Saturday, August 9, 2014

ယိုးဒယား ဆန်ပြားကြော် (ပုစွန်)





ယိုးဒယားခေါက်ဆွဲကြော်
ခုလုပ်ပြမယ့် ခေါက်ဆွဲကြော်ကတော့ ယိုးဒယားခေါက်ဆွဲကြော်တစ်မျိုးပါ။ မူရင်းကတော့ အမဲသားနဲ့ ကြော်တာဖြစ်ပြီး ကျွန်မကတော့ ပုဇွန်သုံးပြီးကြော်ပါတယ်။ တခြားနှစ်သက်ရာ အသားတစ်မျိုးမျိုးကို အစားထိုးလို့လည်း ရပါတယ်။ အသီးအရွက်အနေနဲ့ ကိုက်လံပါဝင်ပြီး အချိုနဲနဲကဲကာ စားလို့တစ်မျိုးကောင်းပါတယ်။ ဆန်ပြားခေါက်ဆွဲကြော်ကို တစ်မျိုးဆန်းသစ်ထားတာပေါ့။

ပါဝင်ပစ္စည်းများ
  • ပုဇွန် (အခွံခွာသန့်စင်ထားပါ) - ၈ ကောင်
  • ဆန်ခေါက်ဆွဲအပြား ၂၂၀ ဂရမ်
  • ကိုက်လံ အနည်းငယ်
  • ပဲငံပျာရည် အနောက်စားပွဲဇွန်း တစ်ဝက်
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း
  • ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂လုံး

ကြော်နည်း
1.    ဆီစားပွဲဇွန်း ၂ ဇွန်းကို အပူပေးကာ ကြက်ဥထည့်မွှေကြော်ပါ။ ၁ မိနစ်ခန့်ကြာလျှင်ကိုက်လံကိုပါ ထည့်ကြော်ပါ
2.    နောက် ဆန်ပြားခေါက်ဆွဲများကို ထည့်မွှေပါ
3.    တဆက်ထည်းမှာပဲ ပဲငံပျာရည် အကြည်၊ အနောက်၊ ငါးငံပျာရည်နှင့် ခရုဆီပါထည့်မွှေပေးပါ။
4.    ပုဇွန်များကိုပါထည့်ကာ မီးပြင်းပြင်းနဲ့ ၄ မိနစ်ခန့်ကြော်ပေးလိုက်ရင်တော့ အရသာရှိတဲ့ ယိုးဒယားခေါက်ဆွဲကြော် အသင့်ဖြစ်ပါပြီ

1 comment:

Aunty Tint said...

ဒီတစ်ခေါက် ကြော်စားကြည့်မယ် မလေးခေါက်ဆွဲကြော်တော့ ကြော်စားဘူးတယ် ...