Tuesday, May 20, 2014

ခရမ်းသီးမှို အစပ်ချက်






ထူးကဲစွာအရသာရှိတဲ့ ဟင်းတစ်ခွက်ကတော့ ခရမ်းသီးနဲ့ မှိုကိုရောကာ ငရုပ်သီးနဲ့ အစပ်ချက်ထားတဲ့ဟင်းတစ်ခွက်ပါ။ မိုးအေးတဲ့ ကာလတွေမှာ ပူပူစပ်စပ်နဲ့ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ဆိုတာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ
ခရမ်းသီးအကြီး ၂ လုံး (စိတ်ထားပါ)
မှို လက်တစ်ဆုပ်စာ (သေးသေးဖဲ့ထားပါ)
ငရုပ်သီး အစိမ်း၎ တောင့်၊ အနီ ၃ တောင့်
ကြက်သွန်ဖြူ ၅ မွှာ
ကြက်သားလက်တစ်ဆုပ်စာ (သေးသေးစဉ်းထား)


ချက်နည်း
ကြက်သားကို ငရုပ်သီးအရောင်တင်၊ ဟင်းခပ်မှုန့် ၊ ဆားများနှင့်ရောနယ်ကာ နာရီဝက်ခန့်ထားပါ။
ငရုပ်သီး နဲ့ ကြက်သွန်ဖြူကိုညက်ညက်ထောင်းထားပါ (သို့မဟုတ်) ရောကြိတ်ထားပါ.
ဆီစားပွဲဇွန်း ၂ ဇွန်းကို အပူပေးကာ ကြက်သားကို အရင်ထည့်ကြော်ပါ။
ထို့နောက် ငရုပ်သီးကြက်သွန်ဖြူထောင်းကို ရောမွှေကာ အရောင်တင် အနည်းငယ်ထည့်ပါ။
၂ မိနစ်ခန့်ကြာလျှင် ခရမ်းသီး၊ မှိုများကိုထည့်ကာ ဆား၊ ငံပျာရည် နှင့် ဟင်းခတ်မှုန့်ထည့်ပေးပါ။
ခရမ်းသီးအနည်းငယ် နွမ်းစပြုလျှင် ရေနည်းနည်းချင်းစီထည့်ကာ ခရမ်းသီးလုံးဝနူးသည်အထိ တည်ပါ။
ဆီပြန်ရေကျန်အနေအထားရောက်လျှင် မီးပေါ်မှချကာ ပူပူနွေးနွေးသုံးဆောင်ပါ။

No comments: