိုလောက်မှာမှ ပါးပါးလှီးထားတဲ့ ပန်းငရုပ်ပွတွေကိုထည့်လိုက်ပါ။
  5. အနှစ်တွေတော်တော်ပျစ်လာပြီဆိုရင် ချပြီးသုံးဆောင်လို့ရပါပြီ။

အရမ်းကိုစားကောင်းတဲ့ ဟင်းတစ်ခွက်မို့ စမ်းကြည့်စေချင်ပါတယ်

14 comments:

Mrs. Bagel said...

OMG! OMG! I want to be your guinea pig :D

မီးမီးငယ် said...

အင်းးးကောင်းမှာဘဲ။
တခါက ထိုင်းမှာနေတုံးသူငယ်ချင်းအခြောက်တယောက်၊
ချက်ကျွေးတာစားဖူးတယ်။
ချက်နည်းတော့မတူဘူး။
သူက ကိုကာကိုလာပုလင်းကြီးနဲ့ ပြုတ်လိုက်တာ။
ရှလွတ်ရှလွတ်..အပြတ်ဆွဲသွားပြီဗျို့ ..။

Anonymous said...

I want to be your Guinea pig too. :D
Iora

Anonymous said...

ခေါင်းစဉ်တွေ့တာနဲ့တင်
တော်တော်စိတ်ဝင်စားသွားတယ် ..း))
နေ့တိုင်း စားရတဲ့ ကြက်သားကို ဒီဇိုင်းအသစ်နဲ့
နောက်နေ့အားရင် လုပ်စားကြည့်လိုက်အုံးမယ် .. ;)

ခင်မင်လျှက်
ဆောင်းနှင်းရွက်

စံပယ်ချို said...

ထူးထူးဆန်းဆန်းလေးနဲ့ စားချင်စရာလေး
တခါလောက်တော့ချက်စားဦးမယ်

Q-te said...

စားကောင်းမယ့် ပုံပဲနော်
ချက်စားဖို့ တခု တိုးသွားပြီ
လောလောဆယ် ဘောင်ဘီဆိုက်တိုးနေ၏ :D :D

Candy said...

ထူးထူးဆန်းဆန်းပဲနော်.. အဲ့ဟင်းနာမည်လေးကို ခုမှ ကြားဖူးတယ်.. စားလည်း မစားဖူးဘူး..

မျှဝေလို့ကျေးဇူးပါနော် :D

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုက်တယ်
ထူးထူးဆန်းဆန်းလေးဘဲ
လိမ္မော်ရည်နဲ့ဘဲ စားဖူးတယ်
ကိုကာကိုလာနဲ့ စားဖူးသေးဘူး
အရသာထူးမှာ သေချာတယ်နော်။ စားချင်စာလေး ရှလွှတ်..

mstint said...

စားကောင်းမဲ့ပုံလေးပဲ ဆန်းဆန်းပြားပြားနည်းလေးကို သေချာလေ့လာ မှတ်သားသွားတယ် Evy ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thinzar said...

thanks for the recipe!! အစ်မရေးထားတာလေးဖတ်ပြီး မနေ့က လုပ်စားလိုက်တယ်.. ကောင်းမှကောင်းဘဲ.. တစ်အားကြိုက်သွားပြီ :)

Tuumar said...

အားတဲ့တစ်ရက်ချက်စားကြည့်မယ်နော်
ကြက်သားနဲ့ငါးဘဲစားတော့အခုလိုဆန်းဆန်းပြားပြားလေးတွေကိုသဘောကျတယ်

Evy said...

အားပေးလို့အားလုံးကို ကျေးဇူးအများကြီးတင်ပါနော်။

Shinlay said...

တနင်္ဂနွေနေ့ ချက်စားမယ်နော်။ ကျေးဇူးပါပဲ။

Mrs. Bagel said...

http://web.stagram.com/p/204131510515775317_47709204 << ညီမ လိုက်ချက်ကြည့်ထားတာ