Thursday, February 2, 2012

မှိုပေါင်း



နာနတ်သီးမုန့်လုပ်ပြီးကတည်းက ငြိမ်နေတာကြာပါပြီ။ ဟင်းတွေကတော့ အမြဲမဟုတ်ရင်တောင် ၁ပတ်မှာ ၂ ခါ (သို့) ၃ခါ ချက်ဖြစ်တယ်။ ဒါပေမယ့်လည်း ချက်ဖူးသမျှတွေချည်းပဲ ဆိုတော့ဘလော့ထဲကို မရောက်ဘူးပေါ့။ ဒါနဲ့ပဲ ဘလော့မှာ တင်ဖို့ အကြံထုတ်ရပါတယ်။ နောက်တော့ ချော (အစိမ်းရောင်လွင်ပြင်) ရဲ့ မှိုပေါင်းလေးကို သွားတွေ့တယ်။ အဲဒါလေး ပြန်လုပ်စားကြည့်တာလည်း စားကောင်းတာမို့ သူ့မှိုပေါင်းလုပ်နည်းကို ပြန်မျှလိုက်ပါတယ်။ လုပ်နည်းလေးက လွယ်လွယ်လေးနဲ့ အချိန်ကုန်သက်သာပါတယ်။






 ရွှေအပ်မှိုလေးတွေကို ကျူဆိုင်နဲ့စည်း။ ဆော့စ်ပြင်။ အဲဒါကလည်း လွယ်ပါတယ်နော်။ ပဲငံပျာရည်၊ သကြား၊ နှမ်းဆီ ကိုရော (လိုချင်တဲ့ အရသာကို ကိုယ့်ဘာသာကိုယ် စပ်ယူပါ) ပြီး ငရုပ်သီး၊ကြက်သွန်ဖြူ၊ကြက်သွန်မိတ် လှီးထည့် ပြီးအဲဒီမှိုတွေပေါ်လောင်းလိုက်။ ပြီးရင် ၁၀မိနစ်လောက်ရေနွေးဆူဆူမှာပေါင်း။ ဒါဆိုရပြီ။




ဒါကပေါင်းအပြီး။ အမြင်လည်းလှသလို စားလို့လည်းကောင်းပါတယ်။




ဒါကအရင်နေ့ကချက်စားတဲ့ အမဲသားလုံးဟင်း။ အမဲသားကို ဒီလိုမျိုးချက်တာလည်း စားကောင်းတယ်။

**** ထပ်ဖြည့်ထားတာ *****အမဲသားကြိတ်ပြီးသားလေးတွေကို ဂျင်းနဲ့ကြက်သွန်ဖြူ  ညက်ညက်ထောင်းနဲ့ရော၊ ကြက်ဥ၁လုံးပါထည့်၊ ဆားအချိုမှုန့်ရောနယ်ပြီး အရွယ်တော်လေးတွေလုံးထားလိုက်တယ်။ ပြီးရင် ကြက်သွန်နီ(ပါးပါးလှီး)၊ ကြက်သွန်ဖြူဂျင်း (ညက်ညက်ထောင်း)  ကိုဆီသတ် (စိတ်ရှည်လက်ရှည်ဆီသတ်ပါ) ပြီး ကြက်သွန်နီကြော်လေးတွေ တော်တော်နွမ်းစပြုပြီဆိုရင် ခရမ်းချဉ်သီး အသေး၁လုံးကို ဘလန်ဒါနဲ့ ကြိတ်ပြီးထည့်ပါတယ်။ ငရုပ်သီးအရောင်တင်နဲနဲ၊အပေါ့အငံအတွက် ငံပျာရည်ထည့်ပြီး ဆီပြန်အောင်ထားပါ။ ဆီပြန်လာမှ ခုနက အမဲသားလုံးလေးတွေထည့်ပြီး ၁၀မိနစ်လောက် ထပ်တည်ရင် ရပါပြီ။ အမဲသားကကြိတ်ထားပြီးသားဆိုတော့ ခဏလေးနဲ့ ကျက်ပါတယ်


ဒါကတော့ နာနတ်သီးမုန့် နောက်ဆက်တွဲများ။ သူငယ်ချင်းတွေ အတွက်လုပ်သွားတာ

8 comments:

Mrs. Bagel said...

ညီမတို့ဆီမှာ အဲလိုပင်အပ်မှိုလေးတွေ ပေါတယ်။ အမဲသား၊ ပဲငံပြာရည်နဲ့ အရည်စပ်စပ်လေး တွဲချက်ရင် ကောင်းမှကောင်း။

Cameron said...

အပ်မှိုကို အရမ်းကြိုက်တာ ဟိုတလောကမှ ကြက်ဥနဲ့ကြော်စားဖြစ်သေးတယ်...။ အဲလိုလေးလဲ ပေါင်းစားကြည့်ဦးမယ်...။ နာနတ်သီးလဲ ကြိုက်တာမို့ ထပ်စားသွားတယ်နော်..။

စံပယ်ချို said...

အားလုံးကြိုက်တာတွေပဲလေ
အားမနာတမ်း အ၀တီးခဲ့ပါပြီ

တီချမ်း said...

အီဗီ
အမဲသားလုံး ဟင်းက ဘယ်လိုချက်တာလဲ

mstint said...

တီတင့်ရောက်ဖူးသွားပြီ Evy ရဲ့လင့်ကိုအတော်
ရှာယူလိုက်ရတယ်း) ဖဘကနေရလိုက်တာ
ပို့စ်တွေလျှောက်မွှေသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

မအိုင်ဗီလုပ်ထားတာလေးက ပိုလှတယ်
အရသာလဲ ပိုကောင်းမှာ သေချာတယ်။။
ဒီကတော့ မုန့်မဖုတ်တတ်ဘူးရယ်
တစ်ရက်တော့ လုပ်ကြည့်ပါဦးမယ်လေ.. စိတ်တော့ဝင်စားတယ်
ပျင်းနေတာ ဟိဟိ
လုပ်ပြီးမှ လာကြွားမယ်နော်
ဘယ်တော့လုပ်ဖြစ်မယ်ဆိုတာတော့ သိသေးဘူး
နောက်တစ်နှစ်လား ၂နှစ်လား သိဘူး :)

ဘိုဖြူ said...

ကိုယ်တိုင်မလုပ်တတ်တော့
လုပ်တတ်တဲ့အိမ်တွေ အမြဲသွားစာနေရပါတယ်ဗျာ

Layeik said...

I'll try it . Thanks you Sis :)