Saturday, September 10, 2011

သီးစုံမုန့်


ခုတစ်လောတော့ မုန့်တွေဆက်တိုက်ကို လုပ်ဖြစ်နေပါတယ်။  ဒီတစ်ခါလုပ်ဖြစ်တဲ့ မုန့်ကတော့ အရင်တုန်းက လုပ်ဖူးပြီးသားမုန့်တစ်မျိုးပါ။ ဟိုတုန်းကတော့ peach လေးတွေနဲ့ပဲ လုပ်တယ်။ ခုတော့ အသီး၃၊ ၄ မျိုးပေါင်းပြီး လုပ်ဖြစ်တယ်။ အမှန်မှာတော့ ဒီမုန့်လုပ်ဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် အဲဒီနေ့က ခွင့်လည်း ယူထားလို့ အားနေတာရော အဖေတို့ နေ့ခင်း ကော်ဖီသောက်ရင်စားဖို့ မုန့်ကုန်နေလို့ပါ ပေါင်းပြီးကမန်းကတမ်း မုန့်ထလုပ်ဖြစ်သွားတာပါ။  မုန့်လုပ်မယ်ဆိုပြီး ကြည့်လိုက်တော့ တခြားပစ္စည်းတွေကအကုန်အသင့်ရှိပေမယ့်လည်း peach ဗူးဝယ်မထားမိတော့ ရှိတာနဲ့ လုပ်မယ်ဟာဆိုပြီး သရက်သီး၊ စပျစ်သီးနဲ့ လိမ္မော်သီးလေးတွေကို လှီးပြီး မုန့်ထဲထည့်လိုက်ပါတယ်။ ဒီတစ်ခါတော့ ပုံများများလေးရိုက်ယူနိုင်လိုက်တယ်။

လုပ်နည်း (For 7" Tart )

ပထမဆုံး အသီးတွေကို သေးသေးလှီးပြီး ဖယ်ထားလိုက်ပါ




 pastry base အတွက် 30g caster sugar,40g unsalted butter ကိုအရင်ပွလာအောင်ခေါက်၊ ပြီးရင် 1 Tbs of lightly beaten egg ထည့်ပါ။


ဂျုံ almond အရော

Add capti
ပြီးမှ 80g cake flour ,20g grounded almond powder ကိုထည့်ပြီးဂျုံလုံးဖြစ်အောင်လုံးထား။


ပြီးရင် အဲဒီဂျုံလုံးကို ဒလိမ့်တုန်းနဲ့လှိမ့်ပြား ပြီး tart pan ထဲမှထည့်။ ၁၈၀ ဒီဂရီ oven မှာ ၁၂ မိနစ်လောက်ဖုတ်ပေးပါ။ပြီးရင်oven ထဲကထုတ်ပြီး အအေးခံထားပေးပါ။

Filling အတွက်ပြင်ပါမယ်။50g brown sugar နဲ့ 50g unsalted butter, soften at room temperature ကို mixer နဲပွလာအောင် beat လုပ်ပါ။ ပြီးရင် 10g cake flour နဲ့
80g grounded almond powder ကိုစကာစစ်ထည့်ပါ။ ခေါက်ထားတဲ့ကြက်ဥတစ်လုံကိုလ
ည်းထည့်မွှေပေးပါ။ ပြီးရင် ခုနက pastry base ပေါ်မှာဖြည့်၊ သစ်သီး အစိတ်လေးတွေကို စီထဲ့ ပြီး ၁၇၀ degree oven မှာနာရီဝက်လောက်ဖုတ်ပေးရင်ရပါပြီ။

မုန့်မဖုတ်ခင်


မုန့်ဖုတ်အပြီး
စားရန်အသင့်ပါ





8 comments:

Q-te said...

တော်လိုက်တာနော် ကြည့်နေရင်း ကို မုန့်ဖြစ်သွားတယ် PhyuT က မုန့်ဆိုရင် မုန့်ပစ်သလက်တောင် မလုပ်တက်ဖူး :P

ချော(အစိမ်းရောင်လွင်ပြင်) said...

မုန့်မဖုန်ဖူးသေးတဲ့သူကို ဖုတ်ချင်လာအောင် ဆွဲဆောင်တာ သူတို့တွေဘဲ
ဟင်း ပျင်းပါတယ်ဆို ခုတော့ မုန့်ဖုတ်ချင်စိတ်တွေ တားလို့မရတော့ဘူး
တစ်ရက်ရက်တော့ ဖုတ်ပြီးကြွားဦးမယ် ဟိဟိ

Baby taster said...

Evyလေးရယ် ရှင်လေးက တော်လိုက်တာ အိမ်လာလည်ပါလားဟင် မုန့်လုပ်ခိုင်းမလို့း)
ဒါနဲ့ ထီပေါက်ရင် လေယာဉ်လက်မှတ် ပို့လိုက်မယ်နော်

Evy said...

:D :D မမဘေဘီ ထီပေါက်မယ့်ရက်ကို လက်ချိုးပြီးရေနေမယ်

Aunty Oo said...

evy လေးရယ်တော်လိုက်တာ။ခုချက်ချင်းထလုပ်ချက်ချင်း
ကိုမုန်.ဖြစ်တာဘဲနော်။အန်တီတို.ကိုသင်တန်းပြန်ဖွင်.
ရမယ်။အစအဆုံးသေချာရိုက်ပြတာကျေးဇူဘဲ။

Mrs. Bagel said...

အစ်မရေ၊ ညီမ လိပ်စာပြောင်းသွားပြီလို့။ ဖြစ်သွားပြီမို့ လင့်ခ်လေးပြောင်းချိတ်ပေးပါနော်။ မနေ့က ချိစ် ကိတ်လုပ်ဖြစ်တယ်။ အခန်းနားက မိုက်ခရိုဝေ့ဗ်နဲ့။ :)

htoohtoo said...

အမရေ မုန့် ကိုဗန်းထဲကအပြင်ဘယ်လိုထုတ်လိုက်လဲဟင်???? အောက်ခံဖွင့်လို့ ရတဲဗန်းမဟုတ်ဘူးထင်တယ်..

Evy said...

ဟုတ်ပါတယ်ထူးထူးရေ။ ဗန်းကအပိတ်ဗန်းပါဘဲ။ မုန့်ကျက်သွားပြီး အေးစပြုပြီဆိုရင် ပန်းကန်ခပ်ကြီးကြီးထဲကို မှောက်ချလိုက်တာပါဘဲ။ ပြီးမှမုန့်ဗန်းကိုခွာလိုက်တာပေါ့။ အဲဒီမှောက်လျက်သားကိုမှ နောက်ပန်းကန်တစ်ခုနဲ့ ကပ်ပြီး အတည့်ဖြစ်အောင်ပြန်လုပ်ယူလိုက်တာလေ။ အစ်မပြောတာ သဘောပေါက်ရဲ့လားမသိဘူး။ ပန်းကန်၂ ခုသုံးပြီး ဟိုရွှေ့ဒီရွှေ့လုပ်လိုက်တာပါ။