Thursday, July 2, 2015

Chia Seed Butter Cake






ခုတစ်လော Chia Seed ကို လူပြောများကြပါတယ်။ သူရဲ့အကျိုးကျေးဇူးတွေကတော့ အများအပြားပါပဲ။ အိုမီဂါ 3 ဓာတ်အများအပြားပါဝင်တယ်လို့လည်းဖတ်ဖူးပါတယ်။ ညနေစာအဖြစ် ထည့်စားနိုင်ရင်လည်း ၀ိတ်ကျသလို ဗိုက်ကအဆီများကိုကျစေတယ်လို့လည်း ရေးထားတာ တွေ့ရပါတယ်။ တစ်ရက်ကတော့ အင်တာနက်ထဲက ညီမတစ်ယောက် Chia seed ကိုသုံးပြီးမုန့်လုပ်ထားတာတွေ့တော့မှ အိမ်မှာရှိတဲ့ chia seed ကိုအသုံးချဖို့သတိရပါတယ်။ အဲဒါနဲ့ပဲ ချက်ခြင်းအကောင်အထည်ဖော်လိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

ထောပတ် ၁၆၀ ဂရမ်
သကြား ၁၀၀ ဂရမ်
ကြက်ဥ ၂ လုံး
ဂျုံ ၁၅၀ ဂရမ်
Chia seed စားပွဲဇွန်း ၁ဇွန်း + နွားနို့စားပွဲဇွန်း ၂ ဇွန်း
ဘိတ်ကင်ပေါင်ဒါ ၅ ဂရမ်
ဗနီလာအနံ့ အနည်းငယ်
နွားနို့ စားပွဲဇွန်း ၃ ဇွန်း




လုပ်နည်းအဆင့်ဆင့်
  1. ဦးစွာ Chia See နဲ့ နွားနို့ကို ရောမွှေကာ၂ နာရီသို့မဟုတ် ညလုံးပေါက်ထားထားပါ
  2. မုန့်ဖုတ်မယ့်ခွက်ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  3. ဂျုံ၊ ပွဆေး ကို စကာ ချထားပါ။ နို့ကို ဗနီလာအနံ့နဲ့ရောထားပေးပါ။
  4. မုန့်ဖုတ်ရန် အသင့်ဖြစ်ပြီဆိုရင် သကြားနဲ့ ထောပတ်ကို ပွလာအောင် မွှေပေးပါ
  5. ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  6. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  7. နောက်ဆုံးပိတ်မှ chia seed များကိုထည့်မွှေပါ။
  8. ရလာသောမုန့်နှစ်ကို မုန့်ဖုတ်မယ့်ခွက်ထဲထည့်ကာ မျက်နှာပြင်ညှိ ကာ၁၆၀ ဒီဂရီအပူပေးထားသော Oven မှာ မိနစ် ၄၀ ခန့်ဖုတ်ပေးပါ။
  9. မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ

No comments: