Monday, September 5, 2011

Blog anniversary & Chocolate Swiss Roll



အားလုံးပဲ မင်္ဂလာပါ။ မုန့်ဖုတ်ဖို့ အချိန်ပြန်ကျလာပြန်ပါပြီ။ ဒီတစ်ခါမုန့်ဖုတ်ရတဲ့ ရည်ရွယ်ချက်က နဲနဲထူးပါတယ်။ ၂ ခါထပ် နှစ်ပတ်လည် လို့ ဆိုရပါမယ်။ ရှုပ်သွားပြီလားမသိဘူး။ တစ်ခု ဘလော့သက်တမ်း ၂ နှစ်ပြည့်တဲ့ နှစ်ပတ်လည် နဲ့ နောက်တစ်ခုက ကိုယ်တိုင်မွေးနေ့ နှစ်ပတ်လည်ပါ။ တိုက်တိုက်ဆိုင်ဆိုင် ၁လထဲ ဖြစ်နေတာကို ဒီ နှစ်မှပဲ သတိထားမိပါတော့တယ်။ ခါတိုင်းတော့ သူများမွေးနေ့တွေအတွက် မုန့်ဖုတ်ရတာပါ ဒီတစ်ခါတော့ ကိုယ့်အတွက်ကိုယ်ပေါ့ :D . ဒါပေမယ့် သူများမွေးနေ့အတွက်လို layer cake မလုပ်ဖြစ်ပါဘူး။ Swiss Rollလည်းမလုပ်တာကြာပြီဆိုတော့ အဲဒါပဲလုပ်မယ်စိတ်ကူးပြီး ရိုးရိုး Chocolate Swiss Roll လေးပဲလုပ်လိုက်ပါတယ်။ မလုပ်တာကြာပြီမို့ ကိုယ့်ဘာသာကိုယ်တောင် သိပ်ယုံကြည်မှုမရှိတော့သလိုပဲ။ တော်ကြာနေရင်း roll လုပ်နေရင်းနဲ့ ကွဲများသွားမလား။ မုန့်မှ ပွပါ့မလားနဲ့ တထိတ်ထိတ်နဲ့ လုပ်အပြီးမှာ ကောင်းကောင်းမွန်မွန်ထွက်လာမှ သက်ပျင်းချနိုင်ပါတယ်။ စိတ်ဝင်စားသူများ လုပ်နိုင်အောင် မုန့်လုပ်နည်းကို ပြန်ကူးပေးလိုက်ပါတယ်။

အိမ်ကမုန့်ဗန်းလေးက နဲနဲသေးပါတယ် ( for 8"x11" baking pan)
  • 3 eggs
  • 60g caster sugar
  • 30 ml of corn oil
  • 80g of all purpose flour
  • 1/8 tsp of cream of tar tar
  • 1 tsp of baking powder
  • 1 tsp of vanilla extract
  • 2 Tbs of milk


Method
  1. Sift the flour, cream of tar tar and baking powder in a bowl. Set aside.
  2. In a mixing bowl, beat the egg for about 2 minutes. Add in sugar and beat the mixture till smooth and creamy (ribbon like texture).
  3. Add the flour mixture (I added them in 2 separations),milk and vanilla extract into number (2). Mix well till it comes to a thick paste.
  4. Add the corn oil in and mix well gently using spatula.
  5. Pour the batter into (8"x11") baking pan and bake in 170 degree C preheated oven for 9 mins.
  6. Leave the sponge layer to cool completely in the baking pan.
  7. Spread some choloate paste and roll up gently using parchment paper.


အဲဒါတွေအပြီး ပိုနေတဲ့ ချောကလက် paste လေးတွေကို အပေါ်ကလောင်းပြီး အလှဆင်လိုက်ပါတယ်။ ဒါဆိုရင် မုန့်လှလှလေးရပြီပေါ့

10 comments:

စူးနွယ်လေး said...

ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ...

ကိတ်လေးက လှလှ။ စားချင်လာပြီ :D

ဘေဘီ said...

ဘလောဂ့်၂နှစ်ပြည့်မှသည် နှောင်နှစ်ပေါင်းများစွာထိ
မုန့်များ ဟင်းများ ချက်ကျွေးနိုင်ပါစေ။ ထပ်တူပျော်ရွှင်
စရာမွေးနေ့လေးဖြစ်ပါစေ။ ဆန္ဒနဲ့ဘ၀ ထပ်တူကျပါစေ

Aunty Oo said...

မွေးနေ.မှာစိတ်ချမ်းသာ၍ကိုယ်ကျန်းမာပြီးဆန္ဒ
မှန်သမျှပြည့်ဝပါစေ။ဘလော့လဲသက်တမ်းရှည်စွာ
တည်တံခိုင်မြဲအဒွန်.ရှည်ပါစေ။မွေးနေ.ကိတ်လေး
လဲစားသွားပါတယ်။

Mrs. Bagel said...

Happy Birthday Ama and Happy 2nd anniversary for the little pigeon hole :) It is my favourite place, too.

Anonymous said...

အစ်မအိုင်ဗီ၏ ဘလော့ဂ် ၂ နှစ်ပြည့်မှသည် ကိတ်လေးတွေလုပ်ပြီး ဘလော့ဂ်မှာ ပျော်ရွှင်စွာ ဆက်လက်ရေးသားနိုင်ပါစေ။

မွေးနေ့မှာလည်း ချစ်သော မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အေးချမ်းသော ဘ၀လေးကို ဆက်လက် ပိုင်ဆိုင်ရရှိပါစေ။

ခင်မင်စွာဖြင့်
rose

သက်ဝေ said...

ဘလောဂ့်၂နှစ်ပြည့်မှသည် နှောင်နှစ်ပေါင်းများစွာထိ
ကိတ်မုန့်တွေ အများကြီး အများကြီး ကျွေးနိုင်ပါစေ...

မွေးနေ့ပေါင်းများစွာကိုလည်း ချစ်သောသူများနဲ့အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ...

TZH1985 said...

ဒီဘလော့ကို သိတာ နောက်ကျသွားတယ်...

Evy said...

ဘလော့ နှစ်ပတ်လည်ရော၊ မွေးနေ့အတွက်ပါ ဆုတောင်းပေးသော ချစ်သူငယ်ချင်းများအားလုံး ကျေးဇူးပါနော် :-)

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy Birthday ပါ၊
Happy anniversary ပါ
ကိတ်မုန့်လှလှလေးကို လာအားပေးပါတယ်။ ပါဆယ်လဲ ဆွဲသွားမယ်နော်
မွေးနေ့မှသည် နောင်တစ်သက်လုံး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေနော်
ဆန္ဒအားလုံးပြည့်ဝပါစေလို့
မုန့်တွေလည်း အများကြီးဖုတ်နိုင်ပါစေ

Q-te said...

နောက်ကျသွားပီး ဒါပေမယ့်အရမ်း နောက်မကျတေးဝူး ဟတ်ပီဘတ်ဒေးပါ မမ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနှင့်အတူ စိတ်သွားတိုင်းကိုယ်ပါ ဘာသာအကျိုး သာသနာ့အကျိုးသယ်ပိုးနိုင်ပီး ပျော်ရွှင်သောမိသားစုဘ၀လေးကို ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်