လမုန့်ရာသီရောက်ပြီမို့ လမုန့်လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်.
လမုန့်မှာ အဓိကကျတာတော့ Lotus seed paste ပါ။ ဒါမှမဟုတ် red bean ၊ Yam နှစ်သက်ရာသုံးနိုင်ပါတယ်။ ဒီမှာတော့ အသင့်လုပ်ပြီးသားရှိတာကြောင့်
အဲဒါကိုပဲ ၀ယ်သုံးဖြစ်ပါတယ်။ နောက်မှ lotus paste လုပ်နည်းကို ထပ်ရေးပးပါမယ်။
မုန့်သားအတွက် (မုန့်အသေး ၁၂ ခုလောက်ထွက်ပါတယ်)
လမုန့်မှာ အဓိကကျတာတော့ Lotus seed paste ပါ။ ဒါမှမဟုတ် red bean ၊ Yam နှစ်သက်ရာသုံးနိုင်ပါတယ်။ ဒီမှာတော့ အသင့်လုပ်ပြီးသားရှိတာကြောင
မုန့်သားအတွက် (မုန့်အသေး ၁၂ ခုလောက်ထွက်ပါတယ်)
ပါဝင်ပစ္စည်းများ
- ဂျုံ အနုသား (HongKong Flour) - ၁၇၅ ဂရမ်
- ဆီ - ၄၅ ဂရမ်
- သကြားရည် (သို့) Golden syrup - ၁၀၀ ဂရမ်
- alkaline water - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ပြုလုပ်နည်း
- အဲဒါအားလုံးကို ရောမွှေထားပြီး နဲနဲနယ်ကာ မုန့်သားရလာတဲ့
အထိ ခဏနယ်ရပါမယ်။ရလာတဲ့မုန့်သား
ကို ၂ နာရီ အနည်းဆုံးနှပ်ရပါမယ်။ -
မုန့်သားအသင့်ဖြစ်ရင် ၂၀ ဂရမ်လောက်အလုံးတွေလုံးထားလိ
ုက်ပါ။ -
အသင့်ပြင်ထားတဲ့ Loutus seed paste ကို ဖရုံစေ့လှော်များနဲ့ရောနယ်က
ာ ၄၅ ဂရမ်ခန့်အလုံးများလုံးလိုက် ပါ။ ကျွန်မကတော့ မုန့်သားထဲထည့်ကာနည်းမှ ချိန်ကာလုံးပါတယ်။ -
ဂျုံသားကို ဖိပြားလိုက်ပြီး lotus seed paste ကိုထည့်ကာလုံအောင်ထုပ်ပေးပါ
။ ထို့နောက်ချောမွတ်အောင် အလုံးလုံးပါ။ -
ရလာတဲ့အလုံးကို ဂျုံသေချာလူးကာ Mooncake ပုံစံခွက်ထဲသိပ်ထည့်ပါ။
ဂျုံသေချာမလူးရင် ဒီအဆင့်မှာ ပြသနာတက်ပါမယ်။ ပုံစံခွက်က အလွယ်တကူထုတ်ယူလို့ရတဲ့
plunger မျိုးမဟုတ်ပဲ ပုံမှာပြထားသလိုခေါက်ချရတဲ့
အစားဆိုရင် အဲဒီဂျုံလူးတဲ့အဆင့်ကအဓိက စကားပြောပါတယ်။ ပထမတစ်ခေါက်တုန်းက ဂျုံသေချာမလူးမိလို့ မနည်းကိုကြိုးစားပြီး ထုတ်ယူလိုက်ရတယ်.. - ရလာတဲ့ မုန့်တွေကို ဆီစိမ်စက္ကူခင်းတဲ့ ဗန်းမှာထည့်ပြီး ရေဖြန်းကာ ၁၈၀ ဒီဂရီ အပူပေးထားတဲ့ အာဗန်မှာ၁၀ မိနစ်ဖုတ်ပါ။ ဟုတ်ကဲ့ ရေဘာလို့ဖြန်းတာလဲဆိုတော့ မကွဲအောင်ပါ။ မဟုတ်ရင် လမုန့် အပေါ်သားများကွဲတတ်ပါတယ်။
- နောက် ၁၅ မိနစ်ခန့်အအေးခံကာ ကြက်ဥရည်နှံအောင် သုတ်လိမ်းကာ ၁၇၀ ဒီဂရီအပူပေးထားတဲ့ အာဗန်မှာ နောက်ထပ် ၁၀ မိနစ်ဖုတ်ပါ။ ဒါဆိုရင် ရပါပြီ။
-
မုန့်ရရခြင်းမစားပဲ ၃ ရက်လောက်ကြာမှစားပါ။ ဒါမှ အပေါ်ယံအခွံတွေရဲ့
အရောင်ကလည်း Mooncake အရောင်ထွက်ပြီး ပျော့ပျော့ပြောင်းပြေားရှိမ
ှာပါ။
3 comments:
တော်လိုက်တာ Evy ရယ်လို့ပဲ ပြောချင်ပါတော့တယ် ..
နည်းလေးယူသွားပြီ ကျေးဇူးနော် ... :)
ကိုယ်လည်းလမုန့် လေးလုပ်ကြည့်ချင်နေတာ။
မိုသွင်းတဲ့ဟာလေးတွေမရှိသေးလို့ ။
တရုတ်ဆိုင်မှာတွေ့ မိသလိုဘဲ။
မုန့် လေးတွေလည်းလှ လူကလည်းလှ။
အိုင်အိုရာ
အင် ဒီတစ်ယောက်နဲ့သဘောထားချင်းတူသွားပြီ
Post a Comment