ဒီတစ်ခါတော့ ဒီပေါင်မုန့်ကို သုံးထားပါတယ်။ အနံ့ကတော့ တော်တော်မဆိုးဘူး။ Garlic Spread ကရတဲ့ အနံ့နဲ့တော်တော်ဆင်ပါတယ်။ အဲဒါကို မကြိုက်ရင် ရိုးရိုးပေါင်မုန့်အလုံးလေးတွေသုံးလဲရမှာပါ။
ဒါကတော့ ထည့်ရမယ့် အဆာပလာတွေ။ အသီးအရွက်ထပ်စားချင်သေးတယ်ဆိုရင် သခွားသီး၊ ငရုပ်ပွနဲ့ ကြက်သွန်နီကိုလှီးထည့်နိုင်ပါသေးတယ်။ အိမ်မှာတော့ လောလောဆယ် ဒါလေးတွေပဲရှိလို့။ ဘေးက ကြက်သား ကို နှမ်းဆီ၊ ပဲငံပျာရည်နဲ့ ပြုတ်ပြီး သေးသေးလှီးထားတာပါ။
ပေါင်မုန့်ကို ၂ ခြမ်းခြမ်းပြီး ကင်လိုက်တယ်
ရှိသမျှအဆာပလာတွေထည့်ပြီးရင် စားလို့ရပြီပေါ့။ အိမ်မှာတော့ ညနေစာဆိုရင် အဲဒါမျိုးပဲ ဖြစ်ဖြစ်။ ခရမ်းချဉ်သီး (ချဉ်စပ်)သုပ် တို့ မြန်ပြီး မညှော်တဲ့ဟာတွေစားတာများပါတယ်။ အလုပ်ရှုပ်သက်သာမယ့် ညနေစာပေါ့။
8 comments:
လွယ်တယ်လို့သာ ထင်ရတာ
တကယ်လုပ်ကြည့်ပါလား ခက်တယ် Evy လေးရဲ့
စာကြည့်ချင်တယ်။
မြန်ကောင်းသက်သာဆို ကြိုက်တာပဲ :)
စူးနွယ်လေး
It seems simple and delicious too. Thank you for sharing with beautiful photo. Love it :)
nice, nice, :D
မြည်းကြည့်မယ်နော် :))
ရှိသေးရင် နည်းနည်းကျွေးပါး)
နောက်ကျမှ ရောက်လာလို့ ကုန်ပြီထင်ပါရဲ့
အသစ်ပြန်လုပ်ကျွေးနော်
မစားရရင် မပြန်ချင်တော့ဘူး
အခုမှလာလည်တာ..ပေါင်မုန့်အသားညှပ်နဲ့တန်းတိုးသွားတယ်.. ရှယ်ပဲ.. ရှလွတ်.. :P.. မသိပဲ ၀င်စားသွားတယ်... ဟဲဟဲ...
ခင်မင်လျက်
နေ၀ဿန်
ကြိုက်တယ်...ကြိုက်တယ် မမEvy ရေ...Focaccia Bread မို့လို့ပိုကြိုက်တယ်...
Post a Comment