Wednesday, May 28, 2014

ပုစွန်ကိုက်လန်ကြော်





စားလို့သိပ်ကောင်းတဲ့ အမေ့လက်ရာ ပုစွန်ကိုက်လန်ံကြော်လေးတစ်ပွဲပါ။ ပုစွန်ရဲ့ ချိုတဲ့အရသာက ကိုက်လန်ထဲစိမ့်ဝင်နေပြီး ခပ်စိမ်းစိမ်းလေးကြော်ထားတာကြောင့် ကိုက်လံဖူးလေးများက ဆတ်ထုပ်ထုပ်နဲ့အရမ်းအရသာရှိပါတယ်။ ဒါ့အပြင် ကိုက်လန်ကို  ရေနွေးဖျောနည်းနဲ့ အရင်ချက်ထားတာကြောင့် အာဟာရစွမ်းအင်ကိုပါ ထိန်းသိမ်းပြီးသားလည်း ဖြစ်နေပါတယ်။

ပါဝင်ပစ္စည်းများ

ကိုက်လန် - ၁၀ ပင်ခန့် (ခြွေထားပါ)
ကြက်သွန်နီဥသေးတစ်လုံး
ကြက်သွန်ဖြူ ၃ မွှာ
ပုဇွန် ၁၀ ကောင်
ခရုဆီ လက်ဖက်ရည် ၂ ဇွန်း
ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်
ကော်ရည် စားပွဲဇွန်း ၃ ဇွန်းခန့်

ကြော်နည်း
ကိုက်လံများကို ရေနွေးဆူဆူမှာ ၂ မိနစ်ခန့်စိမ်ကာ ရေခဲရေဖြင့်ပြန်စိမ်ပေးပါ
ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ၊နီထည့်ကြော်ပါ
၁မိနစ်ခန့်ကြာပြီး ကြက်သွန်ပျော့လာလျှင် ပုစွန်များထည့်ပါ
ရေနွေးဖျောပြီးသားကိုက်လံများကိုလည်းထည့်ကာ ခရုဆီ၊ ပဲငံပျာရည်၊ သကြား ထည့်ကာ ၃ မိနစ်ခန့်ကြော်ပါ
ထို့နောက်ကော်ရည်ထည့်ကာ မီးပိတ်ပြီးလျှင် ထမင်းဖြူဖြင့် ပူပူနွေးနွေး သုံးဆောင်ပါ

No comments: