ဆိမ့်ပြီး သရက်သီးနံ့မွှေးမွှေးနဲ့ အရသာရှိလှတဲ့ အချိုပွဲ။
နွားနို့၊ နို့စိမ်း၊ သရက်သီးအနှစ်နဲ့ ပြုလုပ်ထားတဲ့ အချိုရည်ထဲမှာ သာကူ၊ သရက်သီးအတုံးလေးများနဲ့
ကျွဲကောသီးများရောထဲ့ထားတဲ့ အချိုပွဲကို Mango Sago Pomelo လို့ခေါ်ပါတယ်။ စလုံးကလူတွေတော့
သိကြမှာပါ။
ပြီးခဲ့တဲ့ ရုံးပိတ်ရက်က လုပ်စားတာပေါ့။ လုပ်တုန်းတော့
နေ့ဖို့ညစာ ၂ ခါစာပါပဲ။ ဒါပေမယ့် စားလို့ကောင်းတာနဲ့ တစ်ခါတည်းနဲ့ကိုကုန်ရောပဲ။ ရလာတဲ့
သရက်သီးကလည်း အရမ်းချိုပြီး ကျွဲကောသီးကလည်း အချိုများတဲ့ ကျွဲကောသီးဖြစ်နေတာအပြင်
နို့စိမ်းနွားနို့ရောလိုက်တော့ ပြီးပါလေရော.။ လုပ်စားကြည့် ကြိုက်မှာသေချာတယ်
ပါဝင်ပစ္စည်းများ
(၄ ယောက်စာ)
- သာကူ - ၃၅ ဂရမ်
- နို့စိမ်း- ၂၀၀ ဂရမ်
- နွားနို့ ၁၅၀ ဂရမ်
- ရေ ၁၀၀ ဂရမ်
- သကြား- စားပွဲတင် ၃ ဇွန်း
- သရက်သီး ၂ လုံး
- ကျွဲကောသီးအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
- ဦးစွာသာကူကို ၅ မိနစ်ခန့်ရေစိမ်ကာ ရေနွေးဆူဆူထဲတွင် ပြုတ်ပေးပါ။ မျက်စေ့ပျောက်ကာနီးအထိ ( ၅မိနစ်ခန့်) ပြုပ်ပြီး ရေစစ်ကာ ရေအေးအေးနဲ့ ဆေးထားပါ။
- ရေ၊နွားနို့၊ နို့စိမ်း နဲ့ သကြားများကို ဆူအောင်ကြိုကာ အအေးခံထားပါ
- သရက်သီးတစ်ခြမ်းကို ခပ်သေးသေးစိတ်ထားပြီး ကျန်သရက်သီးများကို အနှစ်တိုက်ပါ ( Blender နဲ့ကြိတ်နိုင်ပါတယ်)
- နွားနို့ရည် ခပ်နွေးနွေးအနေအထားမှာ သရက်သီးအနှစ်များနဲ့အတူ သာကူကိုရောမွှေလိုက်ပါ။
- လုံးဝအေးမှ သရက်သီးစိတ်များ၊ ကျွဲကောသီးများထည့်ကာ ရေခဲသေတ္တာထဲတွင် ၁ နာရီခန့်ထားပြီးရင် ဆိမ့်ပြီး သရက်သီးနံမွှေးနေသော အချိုပွဲ အဆင်သင့်ဖြစ်ပါပြီ။
No comments:
Post a Comment