ခရင်မ်ချိစ်ထည့်သွင်းပြုလုပ်ထားတဲ့
ထောပတ်ကိတ်တစ်မျိုးပါ။ အီအီဆိမ့်ဆိမ့်အရသာရှိပြီး ကော်ဖီခါးခါးနဲ့
လိုက်ဖက်လှပါတယ်။ ထောပတ်ကိတ်ကို ဆန်းသစ်ကြည့်ချင်တဲ့သူများလည်း
သဘောကျနှစ်သက်နိုင်မယ်ထင်ပါတယ်။
ပါဝင်ပစ္စည်းများ
(၈လက်မx
၈လက်မ ကိတ်မုန့်တစ်လုံးစာ)
- ဂျုံ ၂၅၀ ဂရမ်
- baking powder 1 teaspoon
- သကြား ၂၀၀ ဂရမ်
- ခရင်မ်ချိစ် ၂၀၀ ဂရမ်
- ထောပတ် ၁၃၀ ဂရမ်
- နွားနို့် ၆၀ မီလီလီတာ
- ကြက်ဥ ၄လုံး
မုန့်မဖုတ်ခင် ဂျုံနဲ့ ဘိတ်ကင် ပေါင်ဒါကို ရောမွှေဇကာချထားပါ။
မုန့်ဖုတ်နည်း
- ပထမဆုံး မုန့်ဖုတ်မယ့်ဗန်းကို ထောပတ်သုတ်ပြီး ဆီစိမ်စက္ကူခင်းပေးထားပါ။
- သကြား၊ ခရင်မ်ချိစ် နဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် စက်နဲ့ သို့မဟုတ် မွှေတံလေးနဲ့ မွှေပေးပါ
- အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
- ခုနကဂျုံအရောကို ၃ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
- ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့တစ်ဝက်ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပြီး ကျန်တဲ့နွားကိုထည့်မွှေပြီး နောက်ဆုံးပိတ်ဂျုံကို ထည့်မွှေပေးပါ။
- ၁၆၀ဒီဂရီ အပူပေးထားတဲ့ အာဗင်မှာ ၆၀ မိနစ်ခန့်ဖုတ်ပါ။
- မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ။
No comments:
Post a Comment