Saturday, September 26, 2009

Chocolate Fudge Brownies

Recipe source : dyannbake.com
Chocoloate brownie လုပ်တာ ၃ခါမြောက်မှာ အဆင်ပြေသွားတာကြောင့် လုပ်ပုံလုပ်နည်းကို blog ပေါ်မှာတင်လိုက်ပါတယ်..လွန်ခဲ့တဲ့ တစ်ပတ်ကလုပ်ထားတာမို့ ဓာတ်ပုံလည်း မရိုက်ဖြစ်လိုက်ပါဘူး. နောက်တစ်ခါလုပ်မှဘဲ ဓာတ်ပုံရိုက်ပြီးတင်လိုက်ပါ့မယ်

ပါဝင်သောပစ္စည်းများ

- All purpose flour (1/2 cup)
- Caster sugar (1 1/2 cup)
- 3 Eggs
- 1 Tbs (စားပွဲဇွန်းအကြီး) of vanilla essence
- Butter 1stick (250gm) ကျွန်မကတော့ butter cup တံဆိပ်ကို သုံးပါတယ်
- Cocoa powder about 4 Oz
- Chocolate chip (1/2 cup)

၁)ပထမဆုံး ထောပတ်ကို အရည်ပျော်အောင်ကျို၊ ပြီးရင် Cocoa powder ကိုထည့်မွှေပါ.

၂)ကြက်ဥ ၃လုံးကို mixer ထဲမှာ မွှေပါ..၇ မိနစ်လောက်ကြာအောင် မွှေပြီးရင် ကြက်ဥတွေ အတော်ပွလာတဲ့အနေရောက်ပါပြီ
၃)သကြား/vanilla essence ကို ကြက်ဥmix ထဲထည့်ပြီးနောက်ထပ် ၁ မိနစ်လောက်မွှေပါ


4) ပြီးရင် ဂျူံ ထည့်ပါ၊နောက်ဆုံးမှ butter+ Cocoa mix ကိုထည့်မွှေပါ.
၅) 8"x8" baking pan ကို ဆီစိမ်စက္ကူ ခင်းပါ။ ပြီးရင် brownie mix ကိုထည့်ပါ.
၆) Chocolate chip လေးတွေကို မုန်ဗန်း အပြည့် ဖြုးပေးပါ



ဒါဆိုရင်တော့ မုန့်ဖုတ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ Oven ကို 160 degree C preheate လုပ်ပြီး ၃၅ မိနစ်ခန့် ထည့်ဖုတ်ပါ.

အအေးခံပြီးရင် လေးထောင့်တုံးလေးတွေလှီးပြီးစားလို့ ပါပြီ.ဒီ brownie က butter နဲ့ Cocoa ကို အရည်ပျော်အောင် mix ပြီးမှထည့်တာမို့ ခပ်စေးစေး လေးပါ. Calories ကိုတော့ မတွက်ကြနဲ့နော်. တော်တော်တော့များမှာ. Weight တက်လာရင် အပြစ်မတင်ကြေး.

3 comments:

စူးနွယ်လေး said...

ဘရောင်နီလုပ်တာ ၂ခါရှိပြီ။ ၂ခါလုံးအဆင်မပြေသေးဘူး။
၃ ခါမြောက်မှာတော့ အဆင်ပြေဖို့ မျှော်လင့်တာပဲ

Evy said...

အားမလျော့နဲ့ ဆက်လုပ်ပါ ..အဆင်ပြေသွားရင်ပုံတင်ဦးနော်

သက်ဝေ said...

ဒီတပတ် brownie လုပ်မလို့  လာကြည့်တယ် ညီမ
အခင်း ဆီစိမ်စက္ကူ မပါရင်ရော ရမလားဟင်
ခုနကပဲ B.I.Y က ပြန်လာတာ
လိုချင်စရာတွေ အများကြီးတွေ့ ခဲ့တယ်... :-)