Friday, September 11, 2015

Guava Cake






မာလကာသီး၊ ကိတ်သားနဲ့ ခရမ်မ်တွဲဖက်ထားသော  
  Hawaiian Dessert တစ်မျိုးပါ။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၃လုံး
  • သကြား ၇၀ ဂရမ်
  • ပန်းရောင်အစားအသောက်ဆိုးဆေး အနည်းငယ်
  • ဂျုံ ၈၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၂၀ ဂရမ် + မာလကာသီးဖျော်ရည် ၁၅ ဂရမ်

ခရင်မ်အတွက်

ခရမ်မချိစ် ၁၅၀ ဂရမ် + Icing sugar စားပွဲတင်ဇွန်း ၃ ဇွန်းကို သမအောင်ခေါက်မွှေထားပါ

မာလကာသီး ဂျယ်လီ အလွှာ အတွက်
မာလကာရည်  ၂၅၀ မီလီလီတာ
ပြောင်းကော်မှုန့် စားပွဲဇွန်း ၁ ဇွန်း
သကြား စားပွဲဇွန်း ၁ ဇွန်း

မာလကာရည် နှင့် သကြားကိုရောမွှေကာ သကြားပျော်သည်အထိ မီးပေါ်တွင်ကျိုပါ
ပြောင်းကော်မှုန့်ကို ရေစားပွဲဇွန်း ၂ ဇွန်းနှင့်ရောမွှေကာ မာလကာရည်ထဲ ထည့်မွှေပါ။ အနည်းငယ်ပျစ်လာသည်အထိ ကျိုပြီးလျှင်အအေးခံထားပါ



လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မည့်ဗန်း (၈လက်မ x ၈လက်မ) ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  3. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  4. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  5. နောက်ဆုံးမှ ဆီ + မာလကာသီးဖျော်ရည်၊ ပန်းရောင်ဆိုးဆေး ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  6. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  7. ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၂၀မိနစ်ဖုတ်ပါ။
  8. မုန့်ကျက်မကျက်သိရန် မုန့်သားအလယ်တည့်တည့်ကို စူးတံသုံး၍စမ်းပါ။
  9. မုန့်လုံးဝကျက်လျှင် ဗန်းမှထုတ်ကာ အအေးခံပါ
  10. ထိုနောက် အသင့်ပြင်ထားသော ခရင်မ်ကို ညီအောင်သုတ်ကာ အအေးခံထားသော မာလကာဂျယ်လီလောင်းပေးပါ။
 

  1. နှစ်သက်ရာအတုံးငယ်များတုံးကာ သုံးဆောင်နိုင်ပါပြီ။


No comments: