Tuesday, February 3, 2015

Raspberry Almond Tart






Valentine’s day အတွက် Almond  tart ကိုတစ်မျိုးဆန်းသစ်ကြည့်ကြရအောင်။ အရင်တုန်းကတော့ Almond တစ်မျိုးထဲပဲပေါ့။ ခုဒီမုန့်အတွက်တော့ Raspberry ကိုပါအသည်းပုံဖြစ်အောင် ရောထည့်ပေးထားပါတယ်။ ဒီမုန့်က မအိတို့ မင်္ဂလာနှစ်ပတ်လည်အတွက် လုပ်ခဲ့တဲ့မုန့်လည်း ဖြစ်ပါတယ်။ အခု ဖေဖော်ဝါရီ Valentine’s day ဆိုတော့ အမှတ်တရလေး ဖြစ်အောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။


မုန့်အောက်ခံအတွက်  (အချင်း ၇ လက်မရှိသော ဗန်းတစ်ခုစာ)

  • သကြား ၃၀ ဂရမ်
  • ထောပတ် ၄၀ ဂရမ်
  • ကြက်ဥခေါက်ထားသော အရည် စားပွဲဇွန်း ၁ဇွန်း
  • ဂျုံ ၉၀ ဂရမ်
  • Almond meal၂၀ ဂရမ် ( အဲဒါကို အလွယ်တကူရှာမရဘူးဆိုရင် ဆိုင်တွေမှာရောင်းတဲ့ လှော်ပြီးသား almond အစေ့ကိုဝယ်ပြီး ကိုယ့်ဘာသာကိုယ် ထောင်းပြီးသုံးနိုင်ပါတယ်၊ )

မုန့်အောက်ခံလုပ်နည်း
  1. ဂျုံ၊သကြား နှင့် Almond meal ကိုရောမွှေကာ ထောပတ်ကို ထည့်ပေးပြီးခပ်မွမွအသားရသည်အထိ ခက်ရင်းဖြင့်ရောမွှေပါ
  2. ထို့နောက်ကြက်ဥထည့်ကာ ဂျုံလုံးရသည်အထိနယ်ပါ။
  3. ဂျုံသားရလာလျှင် ပလတ်စတ်အိတ်နှင့် ထုတ်ကာရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့်ထည့်ပါ။
  4. နောက် ဂျုံလုံးကို ဒလိမ့်တုန်းနဲ့လှိမ့်ပြား ပြီး ဖုတ်မယ့်ဗန်း ထဲမှာထည့်။ ခက်ရင်းလေးတွေနဲ့ ထိုးပေးပြီး ၁၈၀ ဒီဂရီ oven မှာ ၁၂ မိနစ်လောက်ဖုတ်ပေးပါ။ပြီးရင်oven ထဲကထုတ်ပြီး အအေးခံထားပေးပါ။


မုန့်သားအတွက်
  • သကြား ၅၀ ဂရမ်
  • ထောပတ် ၅၀ ဂရမ်
  • ဂျုံ ၁၀ ဂရမ်
  • Almond meal ၈၀ ဂရမ်
  • ခေါက်ထားသော ကြက်ဥ ၁လုံး
  • Almond Flake အနည်းငယ်


မုန့်သားပြင်နည်း

·         Almond meal ကို အနံ့မွှေးအောင်လှော်ထားပြီး အအေးခံထားပါ။
·         ပထမဆုံး သကြားနဲ့ ထောပတ်ကိုပွလာအောင် ခေါက်ထားပါ။
·         ဂျုံနဲ့ almond အမှုန့်ကိုထည့်မွှေပေးပါ။
·         ခေါက်ထားတဲ့ကြက်ဥကိုလည်းထည့်မွှေပေးပါ။
·         ဖုတ်ပြီးသား မုန့်အောက်ခံ ပေါ်မှာ အသဲပုံသံကွင်းကိုအလယ်ရောက်အောင် ထားကာ မုန့်နှစ်ဖြည့်ပေးပါ။ အပြင်မှာ များများပိုဖြည့်ပြီး အလယ်ကို အနည်းငယ်သာဖြည့်ပါ။
·         အပြင်မုန့်သား Almond flake ဖြူးကာ ၁၇၀ degree oven မှာ မိနစ်၃၀ခန့်ဖုတ်ပေးရင်ရပါပြီ။
·         အသဲပုံသံကွင်းဖယ်ကာ အအေးခံပါ။


Pastry Cream လုပ်နည်း
  • ကြက်ဥအနှစ် ၂ ခု
  • ပြောင်းကော်မှုန့် - ၁၅ ဂရမ်
  • သကြား - ၅၀ ဂရမ်
  • နွားနို့ ၁၇၀ မီလီလီတာ
  • ထောပတ် စားပွဲဇွန်း ၁ ဇွန်း
  • ဆား - ပါရုံမျှ
  • ဗနီလာ အနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်နည်း
  • ပြောင်းကော်မှုန် နဲ့ သကြား ၂၀ ဂရမ်ကို ရောမွှေပေးပြီး နွားနို့ ၇၀ မီလီလီတာကို ထည့်မွှေပါ။ ကြက်ဥများကိုလည်း သမအောင်ရောခေါက်ပေးပါ
  • ကျန်နို့များနဲ့ သကြားများကို ဆူအောင်တည်ပေး ပြီး ပထမအဆင့်မှာပါတဲ့ ကြက်ဥ၊နွားနို့ အရောထဲကို ဖြည်းဖြည်းခြင်းလောင်းထည့်ပေးပါ။ လောင်းနေရင်းက အဆက်မပြတ် မွှေပေးနေရပါမယ်
  • သမသွားရင် မီးပေါ်မှာပြန်တည်ပြီး ပြစ်လာအောင်မွှေပြီး အအေးခံပါ။ ဒါဆိုရင် pastry cream ရပါပြီ



နောက်ဆုံးမုန့်ပြင်ဆင်နည်း

  • အအေးခံထားတဲ့ ဖုတ်ပြီးသားမုန့်ကိုယူကာ အလယ်မှာ pastry cream ထည့်ပါ။
  • နောက် Raspberry သီးများခင်းကာအလှဆင်ပါ။
  • ပြောင်လက်ရန်အတွက် ဂျယ်လီ (သို့) ယိုကိုသုတ်လိမ်းပေးရင်လိုက်ရင်တော့ လှပတဲ့ Raspberry Almond Tart အသင့်ဖြစ်ပါပြီ။ 
 
 

1 comment:

Aunty Tint said...

ရာသီအလိုက်မုန့်အမျိုးမျိုးနဲ့ နည်းပညာတွေ မျှဝေပေးတတ်တဲ့ Evy .... ♥♥♥