ပုံမှန်ချောကလက်ကိတ်ကြီးပဲဆိုရင်
ရိုးလို့ပေါင်မုန့်ထည့်ပြီး စမ်းကြည့်ထားတာပါ။ အရသာကာတော့ ရိုးရိုး
ချောကလက်ကိတ်အရသာပေါ့။ ပိုတာဆိုလို့ ပေါင်မုန့်အစလေးတွေ အပိုပါတာသာကွာတာပါ
ပါဝင်ပစ္စည်းများ
ထောပတ်
၁၆၀ ဂရမ်
သကြား
၁၀၀ ဂရမ်
ကြက်ဥ
၂ လုံး
ဂျုံ
၁၂၀ ဂရမ်
ကိုကိုးမှုန့်စားပွဲဇွန်း
၃ ဇွန်း
ဘိတ်ကင်ပေါင်ဒါ
၅ ဂရမ်
ဗနီလာအနံ့
အနည်းငယ်
နို့စိမ်း
စားပွဲဇွန်း ၂ ဇွန်းခွဲ
ရိုးရိုးပေါင်မုန့်
အနည်းငယ် (အစလေးများဖဲ့ထားပါ)
လုပ်နည်းအဆင့်ဆင့်
- မုန့်ဖုတ်မယ့်ခွက်ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
- ဂျုံ၊ ပွဆေး နဲ့ ကိုကိုးမှုန့် ကို စကာ ချထားပါ။
- နို့ကို ဗနီလာအနံ့နဲ့ရောထားပေးပါ။
- ပထမဆုံး သကြားနဲ့ ထောပတ်ကို ပွလာအောင် မွှေပေးပါ
- ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
- ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
- ပေါင်မုန့်စများကို နောက်ဆုံးမှထည့်ပေးကာ သမအောင်မွှေပါ။
- ရလာသောမုန့်နှစ်ကို မုန့်ဖုတ်မယ့်ခွက်ထဲထည့်ကာ မျက်နှာပြင်ညှိပါ။
- ထို့နောက် ၁၆၀ ဒီဂရီအပူပေးထားသော Oven မှာ မိနစ် ၄၀ ခန့်ဖုတ်ပေးပါ။
- မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ။
1 comment:
Thank you !
Post a Comment