Saturday, July 4, 2015

Durian Mille Crepes




အရင်တစ်ခေါက်တုန်းကတော့ ချောကလက်အရသာ mille crepes ကိုလုပ်ပြခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ ဆိမ့်ပြီးအရသာရှိလှတဲ့ ဒူးရင်းသီးအရသာ mille crepes လုပ်စားကြည့်ကြရအောင်။ ဒူးရင်းသီးနှစ်သက်သူများ ကြိုက်ကြမယ့် ကိတ်တစ်ခုပါ။

ပါဝင်ပစ္စည်းများ (၇ လက်မဗန်းဆိုဒ် အလွှာ ၂၂ ခုစာ)
·         နွားနို့ - ၂၅၀ ဂရမ်
·         ကြက်ဥ ၂ လုံး
·         ဆားလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
·         ဂျုံ - ၆၀ ဂရမ်
·         ပေါင်ဒါသကြား - ၃၀ ဂရမ်
·         ထောပတ် ၃၀ ဂရမ်- အရည်ပျော်အောင်လုပ်ထားပါ
ထောပတ်မှလွဲပြီး ကျန်ပစ္စည်းများအားလုံးကိုရောမွှေပါ။  သမသွားလျှင် စကာစစ်ပြီး မိနစ် ၃၀ ခန့်ဒီတိုင်းထားပေးပါ။  ထောပတ်အရည်ကို မုန့်လုပ်ကာနီးမှထည့်မွှေပါ။
၇လက်မဒယ်အိုးကို အပူပေးကာ မုန့်နှစ်ကို ယောက်ချိုဇွန်း တစ်ဝက်ခန့်ခပ်ကာ လောင်းပေးပါ။
လောင်းရင်းမှ ပြန့်သွားအောင် တစ်ခါတည်းလုပ်သွားပါ။ ခပ်မြန်မြန်လုပ်ရပါမယ်။
တစ်မိနစ်ခန့်နေလျှင် မုန့်သားရပါပြီ။
ကျန်မုန့်နှစ်များကို ထိုနည်းအတိုင်းဆက်လုပ်သွားပါ။
မုန့်သားပါးနိုင်သမျှပါးပါးရလေကောင်းလေပါ။


ခရင်မ်အတွက်
·         Non Dairy Whipping Cream - ၂၅၀ ဂရမ် (Soft peak ရောက်အောင် မွှေထားပါ)
·         နို့ဆီ စားပွဲဇွန်း ၁ ဇွန်း
·         ခြေထားသော ဒူးရင်သီးအနှစ် ၁၅၀ ဂရမ်
ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေကာ ရေခဲသေတ္တာထဲတွင် မသုံးမချင်းသိမ်းထားပါ

ကိတ်ပြင်ဆင်ခြင်း
မုန့်သားပထမအလွှာကို ကိတ်လုပ်သည့် ဗန်း (သို့) ပန်းကန်ပေါ်တွင်တင်ပါ။
ထို့နောက် အသင့်ပြင်ထားသော ခရင်မ်ပါးပါးသုတ်လိမ်းပါ။
ဒုတိယ မုန့်သားကိုတင်ပါ။ ခရင်မ်လည်းဆက်တင်ပေးပါ။
ကျန်မုန့်သားနှင့် ခရင်မ်များကိုထိုနည်းအတိုင်း ကုန်အောင်ပြုလုပ်သွားပါ။
ရေခဲသေတ္တာထဲတွင် ၄ နာရီခန့်အနည်းဆုံးထားပြီးမှ သုံးဆောင်ပါ။


No comments: