Thursday, August 14, 2014

ဆွမ်းမွှေးဆွစ်ရိုး




အနံ့အရသာနဲ့ ပြည့်စုံတဲ့ ခရင်မ်မုန့်တစ်မျိုး လုပ်ကြည့်ကြရအောင်။ ဆွမ်းမွှေးအနှစ်ကို ထည့်သွင်းပြုလုပ်ထားပြီး ခရင်မ်ချိစ်နဲ့ ပြုလုပ်ထားတဲ့ ခရင်မ်ကို အသုံးပြုထားတာကြောင့် ဆိမ့်ပြီးမွှေးလှပါတယ်။ အခုလုပ်ပြထားတဲ့ swiss roll ကတော့ မုန့်ဖုတ်တဲ့ မျက်နှာပြင်ကို အတွင်းကို ထည့်လိပ်ထားတာကြောင့် ကွဲထွက်မှာ သိပ်စိတ်ပူစရာမလိုပဲ အလွယ်တကူပဲလိပ်နိုင်မှာပါ။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၄လုံး
  • သကြား ၈၀ ဂရမ်
  • ဂျုံ ၁၀၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၄၀ ဂရမ်
  • ဆွမ်းမွှေးအနှစ် အနံ့- လက်ဖက်ရည်ဇွန်း ထက်ဝက်

ခရင်မ်ချိစ် Filling
·         ခရင်မ်ချိစ် ၁၀၀ ဂရမ်
·         ပေါင်ဒါသကြား စားပွဲဇွန်း ၃ ဇွန်း (အချိုကြိုက်လျှင်ပိုထည့်နိုင်ပါတယ်)
·         နွားနို့ လက်ဖက်ရည်တစ်ဇွန်း
·         ပထမဦးစွာ ခရင်မ်ချိစ်ကို ၁ မိနစ်ခန့်မွှေပြီးမှ ပေါင်ဒါသကြားနဲ့ နွားနို့ကိုသမအောင်ထည့်မွှေပြီးရင် ခရင်မ်ချိစ် filling အသင့်ဖြစ်ပါပြီ



လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
  1. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  3. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီ+ ဆွမ်းမွှေး ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  5. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  6. ထို့နောက် ၂၀၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၁မိနစ်ဖုတ်ပေးပါ။
  7. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
  8. ခရင်မ်ချိစ်ခရင်မ် ကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
  9. လိပ်ပြီးသားမုန့်ကို ရေခဲသေတ္တာထဲတွင် ၁ နာရီခန့်ထားပြီးမှ သုံးဆောင်ပါ။

No comments: