Wednesday, March 18, 2015

မုန်လာဥဖြူသုပ်





နွေရာသီပူပူမှာဆိုရင် ချဉ်စပ်အသုပ်ကလေးတွေကလည်း ထမင်းမြိန်စေပါတယ်။ ဒီတစ်ခါမှာတော့ မုန်လာဥဖြူကို ငရုပ်သီး၊ မြေပဲဆံများနဲ့ ဆိမ့်ဆိမ့်စပ်စပ်လေးသုပ်ပြပေးထားပါတယ်။ ဆီချက်မွှေးမွှေးနဲ့ ငရုပ်သီးလှော်ထောင်း အနံ့ကတင် စားချင်စဖွယ်ဖြစ်စေပါတယ်။

ပါဝင်ပစ္စည်းများ
မုန်လာဥဖြူ အသေးတစ်ဥ - အမျှင်ရအောင်ခြစ်ထားပါ။
ကြက်သွန်နီအသေးတစ်ဥ - ပါးပါးလှီးကာရေစိမ်ပါ
ငရုပ်သီးအတောင့်- အစိမ်း၊အနီ (အစပ်စားနိုင်သလောက်ထည့်ပါ)
ငရုပ်သီးအလှော်မှုန့်
ပုစွန်ခြောက်မှုန့် - စားပွဲဇွန်း ၁ ဇွန်းခန့်
မြေပဲဆံထောင်း စားပွဲဇွန်း ၁ ဇွန်းခွဲခန့်
ကြက်သွန်ဖြူဆီချက်
ငံပျာရည်


ပြင်ဆင်နည်း
ခြစ်ထားသော မုန်လာဥများကို ရေမြုပ်အောင်စိမ်ပြီး ရှာလကာရည် စားပွဲဇွန်း ၃ ဇွန်းခန့်ထည့်ကာ ၁ နာရီခန့်စိမ်ပါ။
ထို့နောက်ရေစစ်ပြီး ပါဝင်ပစ္စည်းအားလုံးနဲ့ ရောနယ်လိုက်ရင်တော့ ထမင်းမြိန်စေတဲ့ အသုပ်တစ်ပွဲရပါပြီ။

No comments: