ပေါင်မုန့်လုပ်နည်း မရှယ်တာကြာပြီ။ အခုတော့ အိမ်မှာလည်း
Yam Paste အဆင်သင့်ရှိနေတာနဲ့
ပေါင်မုန့်လေးတွေပြန်လုပ်ဖြစ်ပါတယ်။ အကယ်၍များ Yam
Paste မရှိရင်လည်း Red Bean ယိုနဲ့ အစားထိုးနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၅
ခုစာ၊ များများလုပ်ချင်ရင် ၂ ဆတိုးပါ)
အစု (၁)
- ပေါင်မုန့်ဂျုံ ၁၁၅ ဂရမ်
- Yeast ၂.၅ ဂရမ်
- ရေ ၈၅ မီလီလီတာ
အစု (၂)
- ကြက်ဥ ၁၀ ဂရမ် (ခေါက်ပြီးသား)
- သကြား ၃၀ ဂရမ်
- ဆား ပါရုံမျှ
- ရေအေး ၁၂ ဂရမ် (ချိန်တဲ့ဇွန်းလေးနဲ့ ချိန်ပါ)
- Yeast ၁.၂၅ ဂရမ်
အစု (၃)
- ထောပတ် ၁၀ ဂရမ် (အခန်းအပူချိန်)
- ပေါင်မုန့်ဂျုံ ၅၀ ဂရမ်
ပြုလုပ်နည်း
- ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ
- နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
- နောက်ထောပတ် ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
- ၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ
- နောက် ၅ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ပုံပါအတိုင်း Yam Paste ကိုအလယ်မှာထည့်ကာဖိပြားပေးပါ။
- ထို့နောက် အပေါ်မှာ ဓါးရာပေးကာ ပြန်လိပ်ပေးကာ နောက်ထပ် တစ်ကြိမ်ထပ်ပွအောင် ၁၅ မိနစ်ခန့်ထပ်စောင့်ပါ။
- နောက် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး ၁၇၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။
- လုံးဝအေးသွားမှသုံးဆောင်ပါ။
No comments:
Post a Comment