Friday, August 14, 2015

Almond Cheese Tart




ချိစ်ကို ကိတ်လုပ်စားယုံသက်သက်မကပဲ Tart ထဲထည့်လိုက်ကြရအောင်။ ချိစ် နှစ်သက်သူတွေ အကြိုက်တွေ့ဦးမယ့် မုန့်တစ်ခုပါပဲ။

မုန့်အောက်ခံအတွက်
ပေါင်ဒါသကြား ၁၀ ဂရမ်
ထောပတ် ၅၅ ဂရမ်
ကြက်ဥ အနှစ်တစ်ခု
ဂျုံ ၁၁၀ ဂရမ်
ရေအေး စားပွဲဇွန်း ၁ ဇွန်း

မုန့်အောက်ခံလုပ်နည်း
ဂျုံ နှင့်သကြား ကိုရောမွှေကာ ထောပတ်ကို ထည့်ပေးပြီးခပ်မွမွအသားရသည်အထိ ခက်ရင်းဖြင့်ရောမွှေပါ
ထို့နောက်ကြက်ဥ၊ရေအေး ထည့်ကာ ဂျုံလုံးရသည်အထိနယ်ပါ။
ဂျုံသားရလာလျှင် ပလတ်စတ်အိတ်နှင့် ထုတ်ကာရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့်ထည့်ပါ။
နောက် ဂျုံလုံးကို ဒလိမ့်တုန်းနဲ့လှိမ့်ပြား ပြီး ဖုတ်မယ့်ဗန်း ထဲမှာထည့်။ ခက်ရင်းလေးတွေနဲ့ ထိုးပေးပြီး ၁၈၀ ဒီဂရီ oven မှာ ၁၂ မိနစ်လောက်ဖုတ်ပေးပါ။ပြီးရင်oven ထဲကထုတ်ပြီး အအေးခံထားပေးပါ။


မုန့်သားအတွက်
ခရင်မ်ချိစ်  ၁၆၀ ဂရမ်
သကြား ၃၀ ဂရမ်
ထောပတ် ၃၀ ဂရမ်
ကြက်ဥအနှစ် ၂ ခု
လီမွန်ရည် စားပွဲဇွန်း ၁ ဇွန်း
ကြက်ဥအကာ ၂ ခု + သကြား စားပွဲဇွန်း ၂ ဇွန်း
Almond Flakes - အနည်းငယ်



မုန့်သားပြင်နည်း

·         ပထမဆုံး ထောပတ်၊ သကြားနဲ့ cream cheese ကိုပွလာအောင် ခေါက်ထားပါ။
·         ကြက်ဥ အနှစ်ကိုလည်း တစ်လုံးချင်းထည့်ကာ မွှေပေးပါ။ lemon juice ကိုလည်း ထည့်မွှေပါ။
·         တခြား ခွက်သန့်သန့်တစ်ခုမှာ သကြားနဲ့ ကြက်ဥအကာကို soft peak ဖြစ်အောင်မွှေပါ။
·         ရလာတဲ့ ကြက်ဥအကာထဲကို မွှေထားသော ခရင်မ်ချိစ် သုံးပုံတစ်ပုံရောထည့်မွှေပါ။ ထို့နောက်ကျန်သော ခရင်မ်ချိစ် အားလုံးကိုလည်း ရောမွှေပေးပါ။
·         အသင့်ပြင်ထားသော ဖုတ်ပြီးသား မုန့်အောက်ခံ ပေါ်မှာဖြည့်ပြီး Almond flake ဖြူးကာ ၁၇၀ degree oven မှာ မိနစ်၄၀ခန့်ဖုတ်ပေးရင်ရပါပြီ။

No comments: